ကိုရိုနာကြောင့် ရောမမြို့ရှိအမေရိကန် ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းသားများနေရပ်သို့ ပြန်ရမည်

ကိုရိုနာကြောင့် ရောမမြို့ရှိအမေရိကန် ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းသားများနေရပ်သို့ ပြန်ရမည်

ကိုရိုနာကြောင့် ရောမမြို့ရှိအမေရိကန် ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းသားများနေရပ်သို့ ပြန်ရမည်

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ရောမမြို့ အခြေစိုက် ပုပ်ရဟန်းမင်းကြီး အတည်ပြု မြောက်အမေရိကား ကောလိပ် ရဟန်းဖြစ်သင်ကျောင်းတော်ကြီးဟာ ၄င်းရဲ့ ကျောင်းသားရဟန်းလောင်းများကို အမေရိကားရှိ မိမိတို့သာသနာများနှင့်မိသားစု များဆီ ပြန်ဘို့စေလွှတ် လိုက်ပါတယ်။
အထက်ပါကောလိပ်ရဲ့ ကျောင်းအုပ်ဘုန်းတော်ကြီး ဖြစ်တဲ့ Fr. Peter Harman က CNA ကို မတ်လ ၂၃ ရက်နေ့က သတင်းပေးပို့ပြောကြားရာမှာတော့ အခုလိုအစီအစဉ်ကို ရဟန်းဖြစ်သင်ကျောင်းတော်ရဲ့ ဘုတ်အဖွဲ့နဲ့တိုင်ပင်ပြီး စီစဉ်လိုက်တာဖြစ်ကြောင်းဆို့ပါတယ်။
ရဟန်းလောင်းများဟာ မိမိတို့ နိုင်ငံမှ နေပြီး အွန်လိုင်းနဲ့ ပညာဆက်လက်သင်ယူနေကြမည်ဖြစ်ပြီး ရောမ ကျောင်းတော်ကို ပြန်လာတဲ့အချိန်ကျရင်လည်း quarantine ၁၄ ရက် စောင့်ကြည့်စစ်ဆေးမှု ခံယူရမှာဖြစ်ကြောင်း
သူတို့တွေရဲ့ လုံခြုံမှုအတွက် ကျွန်ုပ်တို့ အခုလို စီစဉ်ဆုံးဖြတ်လိုက်တာပါ။ အဖွဲ့အကြီးကြီးလိုက် အတူနေခြင်းထက် မိသားစု နဲ့ သာသနာ စီရင်စု များမှာ လူစုခွဲနေခြင်းက ရောဂါကူးစက်ပျံ့ပွားနုန်းကို ပိုပြီးသက်သာစေမယ် ထင်လို့ပါ အခုတော့ အားလုံးကျန်းကျန်းမာမာရှိကြပါတယ်လို့ ကျောင်းအုပ်ဘုန်းတော်ကြီးက ဆိုပါတယ်။
အထက်ပါကျောင်းတော်ဟာဆိုရင် အမေရိကားမှ ရဟန်းလောင်းများအတွက် သင်တန်းကျောင်းဖြစ်ပြီး ရောမမြို့တော်မှာတည်ရှိတာဖြစ်​တယ်လို့ CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo and News Credit: CNA

https://bit.ly/3aiaOlW

Add new comment

3 + 5 =