ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းထက် ထိရောက်သောနည်းလမ်းကို ပညာရေး၀န်ထမ်းများစဉ်းစားသင့်ပြီ

ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းထက် ထိရောက်သောနည်းလမ်းကို ပညာရေး၀န်ထမ်းများစဉ်းစားသင့်ပြီ

လေ့လာချက်များအရ အပြစ်ပေး၍သင်ကြားသည့်နည်းသည် ပညာရေးရလာဘ်ကောင်းများကို ဖိနှိပ်ဖျက်ဆီး လိုက်ရာရောက်သောနည်းဖြစ်သကဲ့သို့ ‌ကျောင်းသား၏ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကိုလည်း နှောင့်နှေးစေသည်။ ကျောင်းတွင်းကျောင်းပြင်များ၌ ကလေးများနှင့်လူငယ်များအကြမ်းဖက်သည့်လုပ်ရပ်များတိုးလာရခြင်းနှင့်စပ်လျင်း၍ ကလေးများ၏အပြုအမူနှင့်တန်ဖိုးကိုပုံလောင်းရာတွင် အထူးသတိထားပြုပြင်သင့်သည်။

ပညာရေးဟုဆိုရာ၌ ဗဟုသုတ၊ အချက်အလက်အကြောင်းရာများကိုသာသင်ကြားလေ့လာပြီး၊ စာပေးပွဲအောင် ရန်သာမဟုတ်။ ကျောင်းအတွင်းမှစိမံကွပ်ကဲမှုများဖြစ်သော ကျောင်းတွင်းပေးအပ်သောတာ၀န်ကိုတာ၀န်ယူတတ်မှု၊ ဆရာဆရာမများ၊ မိဘများနှင့်လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုတာ၀န်ယူတတ်မှုရှိအောင်သင်ကြားပေးခြင်းဖြစ်သည်။

ကာယပြစ်ဒဏ်ချမှတ်ခြင်း၏ အားနည်းချက်ကား ကျောင်းသားများအား ကြမ်းတမ်းလာရန်၊ ကြမ်းတမ်းသော နည်းလမ်းဖြင့် ပြဿနာဖြေရှင်းရာတွင်အသုံးပြုတတ်ရန်သင်ကြားပေးရာရောက်သည်။ မိဘနှင့်ဆရာ၊ ဆရာမအတော် များများသည် ကိုယ်ထိလက်ရောက် (သို့) စိတ္တထိခိုက်စေသော အပြစ်ဒဏ်ပေးမှုကိုမကြာခဏကျင့်သုံးလေ့ရှိသည်။ ဤ သို့ပြုလုပ်သော်လည်း ၄င်းတို့သည် ဘေးထွက်ဆိုးကျိုးကိုမသိ။ သတိမထားမိကြပေ။ လေ့လာတွေ့ရှိချက်များအရ မိဘ များ၏ ပုံစံအမျိုးမျိုးဖြင့်သွန်သင်ဆုံးမမှုများသည် စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေကြောင်း၊ အထူးသဖြင့် ရာဇ၀တ်ကျူးလွန် ရန်နှင့်ကြမ်းကြုတ်ရက်စက်သောအပြုအမူမျိုးကိုပြုတတ်လာစေသည်ဟုဖြစ်သည်။

အပြစ်ဒဏ်ပေးရခြင်း၏ရည်ရွယ်ချက်မှာ မကောင်းသောအပြုအမူကိုဆက်လက်မပြုလုပ်တော့ရန်၊ စွန့်လွတ်စေ ချင်၍ဖြစ်သည်။ လေ့လာတွေ့ရှိချက်အရ ရည်ရွယ်သည့်အတိုင်းဖြစ်လာသည်မှာ အလွန်နည်းပါးသည်။ ဆရာ၊ ဆရာမ များ၊ အုပ်ထိန်းသူများအနေဖြင့် စိတ်ခံစားချက်များကိုထိန်းချုပ်ပေးနိုင်သူ၊ လူမှုဆက်ဆံရေးကောင်းသူ၊ ကာကွယ်ပေးရာ တွင်စံထားရမည့်သူများဖြစ်ရမည်။ ဆရာ၊ ဆရာမနှင့်ကလေးတို့ကြားဆက်ဆံရေးနီးကပ်လွန်းသောကြောင့် ကိုယ်ထိ လက်ရောက်အပြစ်ဒဏ်ပေးခြင်းသည် တစ်ခါတစ်ရံ၌ လက်ခံနိုင်ဖွယ်မရှိသည့်အခြေအနေမျိုးအထိဖြစ်သွားကြသည်။ ဤ အခြေအနေသည် မရည်ရွယ်သောအခြေအနေ၊ ပြုလုပ်ရန်ဆန္ဒမရှိခဲ့သော ဘေးထွက်ဆိုးကျိုးမျိုးအထိဖြစ်လာစေသည်။

