ကိုဗစ် (၁၉) ကြောင့်ဗာတီကန်ပြတိုက်ကိုအများပြည်သူများလာရောက်လည် ပတ်ခြင်းမှခေတ္တပြန်ပိတ်

ကိုဗစ် (၁၉) ကြောင့်ဗာတီကန်ပြတိုက်ကိုအများပြည်သူများလာရောက်လည် ပတ်ခြင်းမှခေတ္တပြန်ပိတ်

ကိုဗစ် (၁၉) ကြောင့်ဗာတီကန်ပြတိုက်ကိုအများပြည်သူများလာရောက်လည် ပတ်ခြင်းမှခေတ္တပြန်ပိတ်

ဗာတီကန်သတင်းပြန်ကြား‌ရေးရုံးတော်မှာ ကြေငြာချက်တစ်ခုကိုဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်သည်မှာ ဗာတီကန် ပြတိုက်နှင့်ဗာတီကန်နှင့်ဆက်စပ်သောအများပြည်သူများလည်ပတ်ခွင့်ပြုထားသောအဆောက်အအုံ၊ နေရာများအားလုံး ကိုအများပြည်သူများလာရောက်လည်ပတ်ကြည့်ရူနိုင်ရန်ဖွင့်ထားပေးခဲ့သော်လည်း အီတလီအစိုးရ၏ကိုဗစ်နှင့်ပတ်သက် သောထုတ်ပြန်ချက်၌တစ်ကျော့ပြန်အခြေအနေစိုးရိမ်ဖွယ်ထပ်မံဖြစ်ပွားလာသည့်အတွက် နိုင်၀င်ဘာလ (၅) ရက်မှ ဒီဇင် ဘာလ (၃) ရက်နေ့အထိခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊

လက်မှတ်၀ယ်ယူထားသောပြည်သူများအားငွေပြန်လည်ထုတ် ပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်ပထမလှိုင်းကြောင့်လည်း အလားတူအဖြစ်အပျက်မျိုးကိုလည်း‌မတ်လ (၉) ရက်နေ့မှစ၍ဇွန် လ (၃) ရက်နေ့အထိပိတ်ထားခဲ့ရကြောင်း၊

ဗာတီကန်ပြတိုက်အား၀င်ရောက်ကြည့်ရူလေ့လာလိုပါကအွန်လိုင်းမှ၀င်ရောက် ကြည့်ရူလေ့လာနိုင်ကြောင်း၊ ဤသို့စီစဉ်ထားပေးခြင်းမှာအများပြည်သူများအားဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာတော် နှင့်သဘာ၀အလှကိုပုံတော်များမှခံစားနိုင်ရန်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2IbbPDa

 

 

Add new comment

1 + 3 =