ကိုယ်၀န်ဖျက်ချသောဆေးခန်းအ၀င်၀ကိုတားဆီးမှုကြောင့် နူးယော့ခ်မှဖရန်စစ္စကင်ဘုန်းတော်ကြီးတစ်ပါး ထောင် (၆) ချမှတ်ခံရ

ကိုယ်၀န်ဖျက်ချသောဆေးခန်းအ၀င်၀ကိုတားဆီးမှုကြောင့် နူးယော့ခ်မှဖရန်စစ္စကင်ဘုန်းတော်ကြီးတစ်ပါး ထောင် (၆) ချမှတ်ခံရ

ကက်သလစ်ရဟန်းတစ်ပါးလည်းဖြစ်သကဲ့သို့ ကိုယ်၀န်ဖျက်ချခြင်းကိုတက်ကြွစွာဆန့်ကျင်သူလည်းဖြစ်သော ဖာသာရ် Fidelis Moscinski, CFR သည် ထောင် (၆) လပြစ်ဒဏ်ချမှတ်ခံထားရသည်။ ဤပြစ်ဒဏ်ချမှတ်ခံရခြင်းမှာ ကိုယ်၀န်ဖျက်ချပေးသောဆေးခန်း၏အ၀ကို ကျောက်တုံးများ၊ ခုံများဖြင့်ပိတ်ဆို့ဟန့်တားခဲ့သောအမှုကြောင့်ဖြစ်သည်။

သူ၏အမှုကိုကိုင်တွယ်ခဲ့သောတရား သူကြီးမှာ Steven Tiscione ဖြစ်သည်။ သူ့အားချမှတ်သော (၆) လသည် ဤပြစ်မှုမျိုးအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်။ ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ ကြိုတင်ပြင်ဆင်၍ကိုယ်၀န်ဖျက်ချခြင်းသည် လူသတ်မှုကိုစီးပွားရေးတစ်ခုနှယ်လုပ်ဆောင်နေသောကြောင့်ဖြစ်သည်ဟုတရားခံကသူ၏အမှုကိုကြားနာသောတရားသူကြီးအားပြန်လည်လျှောက်လွဲခဲ့သည်။

ဆိုလိုသည်မှာ ဆေးခန်းများသည် ကိုယ်၀န်ဖျက်ချပေးခြင်းကြောင့် ကျန်းမာရေးစောင့် ရှောက်ရေးအတွက်အသုံးစရိတ်များရသည်။ ကြိုတင်စီစဉ်ပြီးကိုယ်၀န်ဖျက်ချခြင်းသည် အပြစ်မဲ့သောလူ့အသက်ကိုရည်ရွယ်ချက်ရှိရှိသတ်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ကိုယ်၀န်အားသွေးသံရဲရဲဖြင့်ရက်ရက်စက်စက်သတ်ဖြတ်သည့်မြင်ကွင်းကိုမြင်တွေ့ရသော မိခင်အတွက်လည်းစိတ်ပိုင်း၊ အာရုံပိုင်းထိခိုက်သွားစေနိုင်သည်ဟုဆိုသည်။

တရားလို၏အဓိကရည်ရွယ်ချက်မှာ အပြစ်မဲ့၊ အကာအကွယ်မဲ့သောလူ့အသက်ကိုအ ကြောင်းမဲ့သတ်ဖြတ်ခြင်းမှကာကွယ်ဟန့်တားရန်နှင့်ဘက်ပေါင်းစုံမှထိခိုက်မှုများအားကာကွယ်ရန်အတွက်သာဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

ဘုန်းတော်ကြီးက ဤလွဲမှားသောတရားဥပဒေသည် ကိုယ်၀န်များအားသတ်ဖြတ်ခွင့်ကိုကာကွယ်ပေးထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ဤဥပဒေကိုချိုးဖောက်သောပြစ်မှုရှိသည်ဟုမခံစားရကြောင်း၊ အ ဘယ်ကြောင့်ဆိုသော် ဤဥပဒေသည်လူမှုအသိုင်းအ၀ိုင်းအားမကောင်းမှုနှင့်မတရားမှုကိုကျူးလွန်ရန်အတွက်အကာ အကွယ်ပေးထားခြင်းသာဖြစ်၍ အကျိုးမရှိသော၊ မရှိသင့်သော၊ ဖျက်သိမ်းရမည့်ဥပဒေတစ်ခုဟုသာမြင်ကြောင်းထုချေခဲ့သည်။

ဘုန်းတော်ကြီးက တရားသူကြီးအားသူ့အားပြစ်ဒဏ်ကိုလျော့ပေါ့ပေးခြင်းဖြင့် တရားရုံးကမတရားမှုကျူးလွန်နေသည်ကို‌အကာအကွယ်ပေးရာရောက်သည်ဟုပြောကြားခဲ့သည်။ ဘုန်းတော်ကြီးသည်သူ့အား ပြစ်ဒဏ်ချမှတ်သည်မှာပေါ့သည်ဟုခံယူသော်လည်း ယခုကဲ့သို့ပင် ယခင်ကလည်းကိုယ်၀န်ဖျက်ချခြင်းနှင့်စပ်လျင်း ၍ပြစ်မှုကျူးလွန်သည်ဟုစွပ်စွဲ၍ဖမ်းဆီးခံခဲ့ရဖူးသည်ဖြစ်ရာ တရားသူကြီးသည် ယခုတစ်ကြိမ်၌မူဘုန်းတော်ကြီးအား အမြင့်ဆုံးအပြစ်ဒဏ်ကိုချမှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယခုအခင်းသည် (ဇူလိုင် ၇၊ ၂၀၂၂) ကဖြစ်ပွားခဲ့သည်။ ကိုယ်၀န်ဖျက်ချသောဆေးခန်း၏အ၀င်၀ကို သံကွင်းများဖြင့်သော့ခတ်ထားခြင်း၊ အချို့ကိုကော်များဖြင့်ကပ်ထားခဲ့သည်။ ထိုသို့ပြုလုပ်ထားသောကြောင့် အ၀င်အထွက်မပြုလုပ်နိုင်ဘဲ (၂) နာရီကြာမျှ ပိတ်သွားသည်။ မီးသတ်တပ်ဖွဲ့နှင့်ရဲများရောက်လာပြီး ထိုပိတ်ဆို့ထားသည်များကိုဖယ်ရှားပေးခဲ့ရပြီး ထိုသို့ပြုလုပ်သောဖာသာရ် Moscinski အားဖမ်းဆီးလိုက်ခြင်းဖြစ် သည်။

ယခင်ကလည်းကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်သောလှုပ်ရှားမှုကြောင့် ဖာသာရ်သည် ဖမ်းဆီးခံခဲ့ရဖူးသည်။ သို့သော်ပြစ်ဒဏ်ချမှတ်မခံရဘဲ ယခုတစ်ကြိမ်မှသာပြစ်မှုထင်ရှားသည်ဟုဆိုက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PC8U

Add new comment

4 + 0 =