ကိုရိုနာဗိုင်းရပ်စ်အလွန် ကိုင်တွယ်မည့်ကော်မီရှင်တစ်ရပ်ကိုပြီးခဲ့သောဧပြီလ (၁၅) ဗုဒ္ဓဟူးနေ့က ဗာတီ ကန် ရုံးတော် ကဖွဲ့စည့်း

ကိုရိုနာဗိုင်းရပ်စ်အလွန် ကိုင်တွယ်မည့်ကော်မီရှင်တစ်ရပ်ကိုပြီးခဲ့သောဧပြီလ (၁၅) ဗုဒ္ဓဟူးနေ့က ဗာတီ ကန် ရုံးတော် ကဖွဲ့စည့်း

ကိုရိုနာဗိုင်းရပ်စ်အလွန် ကိုင်တွယ်မည့်ကော်မီရှင်တစ်ရပ်ကိုပြီးခဲ့သောဧပြီလ (၁၅) ဗုဒ္ဓဟူးနေ့က ဗာတီ ကန် ရုံးတော် ကဖွဲ့စည့်း

ဤသို့ဖွဲ့စည်းရခြင်းမှာရဟန်းမင်းကြီးဖရန်စစ်၏ညွှန်ကြားချက်ဖြင့်ဖြစ်သည်။ ဤအဖွဲ့သည်ရဟန်းမင်းကြီးရုံးတော်လက်အောက်ရှိလူသားဖွံ့ဖြိုးတိုးတက်ရေးရုံးတော်နှင့်အနီးကပ် လက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

ရည်ရွယ်ချက်မှာအမိကက်သလစ်သာသနာအနေဖြင့်ကိုဗစ် (၁၉) ကြောင့်ဆုံးရှုံးထိခိုက်နစ်နာ၊ စိုးရိမ် နေကြရသောကမ္ဘာပေါ်ရှိလူသားမိသားစုတစ်ရပ်လုံးအား မေ့လျော့ မထား။ ဂရုစိုက်ပြီး၊ မေတ္တာပြရန် ဖြစ်သည်။ အထူးသဖြင့်အနာဂါတ်၌လူသားတို့၏လူမှုစီးပွား (အရေးပေါ်အခြေအနေတည်ငြိမ်သွားသည့်အခါစီးပွားရေးကိုအဘယ်သို့ပြန်လည်ထူထောင်ကြမည်၊ လုပ်ဆောင်ကြမည်) နှင့်စိန်ခေါ်လာ နိုင်သည့်လူနေမှု စရိုက် (ယဉ်ကျေးမူနှင့်ဆိုင်သောစိန်ခေါ်မှု) စသောအခြေအနေများကိုလမ်းညွှန်ပေးနိုင် ရန်ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။

ဤကော်မရှင်ကိုကာဒီနယ် Peter Turkson၊ ဂိုဏ်းချုပ်ဆ ရာတော် Bruno-Marie Duffe နှင့်ဘုန်းတော်ကြီး Augusto Zampini တို့ကဦးဆောင်လမ်းညွှန်မည် ဖြစ်သည်။ ရဟန်းမင်းကြီးသည် ဤအဖွဲ့ကိုချက်ချင်းလုပ်ငန်းဖော်ဆောင်ရန်ညွှန်ကြားထားကြောင်း၊ ထို့ ကြောင့်ကိုဗစ် (၁၉) အလွန်ကာလ၌ကြုံလာမည့်အခြေအနေကိုရင်ဆိုင်ရန်အသင့်ပြင်ထားရန်လိုအပ်ကြောင်း၊ ပြင်ဆင်ထားခြင်းသည်ရုတ်တရက်ကိုင်တွယ်ခြင်းထက်ကောင်းမွန်ကြောင်း၊ အခက်အခဲအနေ ဖြင့်စီးပွားရေးအကြပ်အတည်းများကိုဤကာလအလွန်တွင်ချက်ချင်းမဖြေရှင်းနိုင် ပါကလူမူရေးပဋိပက္ခများဖြစ်ပေါ်လာနိုင်ကြောင်း၊ ကော်မရှင်အနေဖြင့်အဖွဲ့ငါးဖွဲ့ခွဲ၍လုပ်ငန်းဖော်ဆောင်ရန်စီစဉ်နေ ကြောင်း၊ ၄င်းတို့အနက်တစ်ဖွဲ့ကဤအရေးပေါ်ကာလအလွန်တွင်ဖြစ်နိုင်ခြေများကိုဦးစားပေးလုပ် ဆောင်ရန်၊ ဆိုလိုသည်မျာသဘာ၀ပတ်၀န်းကျင်၊ စီးပွားရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဆက်သွယ်ရေးနှင့်လုံခြုံရေးတို့ဖြစ်သည်။

အခြားအဖွဲ့မှာဒေသရှိဘာသာရေးအသင်းအဖွဲ့များကိုတတ်နိုင်သည့်ဖက်မှကူညီမည်ဖြစ်ပြီး၊ အလှူငွေများကိုလည်းပွင့်လင်းမြင်သာမှုရှိရှိရှာဖွေသုံးစွဲစုဆောင်းသွား မည်ဖြစ်ပါကြောင်းတွေ့ဆုံမေးမြန်မှုတစ်ခု၌ဖြေကြားသွားခဲ့သည်။ ဤအဖွဲ့ကိုစည်းကြပ်မည်အဖွဲ့လည်း ရှိမည်ဖြစ်ပြီး၊ ရံပုံငွေအ၀င်အထွက်၊ သုံးစွဲမှု၊ အခြားအဖွဲ့အစည်းများနှင့်ချိပ်ဆက်လုပ်ကိုင်နေမှုများကိုစီစစ်မည်ဖြစ်သည်။

 

ဘာသာပြန်

ဖာသာရ်ကလဲမင့်အားတယ်

Photo Credit: Bohumil Petrik/CNA

https://bit.ly/2Vf68rW

Add new comment

10 + 10 =