ကိုဗစ် (၁၉) ကြောင့် (၂၀၂၀) ယူဂန္ဓာ၏ဓမ္မအာဇာနည်ကြီးများနေ့ကျင်းပရန်စီအစဉ်ကိုဖျက်သိမ်း

ကိုဗစ် (၁၉) ကြောင့် (၂၀၂၀) ယူဂန္ဓာ၏ဓမ္မအာဇာနည်ကြီးများနေ့ကျင်းပရန်စီအစဉ်ကိုဖျက်သိမ်း

ကိုဗစ် (၁၉) ကြောင့် (၂၀၂၀) ယူဂန္ဓာ၏ဓမ္မအာဇာနည်ကြီးများနေ့ကျင်းပရန်စီအစဉ်ကိုဖျက်သိမ်း

ယူဂန္ဓာဆရာတော်ကြီးများသည် (၂၀၂၀) ၏ယူဂန္ဓာဓမ္မအာဇာနည်ကြီးများနေ့ကိုကျင်းပရန်လျာ ထားခဲ့သော်လည်းကိုဗစ် (၁၉) ကြောင့်ဖျက်သိမ်းလိုက်သည်။ ဤသို့ဖျက်သိမ်းလိုက်သောကြောင့်ယူဂန္ဓာဘာသာတူများအတွက်အလွန်စိတ်မကောင်းဖြစ်ရသော် လည်းဆုံး ဖြတ်ချက်ကိုလက်ခံကြသည်။ ထို နေ့ကိုဇွန်လ (၃) ရက်နေ့တွင်နှစ်စဉ်ကျင်းပလာခဲ့သည်။

ပွဲတော်ကျင်းပရန်ပွဲတော်မတိုင်မီအလှူငွေများ ကောက်ခံ၍ပြင်ဆင်မှုများပြုလုပ်လာခဲ့သည်မှာအတော်ခရီးရောက်နေပြီ။ ထိုအခမ်းအနားကိုဓမ္မအာဇာနည်ကြီးများ၏ဗိမာန်တော်တည်ဆောက် ထားသော Namugongo တွင်ကျင်းပရန်ဖြစ်သည်။ နှစ်စဉ်ကျက်ပျံမကျနိုင်အောင်ဘုရားဖူးများဖြင့်စည် ကားသည်။ ပွဲတော်ဖြစ်မြောက်
ရေးကို ယူဂန္ဓာသာသနာမှလည်းကောင်း၊ ၀တ်ပြုခြင်းအပိုင်းကိုမူ Masaka သာသနာမှလည်းကောင်းတာ၀န်ယူရန်တာ၀န်ခွဲပေး ထားခဲ့သည်။

ကိုဗစ် (၁၉) ကူးစက်ရောဂါကြောင့်ပြင်ဆင်မူများအားလုံးရပ်တန့်ထား

ပွဲတော်ကျင်းပခြင်းကို၀တ်ပြုခြင်းကိုဦးဆောင်မည့် Masaka သာသနာပိုငဆရာတော် ၏ မေတ္တာ ရပ်ခံချက်အပေါ်ဆရာတော်ကြီးများက လည်းသဘောတူ၍ယခုနှစ်၌မကျင်းပတော့ရန်ယူဂန္ဓာကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်၊ Kiyinda Mityana သာသနာ ပိုင်ဖြစ်သောဆရာတော် Joseph Anthony Zziwa မှဧပြီ (၂၉) ရက်နေ့ကကြေငြာခဲ့သည်။

Masaka သာသနာသည်ဤပွဲတော်ကိုအခြေအနေသင့်တော်သောအချိန်၌ပြန်လည်ကျင်းပရန်မျှော်လင့်

Masaka သာသနာ၏လူထုဆက်သွယ်ရေးတာ၀န်ခံလည်းဖြစ်သောဖာသာရ် Ronal Mayanja က သာသနာအနေဖြင့်ကိုဗစ် (၁၉) ကပ် ရောဂါဘေးဆိုးကြီးလွန်မြောက်သွားသောတစ်နေ့ပွဲတော်ကိုကျင်း ပရန်အသင့်ရှိကြောင်း၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီးကိုလည်းမဖျက် သိမ်းသေးကြောင်း၊ သာသနာ အနေဖြင့်အလှူငွေဒေါ်လာ (၈၀၀၀၀) လည်းကောက်ခံရရှိထားပြီဖြစ်ကြောင်း၊ ပွဲတော်၏ကုန်ကျစရိတ် မှာဒေါ် လာ (၂၅၀၀၀၀) ဖြစ်ကြောင်း၊ ထိုနေ့၌ပင်အင်္ဂလီကန်အသင်းတော်ကလည်း၄င်းတို့၏ဓမ္မအာဇာ နည်ပွဲနေ့ကျင်းပမည်ဖြစ်သော်လည်း၊ လူထု အားတရား၀င်ချပြရဦးမည်ဖြစ်သည်။

ဓမအာဇာနည်များကားအဘယ်သူများနည်း။

ထိုနေ့ကိုတစ်နိုင်ငံလုံးအားလပ်ရက်အဖြစ်သတ်မှတ်ထားသည်။ ဓမ္မအာဇာနည်များမှာကက်သလစ် (၂၂) ပါးနှင့်အင်္ဂလီကန် (၂၃) ပါး ဖြစ်သည်။ ၄င်းတို့သည် Buganda မင်းဆက်လက်ထက်၌ခရစ် ယာန်များအဖြစ်သက်၀င်ယုံကြည်ခဲ့ကြသည်။ ခရစ်ယာန်အယူ၀ါဒကိုသက်၀င် ယုံကြည်သူအများစုမှာလူငယ်များဖြစ်ကြသည်။ ၄င်းတို့သည်မိရိုးဖလာ၏၀တ်ပြုခြင်းကိုမဆည်းကပ်သောကြောင့်နိုင်ငံအတွင်း သာသနာပြုများ ဆက် လက်ထားရှိခြင်းသည်နိုင်ငံအတွက်အလွန်စိုးရိမ်ဖွယ်ရာအခြေအနေသို့တွန်းပို့နိုင် သည်ဟုမှတ်ယူ၍ဘုရင်ဖြစ်သူ Kabaka Mwanga II သည် (၁၈၈၅-၁၈၈၇) အတွင်းခရစ်ယာန်ဖြစ်လာခဲ့ သူများအားသတ်ဖြတ်ရန်အမိန့်ချ၍ခရစ်ယာန်များအားကွပ်မျက်ခဲ့ကြသည်။

ဘာသာပြန်ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3de8Dkp

Add new comment

5 + 6 =