ကိုဗစ် (၁၉) ရောဂါကာကွယ်နိုင်ရေးဒေသန္တရဘာသာရေးအဖွဲ့များအားကရုဏာမှထောက်ပံ့ကူညီ

ကိုဗစ် (၁၉) ရောဂါကာကွယ်နိုင်ရေးဒေသန္တရဘာသာရေးအဖွဲ့များအားကရုဏာမှထောက်ပံ့ကူညီ

 ကမ္ဘာ နှင့်အဝှမ်း၌ကိုဗစ် (၁၉) ကူးစက်ရောဂါကူးစက်ခံနေရသောကမ္ဘာတစ်ဝှမ်းမှပြည်သူများ အားကူညီနိုင်ရန်နှင့်ကက်သလစ်သာသနာအနေဖြင့်၄င်းတို့နဲ့
နီးကပ်စွာရှိကြောင်းအားပေးနှစ်သိမ့်ရန် ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့ကိုဗာတီကန် လက်အောက် ရှိ အပြည်ပြည်ဆိုင်ရာကရုဏာအဖွဲ့ချုပ်ကကိုင်တွယ်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အလွန်ကျယ်ပြောသောကွန်ရက်လုပ်ငန်းတစ်ခုဖြစ်သည်။ ဤအဖွဲ့သည်ကမ္ဘာ့နိုင်ငံ (၁၆၀) နှင့်ချိပ်ဆက်လုပ်ကိုင်ရမည်ဖြစ်သည်။

အမိကက် သလစ်သာသနာတော်အနေဖြင့်ယမန်နေ့ကြာသပတေးနေ့ကဤကူးစက်ရောဂါအတွက်လိုအပ်သော ရံပုံငွေရရှိရန်နည်းလမ်းသစ်ဖြင့်စတင်ခဲ့သည်။ ဤအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးဖြစ်သော အာလွိုင် ဆီအုစ့်ကဤရောဂါကပ်ဆိုးကာလ၌သာသနာအနေဖြင့်အဘယ်သို့လုပ်ဆောင်လိုကြောင်းကိုဗာတီကန် သတင်းဌာန၏ မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ကိုဗစ် (၁၉) ကြောင့်အလွန်စိတ်မကောင်း ဖြစ်နေရကြောင်း၊ အမိ သာသနာကြီးသည်ဒေသန္တရသာသနာတော်များအားဖြင့်ဤရောဂါစွဲကပ်ခံစားနေရသောသူများအားလုံးနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်း၊ အခြားသောအချိန်ထက် ယခုအရေးအပေါ်အခြေအနေ၌က မ္ဘာတစ်ဝှမ်းလုံးနှင့်ဆိုင်သောမေတ္တာတရားနှင့်ဂရုစိုက်မူကိုသာသနာအနေဖြင့်ပြသခြင်းဖြစ်ကြောင်း၊
ဤကော်မရှင်ထဲတွင်အဖွဲ့ငါးဖွဲ့
ပါ၀င်ကြောင်း၊ ကရုဏာသည်ပထမအဖွဲ့ထဲတွင်၀င်ကြောင်း၊ ဒေသန္တရ သာသနာတို့၏အသံကိုနားထောင်၍လိုအပ်ချက်များကိုကူညီပေးရန်၊ အပြည်ပြည်ဆိုင်ရာကရုဏာအဖွဲ့ အစည်းအနေဖြင့်ကျန်းမာရေး၊ အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်လာလျှင်အတွေ့အကြုံ အတော်ရှိပြီးဖြစ်ကြောင်း၊ ယခုအခါသာသနာအုပ်စုငယ်များအထိဆင့်၍ဖော်ဆောင်နေကြောင်း၊ တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြရန်ကျန်းမာရေးစောင့်ရှောက်ခြင်း၊ သောက်ရေသန့်များရရှိရေး၊ ရောဂါ ကိုအကာအကွယ်ဖြစ်စေမည့်လိုအပ်သောနှာခေါင်းစီး၊ လက်အိတ်စသည့်ပစွည်းများထောက်ပံ့ပေးခြင်း၊ ရပ်ကွက်၊ ရွာ၊ မြို့များသို့၀င်ထွက်သွားလာရန်တာမြစ်ထားသောဒေသများရှိပြည်သူများကိုအစားအစာ များပေးဝေခြင်းဖြင့် အတူတကွခံထမ်းနေကြောင်းပြသခြင်း၊ ရုပ်ပိုင်းဝေး နေသော်လည်းအနေနီးနိုင်သောနည်းလမ်းများကိုသင်ကြားပေးမည့်သူများစေလွှတ်သင်ကြားစေခြင်း၊ အကျိုးရှိထိရောက်မူရှိအောင်အဘယ်သို့ကူညီ
သင့်သည်ကိုလေ့လာခြင်းများကိုပြုလုပ်သွားကြမည်ဖြစ်သည်။

ဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3agOLeN

Photo Credit: AFP or Licensors

Add new comment

13 + 5 =