ကိုဗစ် (၁၉) Stay Home ကာလ အတွင်း ဒလမြို့နယ်မှ မိသားစုများအဆင်ပြေရေးအတွက် အိမ်ထောင်စု (၇၀၀) အား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ခြင်း။

ကိုဗစ် (၁၉) Stay Home ကာလ အတွင်း ဒလမြို့နယ်မှ မိသားစုများအဆင်ပြေရေးအတွက် အိမ်ထောင်စု (၇၀၀) အား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ခြင်း။

ကောင်းသောသိုးသိန်း မြန်မာဖောင်ဒေးရှင်းမှ သီလရှင်များသည်  ကိုဗစ် (၁၉) Stay Home ကာလ အတွင်း ဒလမြို့နယ်မှ မိသားစုများအဆင်ပြေရေးအတွက် အိမ်ထောင်စု (၇၀၀) အား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ခြင်း။

(၁.၅.၂၀၂၀)

ရန်ကုန်မြို့ ၊ ကောင်းသော သိုးထိန်း မြန်မာဖောင်ဒေးရှင်းမှ သီလရှင်များသည် မေလ (၁) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ၊ ဆာပါ‌ချောင်ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန် (၁၂) ပြည်၊ ဆီ (၅၀) ကျပ်သား ၊ ပဲ (၁ပိသာ) ၊ ငရုပ်၊အာလူး ၊ မဆလာ တို့အား အိမ်တိုင်ရာရောက် တိုက်ရိုက်သွား‌ရောက်ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ ၎င်းရပ်ကွက် အတွင်းရှိ အိမ်ထောင်စု (၇၀၀) စုအား ပေးဝေခဲ့တယ်လို့လည်း သိရှိရပါသည်။

ထိုကဲ့သို့ သွားရောက်လှူဒါန်းခြင်းတွင် ဆာပါချောင်ကျောင်းစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဉီးမင်းမင်းလတ်နှင့်ရုံးအဖွဲ့များ ဆာပါချောင် ရပ်ကွက် Thukha Famly မှ U Chit နှင့်အဖွဲ့များ ၊ ဉီးတက်တိုးနှင့်ရပ်ကွက်ပြည်သူများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဒလသစ္စာစာကြည့်တိုက်မှတဆင့် ဆာပါချောင် Thukha Famly မှ U Chit နှင့်အဖွဲ့က ကောင်းသောသိုးထိန်း မြန်မာဖောင်ဒေးရှင်း မှ သီလရှင်များအား Face Shield ( 13) ခု ကို လှူဒါန်းပေးခဲ့တယ်လို့ သိရှိရပါသည်။

အခြေခံစားသောက်ကုန်ပစ္စည်းများရရှိခဲ့သော မိသားစုဝင်တစ်ဉီးမှလည်း ယခုလို ကိုဗစ် (၁၉) ကပ်ရောဂါကာလအတွင်း သွားရေး လာရေး ၊ စားရေးသောက်ရေး ၊ အလုပ်အကိုင် အဆင်မပြေတဲ့ အခြေအနေ အတိုင်းအတာ တစ်ခုတွင် ဆန် ၊ ဆီ ၊ ပဲ နှင့် အခြားသော အခြေခံ စားသောက်ကုန်များကို အိမ်တိုင်ရာရောက် လာရောက်ထောက်ပံ့ ပေးသည့်အတွက် ပြောမပြတတ်အောင် ကမ္ဘာကြီးလောက် ကျေးဇူးကမ္ဘာ တင်မိပါတယ်ဟု ၎င်းရပ်ကွက်မှ မိသားစုဝင်တစ်ဉီးက ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

Photos & Source : ကိုဂျိမ်း (ဒလ)

News by – Pinky

#Covid19 #Covid19inMyanmar #rvapastoralcare #Donation #GoodShepherdMyanmar #Yangon

 

Add new comment

10 + 1 =