ကိုရိုနာကပ်ရောဂါ ကာလအတွင်း အမေရိကန်ခရစ်ယာန် အများစု ဆုတောင်လာခြင်း

ကိုရိုနာကပ်ရောဂါ ကာလအတွင်း အမေရိကန်ခရစ်ယာန် အများစု ဆုတောင်လာခြင်း

ကိုရိုနာကပ်ရောဂါ ကာလအတွင်း အမေရိကန်ခရစ်ယာန် အများစု ဆုတောင်းလာခြင်း

တချို့သောသူများဟာ တသက်တာ မှာ ဆုတောင်းခြင်းအမှုတခါမှ မပြုဘူးသူတွေလည်းပါ၀င်ပါတယ်။ တနင်္လာနေ့က ထုတ်ဝေ ခဲ့သော The Pew Result center မှ သတင်းတပုဒ်အရ ဒီ ကိုဗစ် ၁၉ ကာလအတွင်း အမေရိကန် ၅၅ % ဆုတောင်းခြင်းအမှုကိုပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီထဲမှာ ၆၈% ဟာ ကက်သလစ် အမေရိကန်များဖြစ်ကြကြောင်း

မတ်လ ၁၉ မှ ၂၄ ရက်အထိ သုတေသန မေးခွန်းများ ၁၁၅၃၇ ခုကို အမေရိကန် နိုင်ငံတဝှမ်းဖြန့်ဝေပြီး မေးမြန်းခဲ့ရာ မိမိတို့ရဲ့ဆုတောင်းခြင်းအားဖြင့် ကပ်ရောဂါ ကာလမှာ ပါ၀င်ခဲ့ကြတယ်လို့ဖြေကြားခဲ့ကြပါတယ်

တနင်္လာနေ့ ညနေ ၄ နာရီ အချိန်အထိ ကမ္ဘာတဝှမ်းဖြစ်ပွားမှု ၈၂၃၀၀၀ ရှိပြီး အမေရိကန်နိုင်ငံမှာ ၁၇၅၀၀၀ ကျော်ခဲ့ကာ သေဆုံးသူအရေအတွက်ကတော့ ၂၈၆၀ ရှိခဲ့တာပါ။ ဆုတောင်းသူများတွင် ၅၅% ဟာ တလတွင် ဘုရားကျောင်း၁ကြိမ် ၂ကြိမ်သာ တက်ရောက်သူများဖြစ်ပြီး ၄၆%ကတော့ အွန်လိုင်း သို့မဟုတ် တီဗွီမှ နာယူခဲ့ကြသူများဖြစ်ကြကြောင်း

အမေရိကန်မှာ မတ်လ ၁၁ ရက်ကစပြီး သာသနာတော်များအတွင်း ဘုရားကျောင်းများ၌ လူထုပရိတ်သတ်နှင့် ၀တ်ပြုခြင်းများကို ပိတ်ပင်ခဲ့ပြီးဖြစ်ပါတယ်

အမေရိကန်ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် ဉက္ကဌ ဖြစ်သော ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေးဗစ် က မတ်လ ၁၃ ရက်နေ့ မိန့်ကြားခဲ့ရာမှာ ဘာသာ၀င်များ အနေဖြင့် ဗိုင်းရပ်စ်မှ ကွယ်ကာပါရန်နှင့် ထိခိုက်ကူးစက်ခံရသူများအားလည်းနှစ်သိမ့်မှူရရန်ဆုတောင်းကြဘို့ တိုက်တွန်းခဲ့ကြောင်းကို CNA သတင်းအရ သိရှိရပါတယ်။

 

By William ZNO, RVA-MM

Photo credit: VGstockstudio/Shutterstock

https://bit.ly/2R102Ji

 

Add new comment

7 + 4 =