ကိုဗစ် (၁၉) နှင့်ဗာတီကန်၏ကြိုတင်ကာကွယ်မူလုပ်ငန်းစဉ်

ကိုဗစ် (၁၉) နှင့်ဗာတီကန်၏ကြိုတင်ကာကွယ်မူလုပ်ငန်းစဉ်
ဗာတီကန်သည်လည်းကိုဗစ် (၁၉) ၏အဖျားခတ်မူဒဏ်ကိုခံရပြီး၊ ရဟန်းမင်းကြီးသာမန်နှာစီးသည်ကိုပင်ကိုဗစ် (၁၉) ခံစားနေရသည်ဟုလည်းသတင်းလွှင့်ခဲ့သည်များလည်းဖြစ်ခဲ့သည်။ ဗာတီကန်သည်လည်း ဤကူးစက်ရောဂါနှင့် ပတ်သက်၍အထူးကြိုတင် ကာကွယ်မူကိုပြုလုပ်ထားကြောင်း ဗာတီကန်ရုံးတော်၏ ကျန်းမာရေးဆိုင်ရာတာ၀န်ခံဖြစ်သော ပရောဖက်ဆာအန်ဒရေးယာနှင့်တွေ့ဆုံမေးမြန်းထားသည်။ ပရောဖက်ဆာ၏အပြောအရဗာတီကန်၌ကူးစက်ခံရသူတစ် ဦးမျှမရှိသေးကြောင်း၊ ပြီးခဲ့သောသောကြာနေ့က ကူးစက်ခံရကြောင်းတရား၀င်ထုတ်ပြန်ခဲ့သောလူနာမှာဗာတီကန်၀င်း အတွင်းနေထိုင်သူလည်းမဟုတ်။ မိမိခံစားနေရသောရောဂါကိုပြသရန်လာရောက်ရာမှထိုဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ဖြစ်ကြောင်းသိ လိုက် ရခြင်းသာဖြစ်သည်။ သိလိုက်သည်နှင့်နောက်တစ်နေ့၌ဂျဲမဲလီဆေးရုံသို့ချက်ချင်းလွှဲပြောင်းပေးခဲ့ ကြောင်း၊ ဤဖြစ်စဉ်နှင့်ပတ်သက်၍ထိုနေ့ညနေပိုင်းတွင်ထိုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများကိုအကာအကွယ်ပေးရန် အရေးပေါ်အစည်းအ‌ေ၀◌းဆင့်ခေါ်ခဲ့သည်။ ထိုနောက်ဗာတီကျန်၀င်းအတွင်၀န်ဆောင်မူပေးနေသော ကျန်းမာရေး စောင့်ရှောင်မူကိုအားလုံးကိုခေတရပ်နားထားရန်ကိုလည်းညွှန်ကြားခဲ့သည်။
မေး။ ။ဗာတီကန်၀င်းသည်အလွန်ကျဉ်းသောကြောင့်လက်ရှိဖြစ်ပေါ်နေသောအခြေအနေနှင့်ပတ်သက်၍ အဘယ်သို့ ကိုင် တွယ်နေသနည်း။
ဖြေ။ ။အခြေအနေအားလုံးကိုအနီးကပ်စောင့်ကြပ်ကြည့်ရူနေပါသည်။ ဆရာ၀န်းများ၊ သူနာပြုဆရာ၊ ဆရာမများ အား လည်းလိုအပ်သောအချက်အလက်များကိုလည်းလမ်းညွှန်မူပေးထားသည်။ လိုအပ်သလို ရောဂါနောက်ဆုံး လက်ခဏများ ကိုလည်းအသိပေးလျှက်ရှိသည်။ ဗာတီကန် အတွင်း၌ကြို တင်ကာကွယ်မူ ကိုဦးစွာပြုလုပ် ထား ခြင်းဖြင့်သံသယရှိလူနာ သည်အခြားသူများအားမကူးစက်မပျံ့သွားရန်ကားကိုအသင့်စောင့်ခိုင်းထားသည်။ 
မေး။ ။ကျွန်ုပ်တို့လိုက်နာနိုင်ရန်အတွက်လည်းသင့်အနေဖြင့်အယ်သို့အကြံပြုမည်နည်း။
