ကိုဗစ် ၁၉ ​ကြောင့် ကမ္ဘာ့လူငယ်များပွဲနေ့နဲ့ မိသားစုများ အစည်းအဝေးကြီးကို ပုပ်ဖရန်စစ်မှ ရပ်ဆိုင်းခြင်း

ကိုဗစ် ၁၉ ​ကြောင့် ကမ္ဘာ့လူငယ်များပွဲနေ့နဲ့ မိသားစုများ အစည်းအဝေးကြီးကို ပုပ်ဖရန်စစ်မှ ရပ်ဆိုင်းခြင်း

ကိုဗစ် ၁၉ ​ကြောင့် ကမ္ဘာ့လူငယ်များပွဲနေ့နဲ့ မိသားစုများ အစည်းအဝေးကြီးကို ပုပ်ဖရန်စစ်မှ ရပ်ဆိုင်းခြင်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ပြဿနာကြောင့် ကမ္ဘာ့မိသားစုများ အစည်းအ ဝေးကြီးနဲ့ လူငယ်ပွဲတော်ကြီးကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ တနှစ်တာ နောက်ဆုတ် ရပ်ဆိုင်းထားလိုက်ပြီဖြစ်တယ်လို့ ဗာတီကန်က တရားဝင်ကြေငြာလိုက်ပါတယ်။

၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာကျရောက်မယ့် အစည်းအဝေးများဖြစ်သော်လည်း၊ ကိုဗစ် ၁၉ အခြေအနေကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမှာ ကျင်းပမယ့် ကမ္ဘာဘလူငယ်ပွဲတော်ကြီးကို ၂၀၂၃ ခုနှစ် သြဂုတ်လသို့၄င်း၊ ၂၀၂၁ ခုနှစ် ဂျွန်လ ရောမမြို့မှာကျင်းပမယ့် ကမ္ဘာ့မိသားစုများ အစည်းအ ဝေးကြီးကို ၂၀၂၂ ခုနှစ် ဂျွန်လသို့ ၄င်း တနှစ်တာနောက်ဆုတ်ရွှေ့ဆိုင်းထားလိုက်ကြောင်း ဧပြီ ၂၀ ရက်နေ့က ဗာတီကန် သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယို ဘရူးနီက ပြောကြားလိုက်တာပါ။

အစည်းအ ဝေးကြီး နှစ်ခု စလုံးဟာ အမှန်တော့ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် တက်ရောက်မယ့် အစည်းအဝေးများဖြစ်ကြပြီးဟပရိတ်သတ် ထောင်ပေါင်းများစွာ တက်ရောက်လေ့ရှိကြပါတယ်။

အရှင်သူမြတ်အနေနဲ့ အခုလိုရွှေ့ဆိုင်းရခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ နောက်ပိုင်းဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေရှိနိုင်တာကြောင့် လူငယ်များနဲ့ မိသားစု များအား အခက်မတွေ့စေလိုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

၃ နှစ် တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ကမ္ဘာ့လူငယ်များနေ့ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီက က ပနာမား နိုင်ငံမှာကျင်းပခဲ့ပြီး လူငယ် ၇၀၀၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ လူငယ်ပွဲတော် ဆိုတာကို ၁၉၈၅ ခုနှစ်ကစလို့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး ယခု St.John Paul the great က စတင်ကျင်းပခဲ့တာဖြစ်ပြီး အတိတ်မှာ လူငယ် သန်းချီပြီးတက်ရောက်ခဲ့တဲ့ လူငယ်ပွဲတော်တွေလည်းရှိခဲ့ပါတယ်ဆိုခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Daniel Ibanez/CNA

https://bit.ly/2xQzJzd
 

Add new comment

1 + 0 =