ကလေးများအား ပြုပြင်ပြောင်းလဲလိုပါလျင် အပြစ်ဒဏ်ပေးလိုက်၍ ရရှိလာမည့်လက်ငင်းအကျိုးထက် ရေရှည် အကျိုးကိုကြည့်ရပေမည်။

ကလေး၏ကိုယ်နေဟန်ထား၊ အကျင့်စရိုက်ကိုပြန်လည်ဆန်းစစ်ပါ။ ကျောင်းသားများ၏အ ချို့သောအပြုအမူများက ကိုယ်ထိလက်ရောက်အပြစ်ဒဏ်မျိုးကိုပေးခြင်းသည် ထိခိုက်နစ်နာစေသည်ဟုပြသနေသည်။ ဥပမာအားဖြင့် အိမ်စာကိုလုပ်မလာခြင်း၊ လုပ်ခိုင်းလိုက်သောအလုပ်ကိုမလုပ်လာခြင်း၊ နိုင်ငံတော်အလံအလေးပြုရာတွင် မတ်တပ်ရပ် ခိုင်းသည်အခါမတ်မတ်မရပ်ခြင်း၊ ကျောင်းပြေးခြင်း၊ ကျောင်းချိန်အတွင်းတစ်ခုခုစား၊ ၀ါးနေခြင်း၊ လူစုလူ‌ေ၀းနှင့်ရှိ နေချိန်တွင် လက်ကိုင်ဖုန်းများသုံးနေခြင်း၊ ဂိမ်းကစားနေခြင်း၊ ၀တ္တုစာအုပ်ဖတ်နေခြင်း၊ စကားမပြောရသည့်နေရာ၌ စကားပြောနေခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စာသင်ချိန်မျိုး၌နားမထောင်ခြင်း၊ ယုတ်ရင်းကြမ်းတမ်းသောစကားများကိုပြော ဆိုခြင်း၊ စက္ကူဖြင့်လေယာဉ်ပြုလုပ်ကစားခြင်း၊ ဆရာ၊ ဆရာမဟုရိုသေစွာခေါ်ပြောမှုမရှိခြင်း၊ ဆင်တူ၀တ်စုံ၀တ်မထား ခြင်း၊ စာအုပ်မေ့ကျန်ခဲ့ခြင်း၊ အတန်းဖော်များနှင့်ရန်ဖြစ်ခြင်းနှင့်အခြားသောကိစ္စများလည်းရှိနိုင်ပေမည်။

အထက်ကဖော်ပြခဲ့သော အခြေအနေများကြောင့် ကိုယ်ထိလက်ရောက်အပြစ်ဒဏ်ပေးခံရသည့်ကလေးတစ်ဦး သည် အထက်ကဖြစ်ရပ်မျိုးကိုထပ်မဖြစ်ရန်ကြောက်သွား၍ရှောင်ရှားမည်ဖြစ်သော်လည်း ကြမ်းတမ်းခြင်းသည် အချို့ သောအခြေအနေများအတွက် အကျုံး၀င်သည်ဟုစိတ်ထဲ၌စွဲသွားပေမည်။ အထူးသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေသော သူတစ်ဦးဦး (သို့) စိတ်မွန်းကြပ်နေသူများအတွက် အသုံးတည့်သည်ဟုခံစားသွားပေမည်။ ကျောင်းသားတစ်ဦးအား တစ် ခုခုအမှားလုပ်မိ၍ ဆရာ၊ ဆရာမဖြစ်သူကချက်ချင်းအပြစ်ပေးသည်ဖြစ်စေ၊ ကျောင်းအုပ်ကနောက်မှအပြစ်ပေးသည်ဖြစ် စေ ကလေးအတွက်ထိုအမှားမျိုးကိုနောက်နောင်မကျူးလွန်အောင် မပြုပြင်ပေးနိုင်သောကြောင့် အကျိုးမရှိပေ။ အချို့ သောအမှားများသည် အပြုအမူထက် ကိုယ်ကျင့်တရားပိုင်းနှင့်ဆိုင်သည်။ အချို့သောအကြမ်းဖက်မှုများသည် တစ်ဦး တစ်ယောက်စီ၏အကျင့်နှင့်ဆိုင်သည်။ အချို့ကားအရေးကြီးသည်။ သို့သောတစ်ခါတစ်ရံ၌ အပြစ်နှင့်အပြစ်ဒဏ်သည် မျှတမှုမရှိပေ။

