ကိုရိုနာဗိုင်းရပ်စ်ရောဂါအဆုံးသတ်ရေးခြောက်နှစ်သားလည်းဆုတောင်းပေး

ကိုရိုနာဗိုင်းရပ်စ်ရောဂါအဆုံးသတ်ရေးခြောက်နှစ်သားလည်းဆုတောင်းပေး

ကိုရိုနာဗိုင်းရပ်စ်ရောဂါအဆုံးသတ်ရေးခြောက်နှစ်သားလည်းဆုတောင်းပေး

မြင်ကွင်းကြောင့်အံ့ဩမူဖြင့်ပီတိများဖြာသွားခဲ့ရပါသည်။ ကျွန်ုပ်သည်လည်းယုံကြည်ခြင်းနှင့် မျှော်လင့်ရှိသူအဖြစ် (၁၀၀) ရာနှုန်းအာ မခံပါသည်။ သို့သော်ဘုရားသခင်အပေါ်ကလေးတစ်ဦးအနေ ဖြင့်ချစ်ကြောင်း၊ အားကိုးကြောင်းပြသနေသောမြင်ကွင်းသည် ကျွန်ုပ်အားအတိုင်း ထက်အလွန်ပျော်ရွှင် သွားစေပါသည်။

ယခုတင်ပြမည်အဖြစ်အပျက်သည် ပီရူးနိုင်ငံ၏အနောက်မြောက်ဖက်ရှိ၊ ဂွာတာလုပေမြို့၊ Junin လမ်းတွင်ဖြစ်ပျက်ခဲ့သောဖြစ်ရပ် မှန် ဖြစ်ပါသည်။ လူသွားလူလာမရှိ။ လူခြေတိတ်နေသောထိုလမ်းမပေါ် တွင်ကလေးတစ်ဦးမှာဒူးထောက်နေသည့်ပုံသည် ထိုပုံကိုလူမူကွန်ယှက်မှမြင် ရသူများအားလုံး၏စိတ်ကို ဖမ်းစားသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ဆဲလ်ဖီးစွဲရန်ဟန်ပါပါဖြင့်ဒူးထောက်ဆုတောင်းဟန်ဖမ်း ခြင်းမဟုတ်။ ကလေးတစ်ဦး၏နက်ရှိုင်းသောယုံကြည်အားကိုးခြင်းမျိုးဖြင့် ကမာကြီးအားခြိမ်းခြောက် နေသောရောဂါကပ်ဆိုးကြီးအမြန်အဆုံးသတ်သွား စေ ရန်နှိမ့်ချစွာဆုတောင်းနေခြင်းဖြစ်သည်။ ဤရော ဂါကပ်ဆိုးကြီး၏တိုက်ခိုက်မူအလွန်ပြင်းထန်ခဲ့သောကြောင့် လာတင်းအမေရိကားတစ်တိုက် လုံးကိုဂွာတာလုပေမယ်တော်ထံအပ်နှံခဲ့ကြသည်။ ဂွာတာလုပေမယ်တော်သည်လာတင်းအမေရိကားတိုက်သူ၊ တိုက်သားများအလွန်ကြည်ညို ကိုးစားသောမယ်တော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်လာတင်းအ မေရိကား၌ထင်ရှားပြခဲ့သောမယ်တော်ဖြစ်သည်။

ဤပုံကို Claudia Alejandra Mora Abanto မှရိုက်ကူးခဲ့ခြင်းဖြစ်သည်။ လူသွားလူလာမရှိ၊ လူ ခြေတိတ်ဆိတ်နေရခြင်းမှာညမထွက်ရ အမိန့်ထုတ်ထားသောကြောင့်ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့အဆို ပါကောင်လေးနေထိုင်သောရပ်ကွက်သို့ရောက်ရှိသွားပြီး၊ ဒေသခံများနှင့်အတူ ရောဂါကပ်ဆိုးကြီးအ မြန်ဆုံးကင်းေ၀◌းစေရန်စုေ၀◌းဆုတောင်းခဲ့ကြသည်။ ဤသို့ဖြင့်ဘုရားသခင်၏တန်ခိုးပါသော လက်ရုံးတော်ဖြင့် ရောဂါကိုအမြန်ဆုံးဟန့်တားအမြစ်စေ ရန်နှင့်ကျွန်ုပ်တို့အချင်းချင်းယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၌အားပေးနှစ်သိမ့်ရန်ဖြစ်သည်။ ဆုတောင်းခြင်း အစီအစဉ်မစတင်မှီဆုတောင်းခြင်းအစီအစဉ်သို့လာရောက်ပါ၀င်ကြသောသူများ၏ဖယောင်းတိုင် ကိုယ်စီကိုင်ထားသည့်ဓာတ်ပုံကိုရိုက်ယူခဲ့ သည်။ ထိုအထဲတွင်အထက်ကဆိုခဲ့သောပုံထဲမှကလေးကို လည်းဆုံဆည်းခဲ့သည်။ ကျွန်တော်အလွန်ကျေနပ်သွားရပါသည်။ သူ၏စိတ်ပါကိုယ် ရောက်အာရုံများစု စည်း၍ဆုတောင်းနေသည့်ပုံကိုလည်းအမိအရရိုက်ကူးထားခဲ့သည်။

အဆိုပါကောင်လေးနှင့်စပ်လျင်း၍ ဒေသသတင်းစာတစ်စောင်ဖြစ်သော (RPP) ဖော်ပြချက်အရသူ၏အမည်ကား Alen Castaneda Zelada ဖြစ်ကြောင်း၊ သူသည်ခြောက်နှစ်သာရှိသေးကြောင်း၊ သူ သည်လူခြေတိတ်နေချိန်၌အပြင်ထွက်၍ဆုတောင်းခြင်းကိုပြုရခြင်းမှာသူ၏ အိမ်၌အလွန်ဆူညံသော ကြောင့်သူ၏ဆုတောင်းသံကိုဘုရားမကြားမည်စိုး၍ဖြစ်ကြောင်း၊ သူ့အနေဖြင့်အဖိုးအဖွားများကိုအလွန်ချစ်ပြီး၊ ဤရော ဂါစတင်သည့်အချိန်မှစ၍သူတို့ကိုတွေ့ခွင့်မရတော့ကြောင်း၊ ထို့ကြောင့်ဤရောဂါဆိုး ကြီးခံစားနေရသူများအားစောင့်ရှောကက်ပေးရန်ဘုရား သခင်ကိုဆုတောင်းပေးကြောင်း၊ လူများအပြင် သို့မထွက်ကြရန်၊ အထူးသဖြင့်သက်ကြီးရွယ်အိုများစွာဤရောဂါဖြင့်ဆုံးပါးနေကြကြောင်း၊ ကောင်လေး၏ဖခင်ဖြစ်သူကလည်းညပိုင်း၌အိမ်တွင်ဆူညံသောကြောင့်သားဖြစ်သူသည်တစ်ချက်ချက်အပြင်ထွက်၍ဆုတောင်းလေ့ရှိကြောင်း၊ သူ၏မိသားစုသည်ကက်သလစ်ဘာသာ၀င်ဖြစ်ကြောင်း၊ သူ၏ခြောက်နှစ်အရွယ်သားသည်ဤသို့ဖြေဆိုတတ်သည်ကိုအလွန်အံ့အားသင့်ရ ကြောင်းဖခင်ဖြစ်သူကပြောပြခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: Claudia Alejandra Mora Abanto/Aleteia

https://bit.ly/2W5dNbI

Add new comment

2 + 1 =