ကိုဗစ် (၁၉) ကြောင့်ကိုယ်တော်မြတ်မုန့်များကိုလည်းသိုလှောင်ထားရ

ကိုဗစ် (၁၉) ကြောင့်ကိုယ်တော်မြတ်မုန့်များကိုလည်းသိုလှောင်ထားရ

ကိုဗစ် (၁၉) ကြောင့်ကိုယ်တော်မြတ်မုန့်များကိုလည်းသိုလှောင်ထားရ

စိန့်စီစီးလျာသီလရှင်ရသေ့ကျောင်း ၌သီတင်းသုံးနေသောရသေ့သီလရှင်များမှာဘက်နက်ဒင်တင်းသီလရှင်များဖြစ်သည်။ ဤရသေ့ကျောင်းသည်အင်္ဂလိပ်တူးမြောင်း ၌ရှိသော Weight ကျွန်းငယ်လေး တွင်သီတင်းသုံးနေကြသည်။ သူတို့သည်မစ္ဆားတရားပူဇော်ခြင်း၌အသုံးပြုသည့်ကိုယ်တော်မြတ်မုန့်ကို ဖုတ်ရောင်းလေ့ရှိသည်။

ရသေ့သီလရှင်ကျောင်းကို (၁၈၈၂) ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး၊ ကိုယ်တော်မြတ်မုန့် ကို (၁၉၂၄) ခုနှစ်မှစ၍ဖုတ်ခဲ့သည်။ ဖောက်သည်ပေါင်း (၃၅၀) ကျော်ရှိပြီး၊ ၄င်းတို့အနက် (၁၆၅) ဦးမှာ ပုံမှန်ဖောက်သည်များဖြစ်ကြသည်။ ကိုဗစ် (၁၉) ကူး စက်ရောဂါကြောင့်မစ္ဆားတရားပူဇော်ခြင်း၊ ဘုရား ကျောင်းများပိတ်ထားရမည့်သတင်းများကြောင့်ကိုယ် တော်မြတ်မုန့်ဖုတ်သောတာ၀န်ခံသီလရှင်က မိမိ တို့၏ဖောက်သည်များအားဖုန်းဖြင့်လည်းကောင်း၊ အီးမေးလ်ဖြင့်လည်းကောင်းမှာယူထားသောကိုယ်တော်မြတ်ကိုအဘယ်သို့ပြုလုပ်ရမည်ကိုမေးမြန်းခဲ့ရာ ထုပ်ထားသောကိုယ်တော်မြတ်မုန့်အထုပ် ကို ဆက်လက်သိမ်းထားပေးရန်မေတ္တာရပ်ခံလာသည်။ ဖုတ် ထားပြီးသောကိုယ်တော်မြတ်မုန့်ကိုအပူ၊ အအေးမျှတသောနေရာ ၌ သိမ်းထားလျင်ကိုယ်တော်မြတ် သည်လနှင့်ချီ၍သိမ်းထား၍ရသည်။

ဘုရားကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း၊ ဆုတောင်း၀တ်ပြုခြင်းပုံ မှန်ပြုလုပ်ခွင့်ရလာပါကအဆိုပါကိုယ်တော်မြတ်ကိုပြန်အသုံးပြုနိုင်မည်ဖြစ်သည်။ သီလရှင်များသည် ကိုယ်တော်မြတ်မုန့်ရောင်းချ၍ ရသောဝင်ငွေကိုအဓိကအားထားရသောကြောင့်၊ ဘုန်းတော်ကြီးတစ်ပါး ကအကြံပေးသည်မှာလက်ရှိ၌ကိုယ်တော်မြတ်ကိုမပို့ဘဲကိုယ်တော်မြတ်ဖိုးကိုသာငွေကြေးပေးပို့ရန်နှင့် အချို့ကသီလရှင်များအတွက်အလှူငွေများလှူဒါန်းပေးကြသည်။ ယခင်နှစ်ကကိုယ်တော်မြတ်အသေး ကိုလေးသန်းခန့်နှင့်ကိုယ်တော်မြတ်အကြီးကို (၇၆၀၀၀) သာရောင်းချနိုင်ခဲ့သည်။ ယခုနှစ်၌မူကိုယ် တော်မြတ်အသေး (၈၂၈၂၀၀) နှင့်ကိုယ်တော်မြတ်အကြီး (၂၀၀၀၀) သာရောင်းချနိုင်ခဲ့သည်။ ကျောင်း ၌ရသေ့သီလရှင် (၃၁) ပါး ရှိကြောင်း၊ အသက်များမှာ (၂၂ မှ ၉၂) အထိရှိကြောင်း၊ အချို့မှာလေ့လာသင်ယူ သောကာလ၌ရှိနေကြကြောင်း၊ သီလရှင်များသည်ကိုယ်တော်မြတ်ကိုဖုတ်၍ဖြန့်ဖြူးရောင်းချနေခဲ့သည် မှာရာစုတစ်စုပင်ကျော်ပြီဖြစ်သည်။

ကိုယ်တော်မြတ်မုန့်ဖုတ်စက်ကိုမူ (၂၀၁၉) ခုနှစ်၌၀ယ်ယူခဲ့ပြီး၊ မုန့်ဖုတ် သောခွက်သုံးလုံးပါရှိသည်။ မုန့်အချပ်ကြီးများကိုညှပ်သောစက်ကို (၂၀၁၅) ခုနှစ်၌၀ယ်ယူခဲ့သည်။ ကိုယ်တော်မြတ်မုန့်ဖုတ်ရာ၌လျှံထွက်သောဂျုံများ၊ အပဲ့အကြွေများကိုစုထား၍အနီးအနားရှိလယ်သ မားများအားပေးပြီး၊ သူတို့၏တိရစ္ဆာန်များကိုကျွေးခိုင်းလေ့ရှိကြောင်း၊ သီလရှင်ကျောင်း ၀င်း၌အဖွဲ့လိုက် ၀တ်စောင့်နိုင်ရန်အဆောင်များလည်းရှိပြီး၊ ဆပ်ပြာ၊ နှုတ်ဆက်ကဒ်၊ ဘာသာရေးကဒ်အမျိုးမျိုး၊ ဘုရား ပုံတော်၊ ဆင်းတု တော်များလည်းထုတ်လုပ်ကြောင်း၊ သို့သော်ကိုဗစ် (၁၉) ကြောင့်လာရောက်လည်ပတ်သူ၊ ဝတ်စောင့်ရန်လာရောက်သူများမရှိ၍အားလုံပိတ်ထား၊ ရပ်နားထားရကြောင်း၊ သီလရှင်တို့၏အဓိ ကသာသနာပြုလုပ်ငန်းမှာဆုတောင်းခြင်းဖြစ်ကြောင်း၊ ယခုကပ်ရောဂါဆိုးကာလ၌သီလရှင်တို့၏ဆု တောင်းခြင်းသည်ပို၍ပင်ဆုတောင်းမေတ္တာပို့သဖြစ်ကြောင်း၊ အခြားသူများမစ္ဆားတရားမပူဇော်ရသော် လည်းသီလရှင်များအတွက် အနီး အနားရှိရသေ့ဘုန်းကြီးများက နေ့စဉ်ကြွရောက်ပူဇော်ပေးသောကြောင့်ကျေး ဇူးတင်ရပါကြောင်း၊ မကြာမီအခြေအနေအားလုံးသည်ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ရန်ဆု တောင်းမျှော် လင့်နေပါကြောင်းဖြင့်တာ၀န်ခံသီလရှင်ကရှင်းပြပါသည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

Photo Courtesy of St. Cecilia’s Abbey

https://bit.ly/3ev6AZV

Add new comment

10 + 8 =