ကိုဗစ် (၁၉) ရောဂါခံစားနေရသောလူနာများအားဗာတီကန်မှလစာများပေးလှူ

ကိုဗစ် (၁၉) ရောဂါခံစားနေရသောလူနာများအားဗာတီကန်မှလစာများပေးလှူ

ကိုဗစ် (၁၉) ရောဂါခံစားနေရသောလူနာများအားဗာတီကန်မှလစာများပေးလှူ
ကာဒီနယ်တစ်ပါးက ကိုဗစ် (၁၉) ရောဂါခံစားနေရသောကြောင့်အလုပ်မဆင်းနိုင်ဘဲ၀င်ငွေမရှိ ဖြစ်နေသောသူများအတွက်ထည့်သွင်းစဉ်းစားပေးရန်ဗာတီကန်အားအသနားခံခဲ့သည်ကိုလက်ခံတုန့် ပြန်ပေးသောကြောင့်ကျေးဇူးအထူးတင်နေမိသည်။ ထိုကာဒီနယ်ကား Konrad Krajewski ဖြစ်သည်။ အချို့၀န်ထမ်းများကိုဗစ် (၁၉) ကြောင့်အလုပ်မဆင်းနိုင်သော်လည်းလစာအပြည့်ကိုထောက်ပံ့ပေးခဲ့ ကြောင်းနှင့်အချို့က၄င်းတို့၏နှစ်လစာကိုပြန်လည်လှူဒါန်းပေးခဲ့ကြောင်း၊ အလွန်ထိရောက်သောတုန့် ပြန်မူဖြစ်ကြောင်းသူကပြောကြားခဲ့သည်။

ဧပြီလ (၆) ရက်နေ့ကရဟန်းမင်းကြီး၏အလှူကိုတာ၀န်ယူဖြန့်ဖြူးပေးရသောတာ၀န်ခံက ကာ ဒီနယ်များ၊ ဂိုဏ်းချုပ်ဆရာတော်၊ ဆရာတော်များနှင့်ရဟန်းမင်းကြီး၏ဘုရား ကျောင်းနှင့်‌ေ၀ယျာ၀ိ စွကိစွများကိုလုပ်ဆောင်ပေးသူများအားစာရေးသားပေးပို့၍အတိဒုက် ခရောက်နေသူများအားနှင့်၄င်း တို့တစ် စိတ်တစ်၀မ်းတည်းရှိကြောင်းပြသရန်အလှူတောင်းခံပါကြောင်း၊ ဤသို့ဖြင့်ရဟန်းမင်းကြီး၏ ကရုဏာရေးလုပ်ငန်း၌ပါ၀င်လုပ်ဆောင်နေကြောင်း၊ ဤသို့ပါ၀င်လှူဒါန်းခြင်းသည်ဗာတီကန် (၂) အစည်းအ‌ေ၀းဆုံးဖြတ်ချက်နှင့်လည်းညီလျှော်ကြောင်း၊ ထိုအလှူများကိုရဟန်းမင်းကြီးကအဘယ် သို့ပေးလှူမည်ကိုဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ယခုမှကောက်ခံသောအလှူမှာကျန်းမာရေးအတွက်အဓိက ဖြစ်ကြောင်းထည့်သွင်းရေးသားထားပါသည်။

အလှူငွေထည့်၀င်သောသူများတွင်တာ၀န်ခံကအလှူခံသူများတွင်မပါသောဗာတီကန်ရဲများပင် လျင်အလိုက်သိစွာလာရောက်ထည့်လှူခဲ့ကြသည်။ သန့်ရှင်းသောရက်သတ်တစ်ပတ်သည်ကက်သလစ် ဘာသာ၀င်များအဖို့ထူးခြားသောအချိန်ဖြစ်သည်။ ထို့အတူယခုအချိန်သည်လူတိုင်း၊ နေရာတိုင်း၊ နိုင်ငံ တိုင်းအကူအညီလိုအပ်သောအခြားအချိန်နှင့်မတူသောအချိန်ဖြစ်သည်။ ဤအလှူငွေများကိုကမာတစ် ၀န်းမှနွမ်းပါးချို့တဲ့သူများထံသို့ပေးပို့‌ေ၀မျှမည်ဖြစ်သည်။ အချို့ကိုကားကိုဗစ် (၁၉) အလူးအလဲခံခဲ့ရ သာရိုမေးနီးယားနှင့်ဇမ်ဘီးယားနိုင်ငံများသို့အသက်ရူကိရိယာကို၀ယ်ပို့လိုက်ပြီဖြစ်သည်

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3649ouc

Add new comment

2 + 2 =