ကိုယ်၀န်ဖျက်ချခြင်းကိုအားပေးထောက်ခံသည့် ဉပဒေအား အမေရီကန် ကက်သလစ် ဆရာတော်ကြီးများရှုတ်ချ

ကိုယ်၀န်ဖျက်ချခြင်းကိုအားပေးထောက်ခံသည့် ဉပဒေအား အမေရီကန် ကက်သလစ် ဆရာတော်ကြီးများရှုတ်ချ

ကိုယ်၀န်ဖျက်ခြင်းကိုအားပေးထောက်ခံသော လွှတ်တော်အမတ် (၃၁) ဦး၏ကြေညာချက်သည် ယုံကြည်ခြင်းကိုဖျက်ဆီးခြင်ဖြစ်ဟုအမေရိကန်ကက်သလစ်ဆရာတော်ကြီးများကပြင်းပြင်းထန်ထန်ဆန့်ကျင်ပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၌ ကိုယ်၀န်ဖျက်ချခြင်းကို အမျိုးသမီးတို့၏ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ရှိသည့် အခွင့်အရေးတစ်ရပ်အဖြစ်သတ်မှတ်ပြဌာန်းခဲ့သည်မှာ နှစ်ပေါင်း (၅၀) ကျော်လာပြီဖြစ်သည်။

ဤဥပဒေအားပြီးခဲ့သောမကြာမီနှစ်များက စိတ်ကြိုက်ပြုလုပ်ခွင့်ကိုအထက် လွှတ် တော်မှပြုပြင်ပြောင်းလဲခဲ့သည်။ ထိုအချိန်မှစ၍ အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်ဘုရားကျောင်းများ၊ အဆောက်အဦးများသည် ဆက် တိုက်ဖျက်ဆီးခံရ၊ အကြမ်းဖက်ခံနေခဲ့ရသည်မှာပြီးခဲ့သောတပတ် စနေနေ့ ကိုယ်၀န်ဖျက်ချခြင်းဥပဒေကိုပြန်လည်ပြင်ဆင်သည့်နှစ်ပတ်လည်နေ့ကလည်း ကက်သလစ်ဘုရားကျောင်း တစ်ကျောင်းမီးရှို့ဖျက်ဆီးခံလိုက်ရသည်။

ဘုရားကျောင်းများမည်သို့ပင်ဖျက်ဆီးခံရစေကာမှု အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် ဆိုရေးရှိကဆိုအပ်သည်ဖြစ်၍ ထိုဥပဒေနှင့်စပ်
လျင်း၍ထိုမျှခြိမ်းခြောက်ခံနေရသော် လည်းနှုတ်ဆိတ်မနေ။ ရဲရင့်ပြတ်သားစွာထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်ကို ဇွန်လ (၂၄) ရက်နေ့က လွှတ်တော်အမတ် (၃၁) ဦးမှ ကက်သလစ်သာသနာတော်ကြီး၏ကိုယ်၀န်ဖျက်ချခြင်းဆိုင်ရာသွန်သင်ချက်များအား ဆန့်ကျင့်၍ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့်ကက်သလစ်ဆရာတော်ကြီးများက ယုံကြည်ခြင်းအားမဖျက်ဆီးရန်တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်လည်းဖြစ်ပြီး၊ အမေရိကန်စစ်တပ်၌၀ိညာဉ်ရေးရာလမ်း ညွှန်မှုများပေးနေသူလည်းဖြစ်သည့်ဂိုဏ်းချုပ်ဆရာတော် Timothy Broglio၊ အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူ့အသက်ကာကွယ်စောင့်ရှောက်သည့်ကော်မရှင်၏တာ၀န် Arlington ဂိုဏ်းအုပ်ဆရာတော် Michael Burbidge၊ အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ယုံ ကြည်ရာအချက်များ၏ကော်မရှင်တာ၀န်ခံ Brownsville ဂိုဏ်းအုပ်ဆရာတော် Daniel Flores တို့က မိမိတို့၏အသက်ကိုမည်သို့မျှမကာကွယ်နိုင်တော့သည့်သူတစ်ဦး၏အပြစ်မဲ့အသက်ကို သတ်ရန်ကြံစည်ခြင်းထက် ပိုမိုဂရုစိုက်ကာကွယ်စောင့်ရှောက်ပေးခြင်းသည် လူ့ဂုဏ်သိက္ခာကိုကာကွယ်ရာလည်းရောက်သကဲ့သို့ အကူအညီအလွန်လိုအပ်နေချိန်ကူညီပေးလိုက်ရာလည်ရောက်ကြောင်းကို လွှတ်တော်အမတ်တို့၏ကြေညာ ချက်အပေါ်အချက်အလက်ဖြင့်မှားယွင်းချွတ်ချော်နေကြောင်းကိုရှင်းပြခဲ့သည်။

