ကိုဗစ် ၁၉ ကူးစက်ရောဂါသည် ဆီးရီးယားနိုင်ငံ အတွက် ကြီးမားသောကပ်ဘေးတခုဖြစ်လာနိုင်သည့်သတင်း

ကိုဗစ် ၁၉ ကူးစက်ရောဂါသည် ဆီးရီးယားနိုင်ငံ အတွက် ကြီးမားသောကပ်ဘေးတခုဖြစ်လာနိုင်သည့်သတင်း

ကိုဗစ် ၁၉ ကူးစက်ရောဂါသည် ဆီးရီးယားနိုင်ငံ အတွက် ကြီးမားသောကပ်ဘေးတခုဖြစ်လာနိုင်သည့်သတင်း

၉ နှစ်အကြာပဋိပက္ခစစ်ပွဲများဖြစ်ပွားလျှက် ရှိသော ဆီးရီးယားနိုင်ငံအနေဖြင့် ထိုပဋိပက္ခများကြားအတွင်း လူပေါင်း ၃၈၀၀၀၀ ကျော် သေဆုံး ခဲ့ပြီး လူ ၁၂ သန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြ ရ၍ ဒုက္ခသည်စခန်းများလည်း အများအပြားရှိနေကြောင်း ထို့ကြောင့် ကိုဗစ် ၁၉ ကူးစက်ရောဂါအတွင်း ဆီးရီးယားနိုင်ငံသည် အအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကာဒီနယ် မာရီးယို ဇယ်နာရီမှ ပြောကြားခဲ့ပါသည်။

ကာဒီနယ်ကြီးမှ VaticanNews သို့ပြောကြားရာတွင်၊ သခင်ခရစ်တော် ရှင်ပြန်သည့် ပါစကားကာလကြီးနီးသော်လည်း ဘုးရားကျောင်းများမှာ ကိုဗစ်ကြောင့်ပိတ်ထားလျက်ရှိကြောင်းစစ်ပွဲများ၏ အကျိုးဆက်အဖြစ် သောက်သုံးရေ ရရှိမု အစားအစာ ရရှိမှုခက်ခဲခြင်း၊ နိုင်ငံဆေးရုံ တော်တော်များများမှာလည်း ဆေးရုံအင်္ဂါရပ်နှင့်မညီပဲ ဆေးဝါးများနှင့် ဝန်ထမ်းမလုံလောက်မှု ပြဿနာမျာလည်းရှိနေကြောင်း

ထို့ကြောင့် ထောင်နှင့် ချီနေသောအိုးအိမ်စွန့်ခွာ တိမ်းရှောင် သူများ ဒုက္ခသည်စခန်းများမှာလည်း သန့်ရှင်းသပ်ရပ်မှုမရှိပဲ ကိုဗစ် ကူးစက်မှုမရှိစေရန် ကောင်းမွန်စွာ လက်ဆေးကြရမည်ဆိုသည်မှာ သူတို့အတွက် စဉ်းစား၍မရနိုင်သော ကိစ္စဖြစ်နေကြောင်း

လောလောဆယ်တွင် ဘုရားကျောင်းများကို ပိတ်ထား​ပြီး အစိုးရ၏လမ်းညွှန်ချက်နှင့်အတူ လူမှုရေး နှင့် ကျန်းမာရေးလုပ်ငန်းများမှာ ပါဝင်လုပ်ဆောင်လျှက် ရှိကြတယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် ကမ္ဘာအရပ်ရပ်မှာ ခရစ်ယာန်တို့ရဲ့ ရက်ရောစွာ ထောက်ပံ့မှုများ ရှိနေခဲ့သော်လည်း အိမ်နီးချင်း လက်ဘနွန် နိုင်ငံ၏ အကြပ်အတည်းကြောင့်အခုအခါမှာ အနည်းငယ် ဆိုင်းငံ့လျှက်ရှိကြောင်း ကမ္ဘာတဝှမ်း ခရီးသွားလာမှု ပိတ်ဆို့ ခြင်းဟာလည်း အ​ခြေအနေကို ပိုမိုဆိုးရွားစေပြီး လက်ရှိမှာ ဂရိ အော့သဒေါ့သ် ဆေးရုံ နှင့် ဆေးရုံ အနည်းငယ်လောက်ကသာ ဆင်းရဲသောပြည်သူများကို အခမဲ့ ကုသပေးနေပါတယ်။

အဆိုပါ ကပ်ရောဂါ ကာလသည် ဆီးရီးယားရှိ လက်နှက်ကိုင် ပဋိပက္ခများ ကို နိုင်ငံရေးအဖြေ တခုတွေ့စေမည့်အခွင့်အလမ်း တခုဖြစ်နိုင်သလို လွဲချော်သွားပါကလည်း ပြန်လည်တည့်မတ်ဘို့ ခဲယင်းသောအခြေအနေတွင် ရှိနေကြောင်း ကာဒီနယ်ကြီးမှ မိန့်ကြားခဲ့​ပါတယ်

အခုအချိန်မှာတော့ ကူးစက်ခံရသူ ၁၆ဉီး နှင့် သေဆုံးသူ ၂ ဉီး ရှိပြီဖြစ်ကြောင်း ကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

By William ZNO,RVA

#RVAMyanmar
#Covid19
#CoronaVirus
#SyriaandCovid
#COVIDandPoor
#ChurchinSyria

 

Photo credit: AFP or Licensors

https://bit.ly/2RhjTUC

 

Add new comment

1 + 2 =