လေ့လာတွေ့ရှိချက်များအရ ကိုယ်ထိလက်ရောက်အပြစ်ဒဏ်ပေးခြင်းသည် အမဲခံရခြင်းကြောင့်လည်းဖြစ်ရသည်။ အထူးသဖြင့် ယောကျာ်းလေးများသည်မိန်းကလေးများထက်ပို၍ပင်ပြစ်ဒဏ်ပြင်းပြင်းထန်ထန်ပေးခြင်းကိုခံကြရသည်။ ချို့တဲ့နွမ်းပါးသောသူများသည် ငွေကြေးသုံးနိုင်သူများ၊ မိဘနောက်ခံတောင့်တင်းသောကလေးများထက်ပို၍ မြေစာပင် ဖြစ်ကြရသည်ကိုလည်းတွေ့ရှိခဲ့သည်။ ကိုယ်ထိလက်ရောက်အပြစ်ဒဏ်ပေးမှုသည် မကြာခဏကလေးသူငယ်များ၊ ဉာဏ် ရည်နှေးကွေးသောကလေး၊ အခြားကလေးများအား လိုက်၍နှောက်ယှက်တတ်သောကလေးများအပေါ်စုပုံကျရောက် တတ်သည်။ ကိုယ်ထိလက်ရောက် အပြစ်ဒဏ်ချမှတ်ခြင်းသည် ပညာတတ်အသိုင်းအဝိုင်းအတွက်မှာမူ ဂရုစိုက်ရမည့်အ ကြောင်းတစ်ခုအဖြစ်အလေးထားသည်။ အသင်းအဖွဲ့သည် ကလေးသူငယ်များကိုကာကွယ်ရန် တာ၀န်ရှိသည်။ မကြာခ ဏ ကလေး၏လိုအပ်ချက် (သို့) အခွင့်အရေးနှင့်ကလေးတို့အား ကိုယ်ထိလက်ရောက်ထိခိုက်စော်ကားခြင်းမပြုသည် ပြစ်ဒဏ်သည် ဆရာ၊ ဆရာမတို့၏လုပ်ကိုင်ခွင့်နှင့်အတန်းအားထိန်းနိုင်ရန်ဖြစ်သည်။ များမကြာမီနှစ်များက အမေရိကန် နိုင်ငံ၌လည်း ကိုယ်ထိလက်ရောက်အပြစ်ဒဏ်ပေးခြင်းနှင့်စပ်လျင်း၍ ကြေညာချက်များထုတ်ခဲ့ကြသည်။

ကျောင်းသူကျောင်းသားများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းသည် ဒီမိုကရေစီ၏စံတန်ဖိုးနှင့်လွဲချော်သကဲ့ သို့ တစ်ဦးစီ၏အခွင့်အရေးကိုလည်းချိုးဖောက်ရာရောက်သည်။ ဂုဏ်သိက္ခာကျဆင်းစေခြင်း၊ လူသားမဆန်ခြင်းဖြစ်၍ အကျိုးဖြစ်စေပြီး ပညာပေးသောစည်းမျဉ်းစည်းကမ်းများကို ပညာရေးဌာနများမှရေးဆွဲပြဌာန်းသင့်သည်။ ရုပ်ပိုင်းဆိုင် ရာအပြစ်ဒဏ်ပေးမှုနှင့်စပ်လျင်း၍ ကျောင်းများကငြင်းခုန်မှုများရှိသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများအား အကြမ်းဖက်မှုအဖြစ်ရှုမြင်ကြသည်။

