ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရဟန်းဘုန်းတော်ကြီး ၇ ပါး ပျံလွန်တော်မူ အပါး ၂၀ ဆေးရုံတင်ထားရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရဟန်းဘုန်းတော်ကြီး ၇ ပါး ပျံလွန်တော်မူ အပါး ၂၀ ဆေးရုံတင်ထားရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရဟန်းဘုန်းတော်ကြီး ၇ ပါး ပျံလွန်တော်မူ အပါး ၂၀ ဆေးရုံတင်ထားရ

ကမ္ဘာ့ကပ်ဆိုးကြီးတခုဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ခေါ် ကိုဗစ် ၁၉ ဟာ ပျံ့ပွားလျှက်ရှိနေပြီး၊ တခြားနိုင်ငံတွေထက် စိုးရိမ်ဖွယ်ဖြစ်နေတဲ့အီတလီမှာ တနင်္ဂနွေနေ့က ရဟန်းဘုန်းတော်ကြီးတပါး ပျံလွန်တော်မူကြောင်း အတည်ပြု အပြီးမှာ တခြားသော အခြေအနေမှတ်တမ်းများလဲ မီဒီယာတွေက ထုတ်ဖော်ပြောဆိုလာခဲ့တယ်လို့ဆိုပါတယ်။
Monsignor Vincenzo Rini ဟာ အီတလီနိုင်ငံ မီလန်မြို့အနီး ခရယ်မိုနာက ဖြစ်ပြီး ဗိုင်းရပ်စ် အဓိက ကျရောက်သည့်နေရာဖြစ်တာမို့ အထက်ပါ ရဟန်းဟာစနေနေ့က ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ မွန်ဆီညော် ရီးနီဟာ အီတာလျံ ဆရာတော်ကြီးများသတင်းအေဂျင်စီ ရဲ့ ဉက္ကဌဖြစ်ခဲ့ဖူးသလို၊ ခရယ်မိုနာ သာသနာနယ်ရဲ့ သတင်းစာမှာ နှစ် ၃၀ အမှုထမ်းခဲ့သူဖြစ်ကြောင်း
ခရယ်မိုနာ ရဲ့ ဆရာတော်ကြီး Bishop Antonio Napolioni ဟာ ကိုရိုနာကူးစက်ခံရာမှ နေပြန်ကောင်းလာပြီး မွန်ဆီညော် ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းခြင်းနှင့် နှစ်သိမ့်စကားဆိုခဲ့ပါတယ်။
Bergamo မ​ြို့လေးမှာတော့ နောက်ထပ် ရဟန်းဘုန်းတော်ကြီး ၆ ပါး ပျံလွန်တော်မူကာ ရဟန်းတော်အပါး ၂၀ ဆေးရုံတင်ထားရတဲ့အ​ကြောင်း ကို ဆရာတော်ကြီး
Bishop Francesco Bechi က အီတလီ စာနယ်ဇင်း သမားတဉီးအားပြောကြားခဲ့ပါတယ်။ Bergamo ဟာ အီတလီနယ်ထဲက ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနယ်လေးဖြစ်နေပါတယ်။ အခုအခါ အီတလီ တနိုင်ငံလုံးမှာ လူပေါင်း ၂၁၀၀၀ ကူးစက်ခံရပြီးဖြစ်ကာ ၁၅၀၀ သေဆုံးပြီးဖြစ်ပါတယ်။
အီတလီအပြင်ဘက်မှာတော့ ဝါရှင်တန်သာသနာမှာ ရဟန်းတပါး၊ ပြင်သစ်မှ ရဟန်းတော် တပါး နှင့် ပီရူးမှ ရဟန်းတပါး တို့ဟာ ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှုခံယူနေကြောင်း CNA သတင်းအရသိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo courtesy: Diocese of Cremona

http://bit.ly/2IUxuwO

Add new comment

4 + 0 =