ကိုဗစ် ၁၉ အချိန်၌ကျရောက်သော ပုပ်ဘယ်နဒစ်၏ မွေးနေ့ကျင်းပခြင်း

ကိုဗစ် ၁၉ အချိန်၌ကျရောက်သော ပုပ်ဘယ်နဒစ်၏ မွေးနေ့ကျင်းပခြင်း

ကိုဗစ် ၁၉ အချိန်၌ကျရောက်သော ပုပ်ဘယ်နဒစ်၏ မွေးနေ့ကျင်းပခြင်း

အနားယူသွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ၁၆ ဆက်မြောက် ပါပါး ဘယ်နဒစ် အရှင်သူမြတ်ဟာ ဧပြီ ၁၆ ရက် ၂၀၂၀ မှာ သက်တော် ၉၃ နှစ် ပြည့်ခဲ့ပါပြီ။

ကိုရိုနာဗိုင်းရပ်စ် Lock-down အချိန် အိမ်တွင်းအောင်းနေကြရပေမယ့်လည်း ဗာတီကန် အတွင်းက Mater Ecclesia ရသေ့ကျောင်းဝင်းရှိ၊ ၄င်းရဲ့ နန်းဆောင်မှာ မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။

ကိုဗစ် ၁၉ ကြောင့် ဘယ်ဧည့်သည်မှ တော့ မပါ၀င်နိုင်ကြောင်း သို့သော် ဖုန်းတွေ၊ အီးမေးလ်တွေ၊ နုတ်ဆက်စာတွေ အများကြီး လက်ခံရရှိတယ်လို့ ပါပါးဘဲန် ရဲ့ သီးသန့် အတွင်းရေးမှူး ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Georg Ganswein က ပြောကြားခဲ့ပါတယ်။

တိတ်ဆိတ်စွာ ကျင်းပခဲ့ရတဲ့ မွေးနေ့ အစီအစဉ်လေးမှာတော့ မစ္ဆားတရား တော်၊ ဆုတောင်းမေတ္တာနဲ့ ထောက်ရှုကျမ်းချက်များအပြင် ပါပါး ဘယ်နဒစ်ရဲ့ မွေးရပ်မြေ Bavaria မှ ရိုးရာ သီချင်းလေး တချို့ကိုလည်းနားထောင်ခဲ့သေးကြောင်း

အရှင်သူမြတ်ပုပ်ဘယ်နဒစ်ဟာလည်း အပြင်မှာ ဖြစ်ပျက်နေတဲ့ ကိုရိုနာကပ်ဘေးနဲ့ ပတ်သက်သည်များကို အချိန်နဲ့ တပြေးညီ သိရှိခြင်းနဲ့အတူ ဒုက္ခ ရောက်သူအားလုံးအတွက် အရှင်သူမြတ်က အထူးဆုတောင်းပေးနေပါတယ်လို့ ဆရာတော်ကြီး Ganswein က ပြောကြားခဲ့ပါတယ်။

ပုပ်ဘယ်နဒစ်ဟာ ဆိုရင် ၂၀၁၃ ခုနှစ်မှာ သာသနာ့သိုးထိန်း ပုပ်ရဟန်းမင်းကြီး အဖြစ်မှ အနားယူခဲ့ ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးများရဲ့ သက်တမ်း ၆၀၀ အတွင်းမှာ မိမိဆန္ဒအလျောက် အနားယူခဲ့သည့် ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပါကြောင်း CNA သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2VhJPlL

Add new comment

5 + 1 =