ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေသောကာလ၌အာပတ်ဖြေခြင်းကိုအဘယ်သို့ပြုကြမည်နည်း။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေသောကာလ၌အာပတ်ဖြေခြင်းကိုအဘယ်သို့ပြုကြမည်နည်း။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေသောကာလ၌အာပတ်ဖြေခြင်းကိုအဘယ်သို့ပြုကြမည်နည်း။

အမိကက်သလစ်သာသနာတော်ကြီး၏၀တ်ပြုခြင်းဆိုင်ရာဥပဒေ၌အာပတ်ဖြေခြင်းကိုအာပတ်ဖြေနားထောင် ပေးသောဘုန်းတော်ကြီးနှင့်နောင်တဖြင့်အပြစ်ဖြေလျှောက်သူတို့ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံ၍သာဖြေဆိုရန်ခွင့်ပြုထားသည်။ လူမတွေ့ဘဲဖုန်း၊ လူမူကွန်ရက်တစ်ခုခုမှအပြစ်ဖြေလျှောက်ခြင်းကိုလုံး၀ခွင့်မပြုပေ။ သို့သော်ယခုကဲ့သို့ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဆိုးရွားပြင်းထန်စွာကူးစက်ပျံ့နှံ့ချိန်၌မူ လူကိုယ်တိုင်မလာဘဲဖုန်း၊ စကိုင်ဖ်၊ မက်ဆင်ဂျာ၊ ဝီချက် စသောလူမူကွန်ရက်များမှ
တဆင့်အာပတ်ဖြေခွင့်ပြုနိုင်ပါသလောဟုမေးစရာဖြစ်လာပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ၊ သံသယဖြင့်စောင့်ကြည်လူနာများအဖြစ် သီးသန့်နေထိုင်နေရသူများတစ်နေ့ တစ်ခြားတိုးပွားလာနေပါသည်။ ထိုလူနာများတွင်လည်းကက်သလစ်ဘာသာတူများပါဝင်နေကြသည်။ ဤကူးစက်ရောဂါသည်လူနာ၏အသက်ကိုအချိန်အရွေးချွေယူသွားနိုင်သည်။ ထို့ကြောင့်ဘုရားသခင်၏သနားခွင့်လွှတ်ခြင်းကောင်းကြီးကို ကိုခံစားရရှိရန်အတွက် မိမိ၏အပြစ်များအားလုံးကိုနောင်တယူကာ ၀ိညာဉ်ကိုအကောင်းဆုံးပြင်ဆင်သည့်အနေဖြင့် ကက်သလစ်ဘာသာတူများသည်မိမိတို့ဘုန်းတော်ကြီးများထံတွင်အပြစ်လျှောက်လိုကြသောမျှော်လင့်မထားသည့်ဘာသာရေးစိန်ခေါ်မူကြီးကိုကြုံနေရသည်။

အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူရန်အတွက်လက်တွေ့ကျသောအခြေအနေပေါင်းများစွာလိုအပ်သည်။ ထို အခြေအနေများမှာနောင်တဖြင့်အပြစ်ဖြေလျှောက်လိုသူသည်ခရစ္စတူး၏ကိုယ်စားအာပတ်ဖြေနားထောင်ပေးမည့် ဘုန်းကြီးအား အပြစ်အတွက်စုံလင်သောနောင်တရကြောင်း၊ နောက်နောင်အပြစ်နှင့်အပြစ်သို့ပို့သောလမ်းများကိုလည်း ပစ်ပယ်ပါမည်ဟုထုတ်ဖော်ပြသရမည်။ သို့မှသာဘုန်းတော်ကြီးမှအပြစ်ခွင့်လွှတ်ခြင်းနှင့်ကောင်းကြီးကိုပေးနိုင်သည်ဟု အမိကက်သလစ်သာသနာတော်ကြီးကယနေ့ထိတိုင်သွန်သင်လာခဲ့သည်။

