ကိုဗစ် (၁၉) အလွန်အထိမစောင့်ဘဲကူညီကြရန် အလှူရှင်နိုင်ငံများအား ကာရီးတာစ် ပန်ကြား

ကိုဗစ် (၁၉) အလွန်အထိမစောင့်ဘဲကူညီကြရန် အလှူရှင်နိုင်ငံများအား ကာရီးတာစ် ပန်ကြား

ကိုဗစ် (၁၉) အလွန်အထိမစောင့်ဘဲကူညီကြရန် အလှူရှင်နိုင်ငံများအား ကာရီးတာစ် ပန်ကြား

ကိုဗစ် (၁၉) အလွန်အထိစောင့်ဆိုင်းမနေဘဲချက်ချင်းကူညီ ကြပါရန်၊ သို့မဟုတ်လျှင်လူပေါင်း သန်းနှင့်ချီ၍သေဆုံးကြမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာကာရီတာစ့်မှအလှူရှင်နိုင်ငံများအားပန် ကြားလိုက်ပါသည်။

လူသားချင်းဆိုင်ရာကူညီပေးသောကက်သလစ်လူမူရေး အသင်း ပေါင်းချုပ်၏ကြေငြာချက်တစ်ခု၌ပြီးခဲ့သောလေးလခန့်ကနိုင်ငံတကာမူ၀ါဒနှင့်သတင်းဌာနများကကိုဗစ် (၁၉) ရောဂါ ကူးစက်ပျံ့နှံ့မူကိုအထူး ဂရုစိုက်ဖော်ပြခဲ့သည်။ သို့သော်ကိုဗစ် (၁၉) အလွန်တွင်ဖြစ်လာနိုင်မည့်အကြပ် အတည်းကြီးကိုမူဖော်ပြပြောဆိုခြင်းမပြုကြဟု မှတ်ချက်ပြုထား သည်။ ကိုဗစ် (၁၉) အလွန်ဖြစ်ပေါ်လာ မည့်နောက်ဆက်တွဲများသည်ပို၍ပင်ခက်ခဲ့ရှုပ်ထွေးမည်ဖြစ်ကြောင်း၊ အသေအပျောက်လည်းပိုများနိုင် ခြေရှိကြောင်း၊ အထူးသဖြင့်ချို့တဲ့နွမ်းပါးသောနိုင်ငံများရှိအခြေခံလူတန်းစားများကြား၌ဗိုင်းရပ်စ်ပိုး ထက်ဆိုးရွားစွာသေကြေနိုင်ကြောင်း ကို လည်းထည့်သွင်းပြောကြားထားသည်။

အဘယ်ကြောင့်ဆိုသော် အိမ်အောင်းကာလသည်ကမ္ဘာ့နိုင်ငံအချို့သာဖြစ်ခဲ့သည်မဟုတ်ဘဲ၊ ကမ္ဘာတစ် ဝှမ်းလုံး၌ဖြစ်ပျက်ခဲ့၍က မ္ဘာ့စားနပ်ရိကွာပေးဝေရေးအစီအစဉ်ကိုများစွာထိခိုက်စေခဲ့သည်။ အလုပ်ပြတ်လတ်မူပြဿနာ ကြောင့်အစာရေစာ ပြဿနာ ဤနှစ်စာ (၂၃၀ သန်း) အထိတိုးလာနိုင်သည်။ ကိုဗစ် (၁၉) ရောဂါကိုဆိုးရွားစွာခံခဲ့ရသောအာဖရိကတိုက်အ နေဖြင့်စားနပ်ရိကွာပြတ် လတ်မူ၊ မဖူလုံမူများကိုအခြားသောသဘာ၀ဘေးဒဏ်များကြောင့်လည်းကြုံ နေရသည်။ ထို့အတူအရှေ့အလယ်ပိုင်း၊ လာတင်းအမေရိကားနှင့် အာရှတိုက်သည်လည်းဤကပ်ဆိုးကြီး မကျရောက်မီကပင်စားနပ်ရိက္ခာဖူလုံမူ၊ ကလေးများအာဟာရချို့တဲ့မှု၊ လူကြီးများစားနပ်ရိကွာပြတ် လတ်မူများကိုကြုံနေခဲ့ပြီးဖြစ်သည်။

၄င်းတို့အနက်ရွေ့ပြောင်းအလုပ်သမားများ၊ မိမိတို့နေထိုင်သော ပြည်တွင်း၌သာပြောင်းရွေ့နေထိုင်ကြ သူ များသည်အဆိုးရွားဆုံးခံကြရမည့်သူများစာရင်း၀င်သည်။ ပြောင်းရွေ့များတွင်စာရွက်စာတမ်းအပြည့်အစုံမရှိသူများသည်ပို၍ခက်ခဲပေမည်။ အ ဘယ်ကြောင့်ဆို သော်မိမိတို့၏လုံခြုံမူအတွက်ရိက္ခာများကိုသွားယူရန်ခက်ခဲပေမည်။ လက်ရှိ၌ကိုဗစ် (၁၉) ကိုဆိုးရွား စွာခံရသည့်နိုင်ငံများတွင် အလှူရှင်နိုင်ငံများလည်းပါနေခြင်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံတကာအဖွဲ့အ စည်းများအားမေတ္တာရပ်ခံထားသည်မှာစီးပွားရေး ပိတ်ဆို့မူခံထားရ သောနိုင်ငံများဖြစ်သည့်လီဗျား၊ အီ ရန်၊ ဗင်နီဇွဲလား၊ ဆီးရီးယားတို့ဖြစ်သည်။ ဘာသာရေးအခြေခံသောအသင်းအဖွဲ့များကအခြေခံလိုအပ် ချက် များကိုထောက်ပံ့ပေးခြင်း၊ အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်ခြင်း၊ အလွန်ချို့တဲ့ သောအဖွဲ့အစည်းများအတွက်လူသား တစ်ဦး၌ ရှိသင့်သောကျန်းမာရေးစောင့်ရှောက်မူနှင့်ငွေကြေးများ ကူညီရန်ဖြစ်သည်။

ဘာသာပြန် ဖာသာရ် ကလဲမင့်အားတယ်

Photo credit: AFP or licensors

https://bit.ly/3fz6zFA

Add new comment

8 + 4 =