ကိုရိုနာကပ်ဘေး အတွင်း တဉီးတည်း အထီးကျန်ဆန်စွာသေကြရမည်ကို စိုးရိမ်သော သက်ကြီးရွယ်အိုများ အတွက် ပုပ်ဖရန်စစ် ဆုတောင်း

ကိုရိုနာကပ်ဘေး အတွင်း တဉီးတည်း အထီးကျန်ဆန်စွာသေကြရမည်ကို စိုးရိမ်သော သက်ကြီးရွယ်အိုများ အတွက် ပုပ်ဖရန်စစ် ဆုတောင်း

ကိုရိုနာကပ်ဘေး အတွင်း တဉီးတည်း အထီးကျန်ဆန်စွာသေကြရမည်ကို စိုးရိမ်သော သက်ကြီးရွယ်အိုများ အတွက် ပုပ်ဖရန်စစ် ဆုတောင်း

ကိုရိုနာ ကပ်ဘေးအတွင်း တဉီးတည်းအထီးကျန်စွာ သေဆုံးကြရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြတဲ့ သက်ကြီးရွယ်အိုများ အတွက် ဗုဒ္ဓဟူးနေ နံနက် မစ္ဆားတရားမှာ အရှင်သူမြတ်ပုပ်ဖရန်စစ်က အထူးဆုတောင်းပေးခဲ့ပါတယ်။
သက်ကြီးရွယ်အိုများအတွက် ကျွန်ုပ်တို့ဆုတောင်းပေးကြရအောင် အထူးသဖြင့် ဘိုးဘွားရိပ်သာများမှာ စိုးရိမ်ကြောက်ရွံ့နေကြတဲ့ ဘိုးဘိုး ဖွားဖွားတွေအတွက် ဆုတောင်းပေးကြရအောင်ပါလို့ ဧပြီ ၁၅ ရက် နံနက် မစ္ဆားမှာအရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။

သက်ကြီးရွယ်အိုများဟာ ကျွန်ုပ်တို့တွေရဲ့ဇစ်မြစ်၊ ကျွန်ုပ်တို့တွေရဲ့ ဇာတ်ကြောင်းပုံပြင်၊ ကျွန်ုပ်တို့တွေရဲ့ သမိုင်းဖြစ်ကြောင်း၊ ကမ္ဘာကြီးမှာ ကပ်ဘေးရင်ဆိုင်နေကြရတဲ့ချိန် ပူပန်နေကြတဲ့ သက်ကြီးများအား ဘုရားရှင်သည် အနီးနားမှာ ပိုပြီး စောင့်ရှောက်ပေးတော်မူပါရန်ဆုတောင်းကြပါစို့ဟု အရှင်သူမြတ်က တောင်းခံခဲ့ပါတယ်။

ကိုဗစ် ၁၉ ဟာ ကမ္ဘာ့ လူပေါင်းများစွာကို ကူးစက်ပြီးဖြစ်ကြောင်း သက်ကြီးများထံ စက္ကရမင်တူးများ ဆောင်ယူသွားနိုင်ဘို့အတွက် ချီကာဂို သာသနာမှ အသက် ၆၀ အောက် ရဟန်းတော် ၂၄ ပါးတို့ဟာ Volunteer အနေနဲ့ ဆက်ကပ်ထားကြတယ်လို့ဆိုပါတယ်။

မစ္ဆားတရားအပြီးမှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က Regina Coeli မေတ္တာဖြင့် မယ်တော်မှ တဆင့် သဒ္ဒါကြည်ညိုခြင်းပြုကာ ဆုတောင်းပေးခဲ့ကြောင်း ကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2XK8noK

Add new comment

3 + 0 =