ကိုဗစ် (၁၉) အရေးပေါ်ကာလ၌စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်ထိန်းကျောင်းနည်း

ကိုဗစ် (၁၉) အရေးပေါ်ကာလ၌စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်ထိန်းကျောင်းနည်း

ကိုဗစ် (၁၉) အရေးပေါ်ကာလ၌စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်ထိန်းကျောင်းနည်း

လက်ရှိရောဂါကပ်ဆိုးကြီးကြောင့်စိုးရိမ်ပူပန်စိတ်များရှိကြပေမည်။ မိမိနှင့်မိမိချစ်သူခင်သူများ၏ ကျန်းမာရေးအတွက်ပူပင်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသည်။ ကျန်းမာရေးမကောင်းလျင်အလုပ်ပျက် လာမည်။ အလုပ်ပျက်လာလျင်စား၀တ်နေရေးကြပ်တည်းလာမည်။ ထိုအခါ စိတ်ဖိစီးလာမည်။ ကျွန်ုပ် တို့၏စိတ်ဖိစီးမူ၊ စိုးရိမ်ပူပန်စိတ်များကိုလျော့နည်းအောင်ပြုလုပ်နိုင်သောနည်းလမ်းကောင်းရှိပါသည်။ စိတ်ဖိစီးမူ၊ ပူ ပန်စိတ်နည်းလျှင်မိမိကိုယ်ကိုလည်းကောင်း၊ မိသားစုကိုလည်းကောင်းကြပ်မတ်စောင့် ရှောင်ပေးနိုင်သည်။

သင်လက်တွေ့ကျကျလုပ်ဆောင်နိုင်သောကိစွများကိုစေ့စပ်သေချာစွာလုပ်ဆောင်ပါ။ သင်လက် လှမ်းမမှီသောအရာများအတွက် သောကပွားစိုးရိမ်စိတ်မများစေပါနှင့်။ ကျန်းမာရေးဌာနမှအချိန်နှင့်တ ပြေးညီထုတ်ပြန်သောလမ်းညွှန်ချက်များနှင့်အခြားခိုင်လုံသော အဖွဲ့အ စည်းများ၏လမ်းညွှန်ချက်များကိုတိကျစွာလိုက်နာလုပ်ဆောင်ပါ။ ဥပမာအားဖြင့်လက်ကိုလိုအပ်သလိုမကြာခဏဆေးခြင်း၊ ရောဂါကူး စက်မူ ကင်းစင်သောအသုံးအဆောင်များကိုသုံးခြင်း၊ မလိုအပ်ဘဲအရာဝတ္ထုများကိုထိခြင်း၊ ကိုင်ခြင်း၊ အိမ်ရှိစားပွဲမျက်နှာပြင်၊ နံရံစသည်တို့ကိုထိတို့ ခြင်း၊ အလုပ်များ၌ချောင်းဆိုးခြင်း၊ နှာချေခြင်းများကိုပိုး မွှားကာကွယ်သောနည်းလမ်းများကိုလိုက်နာခြင်း၊ တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထား သောအကွာအ​ေဝေး၌နေခြင်းတို့ကိုတိကျစွာလုပ်ဆောင်ပါ။

ဤလမ်းညွှန်ချက်များကိုတိကျစွာလိုက်နာလုပ်ဆောင်ပါကသင်နှင့်သင့်မိသားစု၊ သင့်အသိုင်းအဝိုင်းအားရောဂါကူးစက်ပျံ့နှံ့ခြင်း ကိုကာကွယ်ရန်စတင်လုပ်ဆောင်ပြီဖြစ်သည်။ လူမူကွန်ရက်များပေါ် ၌အကုန် အကျများသောနည်းလမ်းများစွာသည်သင့်အားစိုးရိမ်စိတ်၊ ပူပန် စိတ်ကိုကြီးထွားလာစေမည်။ ထို့ကြောင့်လူမူကွန်ရက်၊ အချို့သတင်းများကိုနားမယောင်မိရန်၊ မကြည့်မိရန်လည်းသတိဆောင်ပါ။ မိမိမကျွမ်း ကျင်၊ မနှံ့စပ်သောကိစွများကိုစကားဖောင်ဖွဲ့ထင်မြင်ချက်ပေးပြောဆိုဆွေးနွေးငြင်းခုန်နေခြင်းသည်သင့်ကိုယ်စိတ်ဖိစီးမူပိုဖြစ်စေ သည်။

