ကိုဗစ် ၁၉ ဟာ နေရာမရွေး စည်းရိုးမရွေးဖြစ်တတ်တာမို့ ကမ္ဘာနှင့် တဝှမ်း အပစ်အခတ်တွေ ရပ်စဲကြပါရန် ပုပ်ဖရန်စစ် တောင်းဆို

ကိုဗစ် ၁၉ ဟာ နေရာမရွေး စည်းရိုးမရွေးဖြစ်တတ်တာမို့ ကမ္ဘာနှင့် တဝှမ်း အပစ်အခတ်တွေ ရပ်စဲကြပါရန် ပုပ်ဖရန်စစ် တောင်းဆို

ကိုဗစ် ၁၉ ဟာ နေရာမရွေး စည်းရိုးမရွေးဖြစ်တတ်တာမို့ ကမ္ဘာနှင့် တဝှမ်း အပစ်အခတ်တွေ ရပ်စဲကြပါရန် ပုပ်ဖရန်စစ် တောင်းဆို

ကမ္ဘာ့နိုင်ငံအတော်များများ ကိုရိုနာကပ်ဘေး ရင်ဆိုင်နေကြရခြင်းနှင့် ကိုရိုနာဗိုင်းစပ် သည် စည်းခြားခြင်းမရှိ ၊ တံတိုင်းနံရံ မသိ၊ အချိန်မရွေး နေရာမရွေးဖြစ်နိုင်သည့်အတွက်
စစ်ပွဲများမှ အပစ်အခတ်တွေရပ်စဲကြပါရန် ကို တနင်္ဂနွေနေ့တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က တောင်းဆိုလိုက်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ် ၁၉ ဟာ စည်းခြားခြင်းတွေဘာတွေမရှိပါဘူးလို့အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအချိန်မှာ အရှင်သူမြတ်က မြွက်ကြားလိုက်
တာပါ။
မတ်လ ၂၃ ရက်နေ့က ကမ္ဘာ့ကုလသမ္မဂ္ဂ၏ အတွင်းရေးမှူး General Antonio Guterres မှ ကမ္ဘာ့နေရာဒေသ အသီးသီးတိုင်းမှ ကမ္ဘာနဲ့တဝှမ်း စစ်ပွဲများ အမြန်ဆုံးရပ်တန့်ပြီး အပစ်အခတ်ရပ်စဲကျဘို့ နဲ့ အခုအချိန်မှာ ကိုရိုနာဗိုင်း
ရပ်စ်ကို အသက်လုပြီး အတူတကွတွန်းလှန်ဘို့ကို အာရုံစိုက်ကြရအောင်ပါလို့ ဖိတ်ခေါ်ချက်ကိုတုန့်ပြန်သောအား
ဖြင့် ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံများအနေနဲ့ လိုက်နာကြဘို့ အရှင်သူမြတ်ပုပ်ဖရန်စစ်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ပဋိပက္ခတွေကို စစ်ပွဲတွေနဲ့ အဖြေရှာလို့မရနိုင်ပါဘူးဟုဆိုကာ စစ်ပွဲမှန်သမျှကို ရပ်တန့်ကြဘို့ အားလုံးကို ကျွန်ုပ်ဖိတ်​ခေါ်လိုပါတယ်လို့ ဆိုရင်း အရှင်သူမြတ်က အာဏာပိုင်များအနေဖြင့် အခုလို ကိုရိုနာ ကပ်ဘေး ကာလမှာ အကျဉ်းထောင်များကို မမေ့လျော့သင့်ကြောင်းနှင့် အကျဉ်းသားများ၏ ခုခံနိုင်အားမရှိသည့် အားနည်းချက်ကို ထည့်သွင်းစဉ်းစားပေးကြရန်၄င်း အနာဂတ်မှာ ယခုလို ကပ်ဘေးများမကျရောက်စေရန် ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းများ ပ​ြုကြဘို့အတွက်ကိုလည်း တောင်းဆိုခဲ့ကြောင်း CNA သတင်းအရ သိရှိရပါသည်။

By Sr.Lucia Thandar Aung,SJA

 

https://bit.ly/3bEzaa6
 

Add new comment

2 + 1 =