ကိုယ်၀န်ဖျက်ချခြင်းသည်နောင်ပိုင်း၌အပြစ် (လူသတ်မှု) ကျူးလွန်သည်ဟုခံစားရပြီ စိတ်ဓာတ်ကျရောဂါခံစားလာရနိုင်ဟုလေ့လာတွေ့ရှိ

ကိုယ်၀န်ဖျက်ချခြင်းသည်နောင်ပိုင်း၌အပြစ် (လူသတ်မှု) ကျူးလွန်သည်ဟုခံစားရပြီ စိတ်ဓာတ်ကျရောဂါခံစားလာရနိုင်ဟုလေ့လာတွေ့ရှိ

မကြာခဏကိုယ်၀န်ဖျက်ချလေ့ရှိသော အမျိုးသမီးများသည် ဖျက်ချစဉ်၌မိမိ၏အရှက်ကိုကာကွယ်ဖုံးဖိရန်အတွေးတစ်ခုတည်းဖြင့်ကျူးလွန်ခဲ့သော်လည်း ကိုယ်၀န်ဖျက်ချပြီးနောက်ပိုင်း၌ထိုသို့ပြုလုပ်ခဲ့မိခြင်း ကြောင့်အပြစ်ရှိသည်ဟုအစဉ်တွေးတောခံစားရပြီး စိတ်ကျရောဂါကိုနောက်ဆက်တွဲခံစားလာရသည်။ ဤ လေ့လာတွေ့ရှိချက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဖြစ်ပျက်နေခြင်းဖြစ်သည်ဟု အီသီယိုးပီးယားနိုင်ငံသားဆေး၀ါးကျွမ်းကျင်ပညာရှင်အဖွဲ့ကစိတ်ပိုင်းဆိုင်ရာမဂ္ဂဇင်းဖြစ်သည့် BMC ၌ဖော်ပြထားသည်။ ပြန်လည်သုံးသပ်ရန်အလွတ်သဘောတင်ပြထားခြင်းဖြစ်သည်။

ရှာဖွေတင်ဆက်သူများဖြစ်ကြသော Kirubel Dagnaw Tegegne နှင့် Natnael Atnafu Gebeyehu တို့သည် ဤအကြောင်းအရာနှင့်စပ်လျင်း၍ လူပေါင်း (၁၈၂၀၇) ဦးအားမေးမြန်းပြီး (၁၅) ဦး၏သုံးသပ်ချက်နှင့်ဤအကြောင်းအရာနှင့်စပ်ဆိုင်သော ဆောင်းပါးပေါင်း (၆၅၇) ခုကိုအခြေခံထားခြင်းဖြစ်သည်။ ၄င်းလေ့လာချက်၌ အာရှအမျိုးသမီး (၃၇,၅) ရာခိုင်နှုန်း၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း၏တွေ့ရှိချက်၌လည်း (၄၃.၁) ရာခိုင်နှုန်းသည်စိတ်ကျရောဂါခံစားရကြောင်းတူညီစွာပြောဆိုထားသည်။

ဤလေ့လာချက်ကိုကမ္ဘာ့ဘဏ်မှကျန်းမာရေးအတွက်အသုံးစရိတ်ထုတ်ပေးပြီး ၀င်ငွေနိမ့်ပါး၊ အလယ်အလတ်ရှိနိုင်ငံများ၌ ကိုယ်၀န်ဖျက်ချမှုမြင့်မားသကဲ့သို့နောက်ဆက်တွဲနာကြင်ကြေကွဲစရာဖြစ်ရပ်များကြုံတွေ့နေရသည့်နိုင်ငံများအားလေ့လာဖော်ထုတ်စေခြင်းဖြစ်သည်။ လူ့အသက်ကိုကာကွယ်သည့်ပညာပေးနှင့်သုတေသနပြုသည့်ကော်မတီ၏ခေါင်းဆောင်ဖြစ်သော Randall O'Bannon ကကိုယ်၀န်ဖျက် ချခြင်းနှင့်ကိုယ်၀န်ပျက်ကျခြင်းတို့ကိုရောနှောတင်ပြထားကြောင်းထောက်ပြထားပါသည်။ ကိုယ်၀န်ဆောင်ပြီးမှကိုယ်၀န်ကိုဆုံးရှုံးလိုက်ရခြင်းသည် နာကြင်စရာကောင်းပါသည်။ သို့သော် ကိုယ်၀န်ဖျက်ချပြီးနောက် ပိုင်းစိတ်ကျရောဂါခံစားရမှုမရှိဟုလက်ခံသူများအား နား၀င်အောင်လည်းနားချခြင်းမဟုတ်ကြောင်းဖြင့်သုံး သပ်ထားသည်။

ကိုယ်၀န်ဖျက်ချပြီးနောက်ပိုင်း စိတ်ကျရောဂါခံစားရသည့်နှုန်းထားသည်တိုးလာနေသည်မှာ ယခင် (၂၂.၅) ရာခိုင်နှုန်းမှသည် (၅၄) ရာခိုင်နှုန်းအထိရှိလာခဲ့သည်။ ပျမ်းမျှအားဖြင့် (၃၁.၄) ရာခိုင်နှုန်းတိုးလာသည်ကိုတွေ့ရှိရသည်။ လေ့လာတွေ့ရှိချက်များအရ စိတ်ကျရောဂါခံစားရခြင်းသည် ကိုယ်၀န်ပျက်ကျခြင်း ကြောင့်ထက် ကိုယ်၀န်ဖျက်ချခြင်းကြောင့်ပို၍ခံစားရသည်ဟုဆိုပါသည်။ ကိုယ်ပျက်ကျခြင်းသည် ရည်ရွယ် ချက်ရှိရှိလုပ်ဆောင်ခြင်းမဟုတ်ဘဲ မတော်တဆဖြစ်ရခြင်းဖြစ်ပြီး ကိုယ်၀န်ဖျက်ချခြင်းမှာရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/35rrN
 

Add new comment

5 + 12 =