ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများအား အင်အားဖြစ်စေသည့်အတွက်ကျေးဇူးတင်ပါသည်ဟုရဟန်း မင်းကြီးကအားလက်စ်ဇာနားဒီအားမိန့်ကြား

ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများအား အင်အားဖြစ်စေသည့်အတွက်ကျေးဇူးတင်ပါသည်ဟုရဟန်း မင်းကြီးကအားလက်စ်ဇာနားဒီအားမိန့်ကြား

ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများအား အင်အားဖြစ်စေသည့်အတွက်ကျေးဇူးတင်ပါသည်ဟုရဟန်း မင်းကြီးကအားလက်စ်ဇာနားဒီအားမိန့်ကြား

အားလက်စ်ဇာနားဒီသည် မသန်မစွမ်းချန်ပီယံတစ်ဦးဖြစ်ပြီး၊ မကြာခင်ကကားမတော်တဆဖြစ် ပွားထားသူဖြစ်သည်။ အီတလီနိုင်ငံ၏ အားကစားစာစောင်တစ်ခုဖြစ်သော ‘La Gazzetta dello Sport’ ၌ရဟန်းမင်းကြီးမှအဆိုပါမသန် စွမ်းအားကစားချန်ပီယံ အားတိမ်းပါးသွားသော သူများအတွက်အားဖြစ် စေသောကြောင့်သူ့အားကျေးဇူးတင်ကြောင်းရေးသားထားသောစာစောင်ပါလာသည်။

သူသည် (၂၀၀၁) ဖော်မြူလာ၀မ်း ကားပြိုင်ပွဲ၌အလွန်ပြင်းထန်သောကားမတော်တဆမူဖြစ်ပွားကာခြေများဆုံးရှုံးသွားခဲ့ရ သည်။ သူ၏ဘ၀သည်လူသားထုအတွက်သင်ခန်းစာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အမြင့်ကို ရောက်နေရာမှသုညဘ၀သို့ပြန် လည်သက်ဆင်းသွားပြီး၊ ၀လုံးမှပြန်ရုန်းထခဲ့ရသည်။ သို့သော်အရှုံး မပေးခဲ့ပေ။ ရဟန်းမင်းကြီးသည်သူရေးသားပေးပို့သောစာထဲ၌မသန် စွမ်းအားကစားသမားအားကျေးဇူး တင်ကြောင်းမိန့်ကြားထားသည်။ အ ဘယ်ကြောင့်ဆိုသော်အလွန်ဆိုးရွားပြင်းထန်သောဝေဒနာကြား၌ သတ္တိရှိရှိဖြင့်ဘ၀ကိုပြန် လည်တည်ဆောက်နိုင်သောသူ ၏စိတ်စွမ်းအား ကြောင့်ဖြစ်သည်။

ချစ်ခင်ရပါသောအလက်ဇန်းဒရို၊သင့်ရဲ့ဘ၀သမိုင်းဟာဘ၀မှာရုတ်တရက်ကျရှုံးသွားသူတွေအတွက်ဘ၀ကိုဘယ်လိုပြန် လည်ထူထောင်ရမလဲဆိုတဲ့ဥပမာကောင်းတစ် ပုဒ်ဖြစ်တယ်။ မသန်စွမ်းသော်လည်းအားကစားနဲ့သူတစ်ပါးအားကျလေးစားလောက်အောင်ဘယ်လိုဂုဏ်ရှိရှိနေထိုင်ရမလဲဆိုတာကိုလူသားထု တစ်ရပ်လုံးကိုသိအောင် ပြောပြနိုင်ခဲ့တယ်။ ခြေလက်အင်္ဂါပေးဆပ်လိုက်ရသောသူများအတွက်အားဆေးတစ်ခွက်ပမာဖြစ်စေခဲ့သောကြောင့် ကျေးဇူး တင်ပါသည်။ ယခုကဲ့သို့နာကြင်ပြင်းထန်နေချိန်၌ကျွန်ုပ်သင်တို့အနီးအပါးတွင်ရှိနေမည်။ သင်တို့အားလုံးအတွက်ကျွန်ုပ်ဆုတောင်းပေး ပါမည်။ အမိမယ်တော်သည်လည်းသင်တို့အား ဘေးရန်ကင်းဝေးရန်ကာကွယ်စေတော်မူပါ။

ရဟန်းမင်းကြီးက Zanardi နှင့်ထပ်တူခံစားပြီး၊ သူ့အတွက်ဆု တောင်းပေးနေကြောင်း၊ သူသည် ဆီအဲနာမြို့ရှိ Santa Maria alle Scotte ဆေးရုံ၏အရေးပေါ်စောင့်ကြပ်ကုသဆောင်၌သော ကြာနေ့မှစ ၍ကုသမူကိုခံယူနေရသည်။ ယခုမတော်တဆဖြစ်ပွားမူ သည်လက်ယှက်စက်ဘီးပြိုင်ပွဲ၌၀င်ပြိုင်ရာမှဖြစ် ပွားခြင်းဖြစ်သည်။ ဤပြိုင်ပွဲသည်ပီယန်ဇာမြို့၌ကျင်း ပသောရံပုံငွေပွဲသာဖြစ်သည်။ ယခုနှစ်အစောပိုင်း ၌သူသည်ရံပုံငွေပွဲများကျင်းပရာတွင်ပါ၀င်လာခဲ့သည်။ ရဟန်းမင်းကြီး၏အားပေးအားမြောက်မူကြောင့် ကိုဗစ် (၁၉) ကိုရှေ့တန်းမှတိုက်ခိုက်နေရ သော Bergamo နှင့် Brescia ဆေးရုံများအတွက်လိုအပ်သော ရံပုံငွေရရှိရေးအတွက်အတူတကွပြေးခဲ့ကြသည်ဟုဆိုပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3i8TTXw

Add new comment

1 + 0 =

Please wait while the page is loading