သတင်းအမှားများ၊ မခိုင်လုံသောသတင်းများကိုလည်းသတိထားရှောင်ရှားပါ။ သင်၏တစ်နေ့ တာကိုအချိန်ဇယားများရေးဆွဲထား ၍ထိုအချိန်ဇယားအတိုင်တိကျစွာလိုက်နာပါ။ ထိုအခါသင့်၌အချိန်ပို မရှိသောကြောင့်သတင်းအမှားများကြောင့်စိတ်ဖိစီးမူနည်းပါးသွားမည်။ နိုင်ငံတော်မှတရား၀င်ထုတ် လွှင့်သောသတင်းအချိန်ကိုသာမှတ်သား၍နားထောင်ပါ။

သင်နှင့်သင့်မိသားစု၏ကျန်းမာရေးကိုစောင့်ရှောက်ကာကွယ်ရန်မှာအာဟာရဖြစ်စေသောအစား အစာများကိုစား၍ကိုယ်ခံအားတိုး အောင်ဖြည့်တင်းခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း (အနည်းဆုံး ၆ နာရီ)၊ ကာယလေ့ကျင့်ခန်းများကိုပြုလုပ်ခြင်းတို့ကိုပြုလုပ်ပါ။ သင်၏အားလပ်၍ အနားယူသောအချိန်များ၌ သင်နှစ်ခြိုက်သော၊ သင့်စိတ်ကိုပေါ့ပါးလွှတ်လပ်စေသောရုပ်သံအစီအစဉ်၊ ဇာတ်လမ်း၊ သီချင်း၊ ၀ါသ နာပါရာလုပ် ဆောင်ခြင်း၊ ဆုတောင်းခြင်း၊ တရားထိုင်ခြင်းများကိုလည်းပြုလုပ်နိုင်သည်။ ဤနည်းဖြင့် ရောဂါကပ်ဆိုးကြီးအကြောင်းတွေး၍ စိတ်ဖိစီးနေခြင်း မှသင့်အားလျော့ပါးစေသည်။

ဤရောဂါကပ်ဆိုးကြီးကြောင့်ယခင်အတိုင်းသွားလာခြင်း၊ အသိများထံလည်ပတ်ခြင်းများမပြု နိုင်သော်လည်း၄င်းတို့နှင့်ဆက်ဆံရေး မပြတ်အောင်ဖုန်းများ၊ ဗွီဒီယိုခေါ်များမကြာခဏခေါ်ဆို၍အား ပေးခြင်း၊ စာတိုရေးပို့နှစ်သိမ့်ပေးခြင်းများကိုပြုလုပ်၍အချင်းချင်းစိတ်ဖိစီးမူ၊ စိုး ရိမ်မူများလျော့နည်း အောင်ကူညီပေးနိုင်သည်။ စာနာစိတ်၊ သနားစိတ်များကိုမွေးမြူပါ။ ဤအရေးပေါ်ရောဂါကပ်ဆိုးကြီး ကြောင့်အကြပ်အ တည်းအမျိုးမျိုးကြုံတွေ့နေသူ၊ အကူအညီ (အစားအသောက်) လို အပ်သူများအား မိမိတတ်နိုင်သလောက်ကူညီပါ။ အထူးသဖြင့်တစ်ဦးတည်း နေထိုင်သူ၊ သားသမီးကျောထောက်နောက် ခံမရှိသူများ၊ ကာယမသန်စွမ်းသူများ၊ ဆေး၀ါးကိုမှီခို၍ရှင်သန်နေရသူများ၊ ကျန်းမာရေး၀န်ထမ်း၏ အကူအညီကိုလိုအပ်သူများကိုကူညီပေးပါ။ အကယ်၍သင်သည်အလုပ်ရှင်ဖြစ်နေပါလျင်မိမိ၀န်ထမ်းများ၏စာရင်းကိုကြည့်၍၄င်းတို့အားအဘယ် သို့၊ အဘယ်မျှကူညီနိုင်မည်၊ အဘယ်သူသည်ပို၍လိုအပ်သည် ကိုစစ်ဆေး၍ကူညီနိုင်အောင်ကြိုးစားပါ။