ရုပ်ပိုင်းဆိုင်ရာအပြစ်ဒဏ်ပေးမှုသည် ကျွန်ုပ်တို့၏အဖွဲ့အစည်းအတွင်းတွင် ခိုင်မြဲစွာ အမြစ်တွယ်နေသည်။ ဤသို့ပြုလုပ်ခြင်းသည် တစ်ခါတစ်ရံ၌ ကလေးများအား အဆင့်နိုမ့်သောသတ္တ၀ါအလား၊ လူမှုအ သိုင်းအဝိုင်း နှင့် မအပ်စပ်သူများ၊ ပြင်းထန်သော ဖိနှိပ်မှု၊ နည်းလမ်း၊ အကြောက်တရား ရုပ်ပိုင်းဆိုင်ရာအကြောက်တ ရားဖြင့် ထိန်းကျောင်းလိုသောသတ္တ၀ါကဲ့သို့သဘောထားနေကြသည်။ ပညာပေးမှုပါသောအပြစ်ဒဏ်ပေးမှုမျိုးကိုမလို လားသူများသည် အပြောင်းအလဲကိုပြုလုပ်ရန်အတွက် အဟန့်အတားဖြစ်နေသည်။

ဆရာ၊ ဆရာမတို့၏ထောက်ပြချက်

ဆရာဆရာမတို့၏ဖိစီးမှုသည် ပြောဆိုဆုံးမရုံမကတော့ဘဲ ကိုယ်ထိလက်ရောက်အထိဖြစ်လာခဲ့ရသည်။ အတွေ့ အကြုံများအရ ကိုယ်ထိလက်ရောက်မှုသည် ဆရာဆရာမတို့၏ စိတ်ဖီစီးမှုများကြောင့်ဖြစ်သည်။ ထို့အတူ အလုပ်တာ၀န် ပေးအပ်မှုနှင့်တာ၀န်အားကျေပြွန်နိုင်မှု၏ဖိအားလည်းပါသည်။ မိဘများ၏မျှော်လင့်ချက်၊ အရည်အချင်းသတ်မှတ်ချက်၊ အလုပ်တာ၀န်နိုင်နင်းမှုစသော အချက်များသည် ဆရာဆရာမတို့အားဖိအားဖြစ်လာစေသည်။ ကျောင်းတွင်းကျင့်သုံး သော ရိုက်နက်ဆုံးမသည့်နည်းကြောင့် ကျောင်းသားများ၏အရည်အချင်းများထူးခြားစွာတိုးတက်မလာပေ။ စိတ်ဖိစီးမှု အား ယခုကဲ့သို့ ကျောင်းသားများအပေါ်ပုံချသည့်နည်းထက် အခြားနည်းလမ်းများဖြစ်သည့် လူမှု‌ရေးကူညီပေးသောစ နစ်များကိုကျယ်ပြန့်အောင်လုပ်ဆောင်ခြင်း၊ ကျောင်းသားများ၏အပြုအမူများကို အပြစ်ပေးရာ၌ နည်းလမ်းမှန်ကန်ရန် ကြိုးစားခြင်း၊ အခြားသောအတန်းမှပြဿနာများသည် ဆရာဆရာမ၏စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်ကောင်းပါသည်။

စည်းကမ်းနှင့်ဆိုင်သောသီအိုရီ

အသက်အရွယ်အလိုက် ကျောင်းသားများအား ရှင်းပြပြောဆိုဆုံးမခြင်းသည် ပို၍ထိရောက်အကျိုးရှိသည်။ ဥပမာ အားဖြင့် ‘မိုက်ခရိုဖုန်းကိုမကိုင်နဲ့။ ပျက်သွားရင်သုံးလို့မရတော့ဘူး’ ဟုပြောပြဟန့်တာလိုက်ခြင်သည် ကလေးအနေဖြင့် ထိုစကားကိုထပ်ခါထပ်ခါပြန်လည်ပြောဆိုနိုင်သည်။ သူ၏အပြုအမူကိုလည်း ပုံမှန်ပြန်ဖြစ်အောင်အထောက်အပံ့ဖြစ်စေ နိုင်သည်။ နောက်တစ်နည်းမှာ ပတ်၀န်းကျင်ပြောင်းလိုက်ခြင်းနှင့်အဆိုပါကလေးစိတ်၀င်စားနေသောအရာ၀တ္တုကိုသူတို့ ၏မြင်ကွင်းမှ၊ လက်လှမ်းမှီရာနေရာမှဖယ်ရှားလိုက်ခြင်းသည်လည်းထိရောက်မှုရှိသည်။