လူ့အသက်နှင့်ပတ်သက်၍ ကြေညာချက်ထဲပါသည့်အတိုင်းပြောဆိုခြင်းသည် ယုံကြည်ခြင်းကိုဖျက်ဆီးရာရောက်သည်။ ဆရာတော်ကြီးများက လူ့အသက်သည်သန္ဓေတည်စကစ၍လေးစားကာကွယ်ရ မည်ဆိုသည့်အချက်သည် အရပ်ဖက်ဥပဒေ၌လည်းပါကြောင်း၊ ကိုယ်၀န်ဖျက်ချခြင်းသည် ဤဥပဒေကိုချိုး ဖောက်သကဲ့သို့မွေးဖွားမလာသေးသောကလေးအားမလေးစားရာရောက်ပြီး အမျိုးသမီးထုအားမရေမတွက်နိုင်သော‌ ဒုက္ခ ဝေဒနာ
များကိုနောက်ဆက်တွဲခံစားစွဲကပ်လာစေသည်။

သေချာစွာစဉ်းစားကြည့်မည်ဆိုပါလျှင် သာသနာ၏သွန်သင်ချက်လည်းကောင်း၊ လူမှုရေးသွန်သင်ချက်၌လည်းကောင်း လူ့အသက်ကိုကာကွယ်လေးစားတန်ဖိုးထားထားသည်။ မူ၀ါဒရေးဆွဲသူများအနေဖြင့် ကက်သလစ်သာသနာ၏လွတ်လပ်သောသွန်သင်ချက်နှင့်သက်၀င်ယုံကြည်မှုအခြေခံသောအကူအညီများကိုအခြားသူများ၏ကောင်းကျိုးအတွက်လုပ်ဆောင်ရာ၌အားပေးထောက်ခံသင့်သည်။ အထူးသဖြင့် မကြာမီကမှရွေ့ပြောင်းရောက်လာကြသူများအား မှန်ကန်သောကျန်းမာရေးစောင့်ရှောက်မှုနှင့်လူမှုရေးအကူအညီများကိုပေးသင့်သည်။

ဆရာတော်ကြီးများက လွှတ်တော်အနေဖြင့်ဆရာတော်ကြီးများနှင့်လက်တွဲ၍ စစ်မှန်သောအများကောင်းကျိုးကိုဦးစားပေးဆောင်ရွက်ရန်ပန်ကြားဆုတောင်းကြောင်း၊ မိမိတို့ကိုယ်ကိုကာကွယ်ရန်အခြေအ နေမည်သို့မျှမရှိသောသူများ၊ အပယ်ခံ၊ စွန့်ပစ်ခံများဖြစ်ကြသောမိခင်များ၊ မိသားစုများ၏ လိုအပ် ချက်များကို ကူညီပေးသင့်သည်ဟုဆိုသည်။

(ဇွန်လ ၂၄၊ ၂၀၂၂) က ကိုယ်၀န်ဖျက်ချခြင်းကို အမေရိကန်ပြည်နယ် (၅၀) ၌ခွင့်ပြုခဲ့ရာမှပြန်လည်ပြင်ဆင်သောကြောင့်လက်မခံသူများက ကက်သလစ်သာသနာအား နည်းလမ်းအမျိုးမျိုးဖြင့်အကြမ်းဖက်တိုက်ခိုက်သည်။ နှောက်ယှက်ဖျက်ဆီးနေခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pu2fBr

Add new comment

1 + 0 =