ယုံကြည်စိတ်ချရသောသူငယ်ချင်းများနှင့်အဆက်အသွယ်မပြတ်စေနှင့်။ ၄င်းတို့ထံမှနည်းနာများကိုလည်းမေးမြန်းဆွေးနွေးကြည့်ပါ။ အချို့သောလမ်းညွှန်ချက်များကိုဖော်ဆောင်ရန်အလွန်ခက်ခဲနေပါ လျှင်၄င်းတို့အနေဖြင့်အဘယ်သို့လက်တွေ့လုပ်ဆောင်နေကြောင်း၊ မိမိလုပ် ဆောင်နေသည်နှင့်အဘယ် သို့ကွဲလွှဲနေကြောင်းများကိုပြောဆိုဆွေးနွေးကြည့်ပါ။ ဥပမာအာဖြင့်သင်၊ သို့မဟုတ်သင်၏အိမ်သူအိမ် သားတစ်ဦးဦး သည်အိပ်မပျော်ခြင်း၊ စားမ၀င်ခြင်း၊ လှုပ်လှုပ်ရှားရှားမလုပ်လိုခြင်းများဖြစ်နေလျှင်အ ဘယ်သို့ကူညီဖြေရှင်းပေးရမည့်နည်းလမ်းများ ကိုမေးမြန်း နိုင်သည်။ အခြေအနေဆိုးရွားလာပါကအာရုံ ကြော၊ စိတ်ပိုင်းဆိုင်ရာဆရာ၀န်များနှင့်ပြသဆွေးနွေးခြင်း၊ အွန်လိုင်းမှဆေးနွေးခြင်းများကိုမိမိတို့ ၏မိသားစုအိမ်၌ရောဂါမဖြစ်အောင်ရှောင်နေစဉ်တွင်ပြုလုပ်နိုင်ပါသည်။ သို့သော်ဆရာ၀န်များနှင့်ဖြစ်ဆေယ ခုလတ်တလော၌လူတွေ့သွား ရောက်မေးမြန်းခြင်း၊ တွေ့ဆုံစစ်ဆေးခံခြင်းကိုမူအရေးပေါ်ကိစွမဟုတ်ပါ လျင်မပြုလုပ်ရန်အကြံပြုပါသည်။ အဘယ်ကြောင့်ဆိုသော်ကိုဗစ် (၁၉) စွဲကပ်ခံစားရသူများပြန်လည် ကျန်းမာလာ၍လူအသိုင်းအဝိုင်းအတွင်းပုံမှန်သွားကြမည့်အချိန်၊ အသိပညာရှင်၊ အတတ်ပညာရှင်အ များပိုင်း သည်လည်းကိုဗစ် (၁၉) ကာကွယ်ဆေးကိုအမြန်ဆုံးဖော်စပ်နိုင်ရန်လုပ်ကိုင်နေခြင်း၊ အစိုးရ လည်းမဟုတ်ဘဲ၊ အကျိုးအမြတ်လည်းမယူ သောလူ မူကူညီရေးအသင်းအဖွဲ့များလည်းလူသားထုကိုကူ ညီရန်ကြိုးစားနေကြသည်။ ကျွန်ုပ်တို့အားလုံးသည်စိတ်ပိုင်း၊ အာရုံကြောပိုင်းကျန်းမာသန် စွမ်းစေရန်အ တွက်အတူတကွပါ၀င်လုပ်ဆောင်နေကြပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Source: Psychological Association of the Philippines

Add new comment

1 + 1 =