မိဘနှင့်ဆရာဆရာမတို့ပူးပေါင်း၍ ကလေးတို့၏ဆင်ခြင်မှုမဲ့သောလုပ်ရပ်ကို ဟန့်တားရမည်။ ရှင်းပြပါ။ ကလေး နားလည်နိုင်မည့် အခြားသောနည်းလမ်းဖြင့်လည်း မိမိကိုယ်ကိုထိန်းရန်သင်ပေးနိုင်ပါသည်။

တီထွင်ကြံဆသည့်လုပ်ဆောင်ချက်များ

အားကစားနှင့်ကစားနည်းများ၊ သရုပ်ဆောင်ခြင်း၊ ကင်းထောက်လုပ်ခြင်း၊ အဖွဲ့အစည်းနှင့်တစ်ခုခုလုပ်စေခြင်း၊ လူမှုရေးလုပ်ငန်းများကိုအခြေခံသောအစီအစဉ်များကိုဖန်တီးလုပ်ဆောင်စေနိုင်သည်။ ခြုံ၍အပြစ်ဒဏ်ပေးသည့်နည်း လမ်းသည် အချို့သောအခွင့်ကောင်းများကိုလက်လွတ်ရနိုင်သည်။

ငြင်းဆန်တတ်သောအကျင့်

အငြိမ်မနေတတ်သောကလေးကို အပြစ်ပေးခြင်းထက် ငြင်းဆန်တတ်ပါ။ ကျောင်းစာများကို အပတ်တကုပ်လုပ် တတ်သော ကလေးကိုဆရာ၊ ဆရာမကဆုချသင့်သည်။ ထိုဆုကား ချီးကျူးစကား၊ ဂုဏ်ပြုသည့်လက်ခုပ်သံစသည်ဖြင့် ဖြစ်သည်။

အရင်စဉ်းစားထားပါ။

အကယ်၍ ကလေးသည် မပြုလုပ်ရန်တားသောအပြုအမူကိုဆက်လုပ်နေပါက စုပေါင်းအပြစ်ပေးသည့်နည်းကို သုံးပါ။ အပြစ်ဒဏ်တိုးမြင့်ပေးခြင်းသည်အကျိုးမရှိ။ ပြင်ပအကူအညီနှင့်လမ်းညွှန်မှုကိုလည်းရယူပါ။ လူမှုရေးနယ်ပယ်၌ အပြုသဘောဆောင်သောသင်ကြားလမ်းကျောင်းပေးမှုမျိုးကိုမိတ်ဆက်လုပ်ဆောင်ပါ။ အာရုံစိုက်ခံရသောကလေးသည် သင်ကြားလုပ်ဆောင်စေသောအလုပ်များကိုပို၍လုပ်ဆောင်နိုင်သကဲ့သို့ အတွေ့အကြုံများကိုလည်းအခြားသူများနှင့်ပို၍ ‌ေ၀မျှပေးနိုင်သည်။ အခြားသူများခံစားနေရသည်များ၊ ပျော်ရွှင်နေမှုများကို နားလည်လက်ခံပေးနိုင်သောကြောင့် ဤသို့ သော်ကလေးသည် တင်းမာသောအခြေအနေမျိုး၌ ကြမ်းတမ်းသောနည်းလမ်းများဖြင့်လက်တုန့်ပြန်မှုနည်းပါးသည်။ ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းကိုကာကွယ်ရန်ဟုပြောရာ၌ မိဘများ၊ ဆရာသမားနှင့်တွေ့ဆုံစကားပြောခြင်း၊ အကြံဉာဏ်ပေးခြင်း၊ နေ့စဉ်အလုပ်ကိစ္စများအကြောင်း၊ တာ၀န်ယူတတ်သောအစီအစဉ်များ၊ အထူးပညာပေးအစီအစဉ် များ၊ ဆုပေးဒဏ်ပေးစနစ်၊ အမူအကျင့်ကိုစမ်းစစ်ခြင်း၊ ဆွေးနွေးခြင်းနှင့်မျက်ခြေမပျက်ထိန်းကျောင်းခြင်းစသည်တို့ကို လည်း ထည့်သွင်းပေးရမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3BobNkU

Add new comment

1 + 4 =