သို့သော်ယနေ့အခြေအနေ၌ကိုရိုနာကူးစက်ရောဂါသည်ဆက်လက်ကူးစက်ပျံ့နှံ့နေပြီး၊ လူမူရေး၊ ဘာသာရေး ဆိုင်ရာတားမြစ်ချက်များဖြစ်သောလက်ဆွဲနှုတ်ဆက်မူ၊ လူစုလူဝေးများပြုခြင်း၊ ပွဲလမ်းသဘင်၊ လူစုလူဝေးဖြင့်ဆု တောင်းဝတ်ပြုခြင်းတို့ကိုလည်းကြပ်တည်းစွာတားမြစ်လာသည်။ ထိုအခြေအနေမျိုး၌အချို့ကက်သလစ်များက၄င်းတို့ အနေဖြင့်၄င်းတို့၏အပြစ်ကိုအဘယ်ကြောင့်ဖုန်း၊ မက်ဆင်ဂျာ၊ စကိုက်ဖ်၊ ဝီချက်စသောလူမူကွန်ရက်များဖြင့်ဖြေဆိုခွင့်မပြုသနည်းဟုစဉ်းစားလာကြသည်။

ထိုမေးမြန်းချက်အပေါ်အမေရိကားရှိကက်သလစ်တက္ကသိုလ်တွင်ကာနွန်ဥပဒေဘာသာရပ်ကိုသင်ကြားသောစာချဘုန်းကြီးဖြစ်သောဘုန်းတော်ကြီး James Bradley ကအောက်ပါအတိုင်းဖြေကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါသည်သာသနာပြုလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ချဉ်းကပ်မှုပုံစံအသစ်များစွာဖြင့်လုပ်ဆောင်ရန်ဆရာတော်ကြီးများ၊ ရဟန်းတော်များအားအခြေအနေဖန်တီးလာပါသည်။ အထူးသဖြင့်ဘာသာတူများမှမိမိတို့၏သိုးထိန်းများအားလိုအပ်မှုဖြစ်သည်။ အထူးသဖြင့်ယခုကဲ့သို့ထူးခြားသောဖြစ်စဉ်များဖြစ်ပျက်နေသည့်ကာလ၌ဘုန်းတော်ကြီးများသည်မိမိတို့ဘာသာတူ များ၏ လိုအပ် ချက်၊ အထူးသဖြင့်စက္ကရာမင်းတူးနှင့်ဆိုင်သော ၀ိညာဉ်ရေးလိုအပ်ချက် များကိုနည်းလမ်းအသစ်ဖြင့်ဖြည့်ဆည်းပေးရန်လိုအပ်လာသည်။

အမိသာသနာ၏ ကာနွန်ဥပဒေကားရှင်းလင်းလှပါသည်။ ကက်သလစ်ဘာသာတူများသည်စက္ကရာမင်းတူများကိုခံယူရန်အခွင့်အရေးအပြည့်ရှိသည်။ ထို့အတူဘာသာရေခေါင်းဆောင်များလည်းဘာသာတူများ၏ တောင်းဆိုချက်များကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးရမည်။ လူမူကွန်ရက်ကိုအ သုံးပြုခြင်းသည်အကောင်းဆုံးသောအရင်းအမြစ်ဖြစ်သည်။ သာသနာပြုခြင်း၌အသစ်ပြုပြင်ပြောင်းလဲခြင်းသည်ကောင်း သော်လည်းစက္ကရာမင်းတူးအနှစ်သာရနှင့်သဘောသဘာ၀ကိုနားလည်ရမည်။ လေးစားရမည်ဖြစ်သည်။