အကြံပြုချက်မှာအီတလီနှင့်ကမာ့ကျန်းမာရေးအဖွဲ့၊ ဆရာ၀◌န်များ၏အကြံပြုချက်အတိုင်းပင်လက်များကိုဆပ် ပြာဖြင့်စကန့်သုံးဆယ်ခန့်သေချာစွာဆေးပါ။ အရက်ပြန်များ၊ လက်ဆေးရည်များဖြင့်ဆေးပါ။ ပို၍လက် တွေ့ကျ သည်မှာ မလိုအပ်ပါကလူများနှင့်ပူးပူးကပ်ကပ်မနေရန်၊ လူစည်သောနေရာများကိုရှောင်ရန်၊ (ဓာတ်လေကား)။ ကူးစက်ရောဂါ၏ အခြေခံအမှတ်လက်ခဏာများဖြစ်သည့်အဖျားရှိခြင်း၊ အသက်ရူရာ၌ခက်ခဲခြင်း၊ ချောင်း ခြောက်ဆိုးခြင်း၊ အအေးမိခြင်း များဖြစ်လာပါကဆေးရုံ၊ ဆေးခန်းများ သို့ချက်ချင်း မသွားဘဲ ဖုန်းဖြင့်ဦးစွာ ဆက် သွယ်၍အကျိုးအကြောင်းကိုဆွေးနွေးမေး မြန်းပါ။ ဤသို့ဖြင့် မိမိသည် သံသယဖြစ်စွာ လူနာဖြစ်က သူ တစ်ပါး အားကူးစက်စေခြင်းမှလည်းကောင်း၊ သူတစ်ပါးထံမှကူး စက်လာခြင်းမှ လည်း ကာကွယ်ပြီး သားဖြစ်သည်။ 
မေး။ ။ တနဂနွေနေ့ကမွန်းတည့်အချိန်တွင်ရဟန်းမင်းကြီးအန်ဂျေလူးမေတာကိုလည်းခါတိုင်းကဲ့သို့မဟုတ်ဘဲရဟန်းမင်း ကြီး၏တမန်တော်ရုံးခန်းမှမြွတ်ကြားခဲ့သည်။ ထို့အတူဗုဒွဟူးနေ့စိန် ပီတာရင်ပြင်သို့စုရုံး ရောက်ရှိလာ သော ဘုရားဖူးများ အားလည်းခါ တိုင်းကဲ့သို့လူကိုယ်တိုင် ထွက်၍ပြုလုပ်နေကြ ထောက်ရူချက်ကို လည်းဗွီဒီယို ရုပ်သံမှသာထုတ်လွှင့်တော့မည်နှင့်ပတ်သက်၍
ဖြေ။ ။ ဤသို့ပြုလုပ်ခြင်းကိုလည်းလူအုပ်များမှအချင်းချင်းကူးစက်နိုင်ခြေများကိုကြိုတင်ကာကွယ်လိုသည့်ရည်ရွယ်ချက် ဖြင့်အီတလီအာဏာပိုင်များနှင့်ညှိနှိုင်းပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီး ၏ပုံမှန်သတင်း စကားကိုခေတ်သစ် နည်းပညာအကူအညီဖြင့်ကျွန်ုပ်တို့ဆီသို့ရောက်လာနိုင်သည်။ 
မေး။ ။ဗာတီကန်၏သတင်းဌာနကလည်းဗာတီကန်ပြတိုက်ကြီးကိုခေတပိတ်ထားကြောင်းကြေငြာခဲ့သည်။ လူနာရာနှင့် ချီသောကုသမူကိုပေးနေသည့်ဗာတီကန်ဆေးခန်းကိုလည်းပိတ်မည်လော။ နေ့စဉ် ဆေး၀◌ါး ကုသမူကိုခံယူနေသောလူ နာများကို အဘယ်သို့သော စောင့်ရှောက်မူ ကိုနည်းလမ်းကိုအသုံးပြုမည်နည်း။
ဖြေ။ ။ လူနာများစွာစုပုံနေမည့်အခြေအနေကိုကြိုတင်ရှောင်ရှားသည့်အနေဖြင့်လူအသစ်များထပ်မံလက်ခံခြင်းကိုကန့် သတ်ထားလိုက်ပြီ။ အဘယ် ကြောင့်ဆိုသော် ၀န်ဆောင်မူပေး နေသောကျန်းမာ ရေး၀န်ထမ်းများ၏ လုံခြုံမူ အတွက်သော် လည်းကောင်း၊ ကောင်တာ၌ လည်းလူများနှင့်တိုက်ရိုက် ထိတွေ့မူမရှိစေရန်မှန် အကာ အကွယ် များတပ်ဆင်ပေးထား သည်။
မေး။ ။ ဘာစီးလီကာဘေးနားတစ်၀◌ိုက်တွင်ညအိမ်ခိုကြသောအိုးမဲ့အိမ်မဲ့သူများအတွက်လက်ရှိအခြေအနေသည် အ ဘယ်အပြောင်းအလဲမျိုးနှင့်ကြုံနိုင်သနည်း။ 
