Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုရိုနာဗိုင်းစပ် ကပ်ဘေးအကြားတက္ကသိုလ် ကျောင်းသားများ အချိန်ကိုမည်သို့အသုံးချရမည့်အကြောင်း ကက်သလစ်
ကိုရိုနာဗိုင်းစပ် ကပ်ဘေးအကြား ကက်သလစ် တက္ကသိုလ် ကျောင်းသားများ အချိန်ကိုမည်သို့အသုံးချရမည့်အကြောင်း
ကျောင်းတွေပိတ်၍အားလပ်နေသော အချိန်များတွင် ကက်သလစ်ကျောင်းသူကျောင်းသားများအနေဖြင့် ဝိညာဉ်ရေးကို ပိုမိုလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပါသည်
The University of Danver နဲ့ Harvard University တို့၏ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးတပါးဖြစ်သော Fr John Ignatius မှ ကိုဗစ် အချိန် အခုလို သီးခြားခွဲနေကြရတဲ့ Quarantine အချိန် မှာ အဖွဲ့အစည်းစိတ်ဓာတ် နဲ့ ၀ိညာဉ်ရေး အသက်တာတို့ဟာ အရေးကြီးလှကြောင်း ကျောင်းသူကျောင်းသားများကို သတိပေးခဲ့ပါတယ်။
ကျောင်းသူကျောင်းသားများအနေဖြင့် ဆုတောင်းခြင်း အဖွဲ့အစည်း၌ ဆက်ကပ်ခြင်းတို့ လုပ်ဆောင်ကြရန်ကိုလည်း သခင်ခရစ်တော်၏အစေခံများ အသင်းအဖွဲ့ကို ဉီးဆောင်နေသည့် ဘုန်းတော်ကြီး Fr John Ignatius ကပြောကြားခဲ့ကြောင်း
အခုချိန်ဟာ လူမှုကွန်ယက်အားဖြင့် အလွယ်တကူဆက်သွယ်နိုင်ကြကာ ဂရုဏာလုပ်ငန်းများကိုလဲ ပေါင်းစည်းလုပ်ကိုင်နိုင်ကြကြောင်း ဘိုးဘွားသက်ကြီးများနှင့်စကားစမြည်အချိန်ပေးပြောခြင်း နေ့စဉ်ရွတ်ဆိုအပ်သော မေတ္တာများရွတ်ဆိုခြင်း ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တဉီးနဲ့တဉီး ဘာသာရေးစာပေ အချက်အလက်များကိုလည်း ဝေငှ နိုင်ကြောင်းကိုလဲ ဘုန်းတော်ကြီးမှ အကြံပြုပေးခဲ့ပါတယ်။
မိဘများ သက်ကြီးရွယ်အိုများနဲ့ စကားများများပြောပေးခြင်းက သူတို့အတွက်အထူးခွန်အားတရပ် ဖြစ်မည်ဖြစ်ကြောင်း အွန်လိုင်းမှ ဘာသာရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ ကျမ်းစာသင်တန်းများတက်ရောက်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်း ဉပမာအနေဖြင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျောင်းသား ၂၀၀ ကျော် အွန်လိုင်းမှ ကျမ်းစာသင်တန်း ကို ပါ၀င်တက်ရောက်ခဲ့ကြောင်း
ခုချိန်မှာ Zoom ဆိုတဲ့ အွန်လိုင်း ဗီဒီယို စည်းဝေးခြင်းအားဖြင့်၄င်း၊ ဖုန်းနဲ့ တခြား နည်းလမ်းတွေအားဖြင့်ဖြစ်စေ ဘာသာရေး လူမှုရေး လုပ်ငန်းတွေမှာ ပါ၀င်နိုင်ကြပါတယ် လို့ Fr John Ignatius က ပြောကြားခဲ့ကြောင်းကို CNA သတင်းအရ သိရှိရပါတယ်။
By William ZN0,RVA
Photo courtesy: CNA
Add new comment