ကိုယ်၀န်ဖျက်ချခံရတော့မည့်ကလေး (၄၃၀၀၀) ကိုကယ်ခဲ့သူကွယ်လွန်

ကိုယ်၀န်ဖျက်ချခံရတော့မည့်ကလေး (၄၃၀၀၀) ကိုကယ်ခဲ့သူကွယ်လွန်

ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်လှုပ်ရှားသူ ၊ ကက်သလစ်တစ်ဦးဖြစ်သည့် Chris Slattery သည် ကင်ဆာရောဂါနှင့်စစ်ခင်းရင်း အသက် (၆၈) နှစ်၌ကွယ်လွန်သွားခဲ့ပြီဖြစ်ပါသည်။

သူသည် EMC ဟုအတိုကောက်ခေါ်သော ကိုယ်၀န်ဆောင်မိခင်များ အထူးသဖြင့်ကိုယ်၀န်ကိုမမျှော်လင့်ဘဲရလိုက်ခြင်း၊ ကိုယ်၀န်ကိုမွေးဖွားရန်အတွက်စား၀တ်နေရေးခက်ခဲသောကြောင့်လည်းကောင်း၊ မလိုချင်၍လည်း ကောင်းဖျက်ချရန်ရည်ရွယ်ချက်ရှိသောကိုယ်၀န်ဆောင်မိခင်များအား ကိုယ်၀န်မဖျက်ချစေရန်ဆွေးနွေးအ ကြံပေး၊ ကူညီပေးသောဌာနတစ်ခုကို နူးယောခ့်ပြည်နယ်၊ Bronx မြို့၌ လွန်ခဲ့သောဆယ်စုနှစ် (၄) ခုကတည်ထောင်ခဲ့သူဖြစ်သည်။ ထိုဌာနမှ ကိုယ်၀န်ဖျက်ချရန်ရောက်ရှိလာသော ကလေး (၄၃၀၀၀) အားကယ် တင်နိုင်ခဲ့ကြောင်းသူ၏လူမှုကွန်ရက်၌ဖော်ပြထားသည်။

အဆိုပါဌာနကိုတည်ထောင်ရန် တွန်းအားဖြစ်စေခဲ့သည့်အကြောင်းအရာကား ကိုယ်၀န်ဖျက် ချပေးနေသော Manhattan ရှိဆေးခန်းတစ်ခု၏ပြင်ပ၌ ကိုယ်၀န်
ဖျက်ချရန်ရောက်ရှိစောင့်ဆိုင်းနေသောအမျိုးသမီးတစ်ဦးနှင့်စကားပြောဖြစ်ခဲ့ခြင်းကအစပြုကြောင်း အဆိုပါအမျိုးသမီသည် Slattery နှင့်စကားပြောပြီးနောက် ကိုယ်၀န်ဖျက်ချမည့်သူ၏ရည်ရွယ် ချက်သည်ပြောင်းသွားခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် Slattery တည် ထောင်ခဲ့သောဌာနသည် ကိုယ်၀န်ဆောင်မိခင်များအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊ လက်တွေ့ကျသော အကူအညီများရရှိနိုင်သည့်ရင်းမြစ်ကိုညွှန်ပြပေးခြင်း၊ ကလေးမွေးဖွားပြီးနောက်ပိုင်းလည်း ဆက်လက်၍လို အပ်သောအကူအညီများကိုတတ်နိုင်သလောက်ကူညီပေးခြင်း၊ ပညာပေးခြင်း၊ အမြင်ဖွင့်ခြင်းစသည်တို့ကိုအ ခမဲ့၀န်ဆောင်မှု ကိုပေးသည်။ ၄င်းတို့၏နိုင်ငံ၌ အချိန်သည်ငွေဖြစ်၍ ကရုဏာရေးလုပ်ငန်းများလုပ်ဆောင်သည့်အဖွဲ့များမှလွဲ၍မည်သည့်အရာမျှအခမဲ့၀န်ဆောင်ပေးမှုမရှိပေ။

Slattery သည် Boston ကောလိပ်ကျောင်းထွက်ဖြစ်သည်။ ကိုယ်၀န်ဖျက်ချခြင်းကိုဆန့် ကျင်သည့်လှုပ်ရှားမှု၌ပါ၀င်သူများကို သင်တန်းများပေးလေ့ရှိသည်။

သူ၏ကွယ်လွန်ခြင်းကို ‘40 Days for Life’ (အသက်တာ ရက် ၄၀) အဖွဲ့၏ဥက္ကဌဖြစ်သူ Shawn Carney က၀မ်းနည်းကြောင်း၊ လူ့အသက်ကိုကာကွယ်သောကြီးမြတ်သည့်စစ်သူကြီးသည် ထာ၀ရငြိမ်းချမ်းရာသို့ရောက်ရှိသွားပြီဖြစ်ကြောင်း သူသည် အလွန်ဘာသာတရားရိုသေကိုင်းရှိုင်းသော၊ ယုံကြည်ခြင်း၌လွန်စွာခိုင်မာသောကက်သလစ်ဘာသာတူတစ်ဦးဖြစ်သည်ဟုဆိုသည်။

မမွေးဖွားရသေးသည့် ရင်သွေးများအား အသက်နှင့်အလဲထပ်၍ပင်ကာကွယ်ပေးသူဖြစ်သည်။ သူသည်အိုင်ယာလန်လူမျိုးဖြစ်သည်။ သူသည် ‘40 Days for Life’ (အသက်တာ ရက် ၄၀) ကို နူးယောခ့်ပြည် နယ်၊ Bronx သို့ (၂၀၀၇) တွင်ပြည်နယ်တစ်ခွင့်လူသိအောင်လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။ သူနှင့်ပတ်သက် ၍မေ့မရ၊ ရေတွက်မကုန်သောအမှတ်ရစရာများစွာရှိနေကြောင်း၊ သူနှင့်လက်တွဲလုပ်ဆောင်ခဲ့သောနှစ်များအတွင်း ရယ်ရွှင်ဖွယ်ရာများရှိခဲ့သကဲ့သို့သူသည်အဆုံးတိုင်အောင်ပျော်ရွှင်စွာရှင်သန်ခဲ့သူဖြစ်ကြောင်း၊ သူ့၀ိညာဉ်အဖ၏အိမ်တော်သို့ရောက်ရှိသွားနိုင်ရန်လည်းဆုတောင်းပေးကြပါဟု Shawn Carney ကပန်ကြားထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/33pBI

Add new comment

3 + 7 =