ခေတ်သစ်နည်းစနစ်ကိုအသုံးပြုခြင်း၊ အထူးသဖြင့်ဘုရားစကားသင်ကြားခြင်းနှင့်ပုံသွင်းခြင်းအားဖြင့်သည်လူတို့၏ယုံကြည်ခြင်းကိုလေးနက်ခိုင်မြဲလာစေနိုင်သည်။ အင်တာနက်သည်အကောင်းဆုံးဖြစ်နိုင်ခြေတစ်ခုဖြစ်သည်။ ယခု လက်ရှိအခြေအနေသည်သာသနာများ၊ သာသနာအုပ်စုများသည်မိမိတို့၏ဘာသာတူသိုးစုများကိုအားပေးရန်၊ နှစ်သိမ့်ရန် အတွက်ဤခေတ်သစ်နည်းပညာကိုအသုံးပြု၍သာသနာပြုခြင်းကိုပြုလုပ်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။

တစ်ဆက်တည်း၌ပင်စက္ကရာမင်းတူ၏အနှစ်သာရသည်ဥပဒေများအပေါ်၌ တည်မှီးနေခြင်းမဟုတ်။ သာသနာ၏ဥပဒေသည်စက္ကရာမင်းတူကျင်းပခြင်းကိုထိန်းပေးရုံသာဖြစ်သည်။ ဤသို့ထိန်းချုပ်ပေးရာတွင်စက္ကရာမင်းတူးများ၏သဘောသဘာ၀ကိုအလေးထားရမည်ဖြစ်သည်။ ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာလူထုဆက်သွယ်ရေးရုံးတော်၏ သွန်သင်ချက်၌ကိုယ်တော်မြတ်စက္ကရာမင်းတူး၌အမှန်စင်စစ်ကိန်းဝပ်တော်မူသောခရစ္စတူးကိုအပေါ်ယံလုပ်ဆောင်မူများဖြင့်အ စားထိုး၍မရ။ ဖန်ဆင်းထားသောကိုယ်တော်မြတ်သည်ယေဇူးသခင်၏သွေးတော်နှင့်အသားတော်ဖြစ်သည်။

အင်တာ နက်တွင်စက္ကရာမင်းတူးများမရှိ။ အင်တာနက်ပေါ်မှစက္ကရာမင်းတူများကျင်းပနေသည်ကိုကြည်ညို၍၀ိညာဉ်အင်အား များရရှိကောင်းရမည်ဖြစ်သော်လည်းပြည့်၀သောအင်အားမဟုတ်။ ၀ိညာဉ်အင်အားကိုပြည့်၀စွာခံယူလိုလျှင်အမှန်တ ကယ်ခံယူရမည်ဖြစ်သည်။ ထို့ကြောင့်အွန်လိုင်းမှသာသနာပြုခြင်းအမှုကိုပြုသည်ဆိုသော်လည်း ပြုနိုင်သည့်အပိုင်းရှိသကဲ့သို့၊ ခွင့်ပြု၍မရသောအပိုင်းများလည်းရှိသည်။ သို့သော်စကရာမင်းတူးနှင့်ဆက်စပ်သောအချို့ဥပဒေများသည်အတင်း အလျော့ပြုလုပ်နိုင်ပါသည်။ ဥပမာအားဖြင့်အာပတ်ဖြေခြင်းစက္ကရာမင်းတူးကိုနားထောင်ရာတွင်ဘုရားကျောင်းကြီး၊ ဘုရား ကျောင်းငယ်၊ ဓမ္မာရုံများတွင်ပြုလုပ်နိုင်ပါသည်။ သို့သော်အပြစ်ခွင့်လွှတ်ခြင်းနှင့်ကောင်းကြီးပေးခြင်းကိုမူတရား၀င်ပြီး၊ အောင်မြင်စွာရဟန်းသိက္ခာခံယူထားသောရဟန်းရှိကိုရှိရမည်ဟုဖြေကြားသွားပါသည်။

ဘာသာပြန် ဖာသာရ်ကလဲ့မင်အားတယ်

Photo Credit: Vatican News

http://bit.ly/3b6AfH7

Add new comment

2 + 16 =