Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုဗစ် (၁၉) ဘေးဆိုးကြားမှ ရက် (၄၀) ၀ါရှောင်၊ ဆပ်ဖြေခြင်းကိုဖိလစ်ပိုင်သာသနာပြုလုပ်
ကိုဗစ် (၁၉) ဘေးဆိုးကြားမှ ရက် (၄၀) ၀ါရှောင်၊ ဆပ်ဖြေခြင်းကိုဖိလစ်ပိုင်သာသနာပြုလုပ်
ဖိလစ်ပိုင်နိုင်ငံသည်လည်း ကိးဗစ် (၁၉) နှင့်ဘတစ်ပြန်၊ ကျားတစ်ပြန်လုံးထွေးစစ်ခင်း နေရဆဲ ဖြစ်သည်။ ကူးစက်မှု နှင့် သေဆုံးမှု နှုန်းလည်းမြှင့်တက်လျှက်ရှိပါသည်။
အသိအတတ်ပညာရှင်များက ၄င်းတို့၏တတ်သိပညာများဖြင့် ဤကပ်ရောဂါဆိုးကြီးအားတိုက် ထုတ်နိုင်ရန်ကြိုးစားနေသကဲ့သို့ဖိလစ် ပိုင်တောင်ပိုင်း Zamboanga ၏ ဂိုဏ်းချုပ်ဆရာတော်သည် လည်း သူ၏ဘာသာတူ သားသမီးများအား ဘုရားကုစားပေးရန်ရည်ရွယ်၍ အောက်တိုဘာလ (၁၃)မှ နို၀င်ဘာလ (၂၁) ရက်နေ့အထိ ရက်ပေါင်း (၄၀) ၀ါရှောင်၊ ဆုတောင်း၊ အပြစ်ဒဏ်ဆပ်ဖြေခြင်းကို ပြုကြ ရန် ဖိတ်ခေါ် တိုက်တွန်းထားသည်။
ပြီးခဲ့သော ကြာသပတေးနေ့က ကူးစက်လူနာသစ်ဦးရေ (၁၆၃၁၃) ထိရှိခဲ့ကြောင်း အတည်ပြုခဲ့ ထားရာတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျင် လူနာဦးရေ (၁၈၉၉၂၂၂) အထိရှိလာပြီဖြစ်သည်။ ကျန်းမာ ရေး ၀န်ကြီးဌာနကလည်း ကိုဗစ် (၁၉)ကြောင့် သေဆုံးလူနာအသစ် (၂၃၆) ဦးရှိကြောင်း၊ ထို့ကြောင့်နိုင်ငံ တစ်၀ှမ်း၌ ကိုဗစ် (၁၉) ကြောင့်သေဆုံးလူနာ (၃၂၇၂၈) အထိရှိလာခဲ့သည်။ ကူးစက်သူ နှင့် သေဆုံး သူ ဦးရေများသည်ဆက်လက်တိုးတက်လျှက်ရှိသည်။
အထူးသဖြင့် လူဦးရေ (၁၃) သန်းကျော်နေထိုင်သော မြို့တော် နီလာ၌ပို၍မြင့်မားလျှက်ရှိသည်။ ဇူလိုင်လနောက်ဆုံးပတ်မှစ၍ နိုင်ငံအတွင်းကူးစက်မှုထပ်မံမြင့်တက်လာခဲ့သည်။ အရှေ့ တောင်အာရှ နိုင်ငံများ၌ အင်ဒိုနီးရှားသည် ကိုဗစ် (၁၉) ကြောင့်သေဆုံးသူဦးရေ (၁၃၁၀၀၀) ဦးဖြင့် သေဆုံးသူအများ ဆုံး နိုင်ငံ ဖြစ်နေပြီး၊ ဖိလစ်ပိုင်သည် ဒုတိယ အများဆုံးဖြစ်နေသည်။
Zamboanga ဂိုဏ်းချုပ်သာသနာက ပြီးခဲ့သော အင်္ဂါ နေ့က ရက်လေးဆယ် ဆုတောင်း၊ ၀ါရှောင် ဆပ်ဖြေခြင်း ကိုပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ နှင့်အဘယ်သို့ပြုလုပ်ရမည့်လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ဤရက် (၄၀) သည် ယေဇူး သခင်၏ ကန္တာရ၌ ၀ါရှောင်ဆုတောင်းခြင်းကိုပြန်လည်အမှတ်ရ စေသည့် အချိန်ကာလဖြစ်လည်း ဖြစ်သည်။ အောက်တိုဘာလ (၁၃) ရက်နေ့ည (၈) နာရီအချိန်၌ ဘုရားကျောင်းခေါင်းလောင်းထိုး၍အချက်ပေးမည်။ ထို့နောက် ဘုရားကျောင်းများ၌ ရဟန်းများနှင့် ဘာသာတူအချို့ပါ၀င်လျှက် စိပ်ပုတီးစိပ်ကြမည်။ နောင်တ တရား နှင့်ဆိုင်သောဘုရားစကား သွန်သင် ချက်များ ကို အပိုင်းလိုက်ထုတ်လွှင့်ရန်လည်းစီစဉ်ထားသည်။ ထို့နောက် ကျောင်း ထိုင်များအားလည်း အာပတ်ဖြေဆိုနိုင်အောင်စီစဉ်ထားပေးရန်ကိုလည်းညွှန်ကြားထားမည်ဖြစ်ပြီး၊ မိမိတို့၏အသက်တာကို ဘုရားသခင်အားပြန်လည်ဆက်ကပ်ဆန်းသစ်ရန်ဖြစ်သည်။
ဤရက် (၄၀) ၀ိညာဉ်ရေးအသက်တာလှုပ်ရှားမှုသည် နို၀င်ဘာ (၂၁) ရက်နေ့၌အဆုံးသတ်မည် ဖြစ်၍ထို နေ့သည် ခရစ္စတူးဘုရင်ပွဲနေ့ဖြစ်သည်။ ထို့ကြောင့် ‘အပြစ်ဒဏ်ဆပ်ဖြေသည့်စည်းတန်း လမ်း လျှောက် ခြင်းကို ဂိုဏ်းချုပ်သာသနာ၏ ‘အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ဂူ’ ဘုရားကျောင်း တော်ကြီး ၀င်းမှအစပြု၍ Nuestra Señora La Virgen del Pilar ဗိမာန်အထိသွား၍အဆုံးသတ် ကြ မည်ဖြစ်သည်။
ဤစီတန်းလမ်းလျှောက်ခြင်းအစီအစဉ်၌ ဘာ သာတူများမပါ၀င်နိုင်သော်လည်း ရဟန်းတော် များ၊ သီလရှင်များ၊ သူတော်စင်များပါ၀င်ကြမည်ဖြစ်သည်။
Credit to Vatican News
Add new comment