ကိုဗစ် ၁၉ အတွက် ဆောင်ရန် ရှောင်ရန်

New COVID-19 ကာကွယ်ရေး...

မူလ D Strain Aspartic Acid မှ ကူးစက်မှုပိုမိုမြန်ဆန်သော G Strain Glycine သို့ပြောင်းလဲခဲ့ပြီဖြစ်သောကြောင့်၊ မျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်...

လိုက်နာရမည့်အချက်များ

၁- မိမိနေအိမ်အတွင်း၌သာ နေထိုင်ရန်

၂-နေအိမ်ပြင်ပသို့ မဖြစ်မနေသွားရောက်ပါက
Mask ကိုနှာခေါင်းနှင့်ပါးစပ်လုံအောင်စနစ်တကျတပ်ဆင်ရန်။ မျက်လုံးအကာအကွယ်အဖြစ်
Face Shield ထပ်မံတပ်ဆင်အသုံးပြုရန်

၃-အပြင်မှ ပြန်ရောက်ရောက်ခြင်း
အဝတ်အစားများ အားလုံးကိုဆပ်ပြာဖြင့် လျှော်ဖွတ်/ရေချိုးပြီးမှသာမိသားစုနှင့်ထိတွေ့ရန်

၄- အပြင်မှဝယ်ယူလာသည့်ပစ္စည်းများကိုအိမ်အဝင်ဝ၌အိတ်ထဲမှခြင်းတောင်း(သို့) ပုံးတခုထဲသို့ပြောင်းထည့်ပါ၊ ရေနှင့်ဆေးကြောနိုင်သည့်ပစ္စည်းများကိုဆပ်ပြာသုံး၍ဆေးကြောရန်

၅-လက်ကိုဆပ်ပြာ (သို့) Alcohol 60% ပါသောhand gel ဖြင့်မကြာခဏ ဆေးရန်

၆- နေ့စဉ်တဦးနှင့်တဦး ၆ပေအကွာနေထိုင်ပြောဆိုဆက်ဆံရန်

၇-တစ်ကိုယ်ရည်သန့်ရှင့်မှုဂရုပြုဆောင်ရွက်ရန်

၈- ကိုယ်ခံအားကောင်းစေရန် အာဟာရပြည့်စုံစွာစားသုံးရန်၊ အိပ်ရေးဝဝအိပ်ရန်၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများလုပ်ဆောင်ရန်

၉- နှာချေ၊ ချောင်းဆိုးလျှင်တံတောင်ကွေး သို့မဟုတ် တစ်သျှူးဖြင့်နှာခေါင်း၊ ပါးစပ်တို့ကိုအုပ်ရန်

၁၀- အသုံးပြုပြီးသားတစ်သျှူး၊ mask တို့ကိုအမှိုက်ပုံးထဲသို့စနစ်တကျစွန့်ပစ်ရန်၊ ပြီးလျှင်လက်ပြန်ဆေးရန်

၁၁- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သောလမ်းညွှန်ချက်များကိုအတိအကျလိုက်နာဆောင်ရွက်ရန်

၁၂-ရောဂါ positive လူနာနှင့်ထိတွေ့ခဲ့လျှင် သက်ဆိုင်ရာကျန်းမာရေးဌာန(သို့) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ချက်ချင်းအကြောင်းကြားခြင်းဖြင့်ရောဂါမပြန့်ပွါးအောင်ပူးပေါင်းပါဝင်ပေးရန်

၁၃- ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အနံ့အရသာပျောက်ခြင်း၊ အသက်ရှုကြပ်ခြင်းစသည့်ရောဂါသံသယလက္ခဏာများပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာန(သို့) ဆေးရုံသို့ဆက်သွယ်အကြောင်းကြားပြီးလိုအပ်သည့်စစ်ဆေးကုသမှုတို့ကိုခံယူရန်

ရှောင်ရှားရမည့်အချက်များ

 ၁- နေအိမ်ပြင်ပသို့
အချိန်ကြာမြင့်စွာ သွားလာခြင်းမှ
အတတ်နိုင်ဆုံး ရှောင်ရှားရန်

 ၂- လူထူထပ်သောနေရာများသို့သွားလာခြင်းမှရှောင်ရှားရန်

၃- အုပ်စုလိုက်ဝိုင်းဖွဲ့စားသောက်ခြင်း၊ စကားထိုင်ပြောခြင်းတို့မှရှောင်ရှားရန်

 ၄- ဧည့်သည်ကို လက်ခံခြင်းနှင့်
မိမိကိုယ်တိုင် တစ်ပါးသူ ထံသို့
သွားရောက် လည်ပတ်မှုမှ ရှောင်ရှားရန်

၅- mask အားမေ့စေ့ပေါ်တွင်ချိတ်ထားခြင်း၊ နှာခေါင်းဖော်၍ဝတ်ဆင်ခြင်းတို့မှရှောင်ရှားရန် တို့ဖြစ်ပါတယ်ရှင်။

မိဘပြည်သူများအားလုံး
ကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှ
လွတ်မြောက်ရှင်သန်နိုင်ကြပါစေ။

Add new comment

11 + 1 =