ဖြေ။ ။မည်သို့မျှမပြောင်းလဲ။ ကာဒီနယ်ဦးဆောင် နေသောချို့တဲ့ သူများအားကူညီ သည့်ကရုဏာရေး လုပ်ငန်းသည်ဆက် လက်လုပ်ဆောင်နေမည်။ ကူညီသည် ဆိုသော်လည်း နှစ်ဦးနှစ်ဖက်၏ လုံခြုံမူ အတွက်ကို လည်း ထည့်သွင်းစဉ်းစားထားပါ သည်။ အိုးမဲ့အိမ်မဲ့ များခိုနားအိမ်စက်သော နေရာများ၌ ယခုအခါမီး သတ် တပ်ဖွဲ့က ကျန်းမာရေးအတွက်ရှင်လင်းထားပြီး ဖြစ်သည်။ ၄င်းတို့သည်နေ့ စဉ်ပြုလုပ်သကဲ့သို့ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ 
မေး။ ။ဗာတီကန်ပိုင်အဆောက်အဦး၌ လုပ်ငန်းရှင်များမှဖွင့်လစ်ထားသည့်စားသောက် ဆိုင်များနှင့်ဗာတီကန်၏စူ ပါမားကက်များကိုပိတ်ထားရန်အစီအစဉ်ရှိပါသလော။
ဖြေ။ ။လတ်တလောတွင်ပိတ်ထားမည်ဖြစ်သည်။ သို့သော် ဗာတီကန်၏ စူပါမား ကက်မာမူ ဗာတီကန် အတွင်း နေထိုင်ကြ သောသူများအတွက် အဓိကအား ထားရာဖြစ်၍ ပိတ်ရန်အစီ အစဉ် အရှိသေးပေ။ သို့သော်ရော ဂါမကူးစက်ရေး၊ မပျံ့ပွားရေး နှင့်ဆိုင်သော ကြိုတင် ကာကွယ် မူလုပ်ငန်းများ အဖြစ် လူအုပ် လိုက်၀င်ထွက် ခြင်းကိုထိန်းချုပ်မူများပြုလုပ်သွားမည်။
မေး။ ။အဆုံးသတ်အနေဖြင့်မေးလိုသည်မှာအကောင်းဆုံးကြိုတင်ကာကွယ်မူသည်အဘယ်နည်းလမ်းဖြစ်မည်ကိုအကြံ ပြုပေးနိုင်မည်လော။
ဖြေ။ ။အကောင်းဆုံးကြိုတင်ကာကွယ်နည်းများမှာအထက်ကဆိုခဲ့သည့်နည်းများနှင့်ယခုရက်ပိုင်းလူပြောသူပြော များသောနည်းလမ်းဖြစ်သည်။ အရေးအကြီးဆုံးကတော့လက်ကိုရေ၊ ဆပ်ပြာနဲ့စကန့်နှစ်ဆယ်၊ သုံးဆယ်ကြာ သေသေ ချာချာဆေးကြောရန်ဖြစ်သည်။ နောက်တစ်ချက်ကားအရက်ပျံနှင့်လက်ကိုသန့်စင်ခြင်း၊ လက်ဆေး ဆပ်ပြာများ ဖြင့်ဆေး ကြောသည့်နည်းဖြစ်သည်။ အခြေခံကြသော ကာကွယ်နည်း တစ်ခုမှာ လူအများ နှင့်ပူးပူး ကပ်ကပ်ထိတွေ့မူများမှရှောင်ရန် ဖြစ်သည်။ ဤနည်းများကို သတိကြီးစွာ ဖြင့်လိုက် နာရမည် ဖြစ်သည်။ အကျင့် သားမရှိသော်လည်းရှိလာအောင်ပြောင်းလဲ ယူရမည်။ ဥပမာ အနေဖြင့် လူချင်းတွေ လျှင်လက်ဆန့် ထုတ် နှုတ်ဆက်ခြင်း၊ ဓာတ်လှေကားများသုံးခြင်းဖြစ်သည်။ မဖြစ်မ နေသုံးရမည် ဆိုပါလျှင် လည်း အကွာ အ‌ေ၀◌း ကိုသတိရှိရန်လိုသည်ဟုအကြံပြုလိုပါသည်။

ဘာသာပြန်ဆိုသူ
ဖာသာရ်ကလဲမင့်အားသယ်

http://bit.ly/2Q1roys

Add new comment

4 + 6 =