ကိုဗစ် (၁၉) ကူးစက်ရောဂါကြောင့်သီးခြားကုသခံလူနာများအတွက်ရဟန်းမင်းကြီးဆုတောင်းချွေ

ကိုဗစ် (၁၉) ကူးစက်ရောဂါကြောင့်သီးခြားကုသခံလူနာများအတွက်ရဟန်းမင်းကြီးဆုတောင်းချွေ

ကိုဗစ် (၁၉) ကူးစက်ရောဂါကြောင့်သီးခြားကုသခံလူနာများအတွက်ရဟန်းမင်းကြီးဆုတောင်းချွေ

ရဟန်းမင်းကြီးကကျွန်ုပ်တို့ကိုစိတ်အားဖြင့်ကိုယ်တော်မြတ်ပင့်ယူချိန်၌ ယေဇူးသခင်နှင့်လည်းကောင်း၊ အချင်း ချင်းနှင့်လည်းကောင်း၊ ပြန်လည်ပေါင်းစည်းရန်ဖိတ်ခေါ်လိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော်လက်ရှိအရေးပေါ်အခြေ အနေ၌နိုင်ငံတော်အစိုးရသည်ပြည်သူများအားမလွှဲမရှောင်သာသောအရေးကိစွမျိုးမှလွှဲ၍သွားခြင်းများမပြုလုပ်ရန်နိုး ဆော်ထားသည်။

ဤအခြေအနေ၌ကျွန်ုပ်တို့သည်အနည်းနှင့်အများအထီးကျန်ခံစားရမည်။ ထို့ကြောင့်သာသနာတော် ကြီး၏အသင်းသူအသင်းသားများနှင့်ပြန်လည်ပေါင်းစည်းခြင်း၏အနစ်သာရကိုပြန်လည်တူးဆွ၍လေးနက်စွာရှင်သန်ရ မည်။ ကိုဗစ် (၁၉) ကြောင့်နယ်စပ်များပိတ်လိုက်ခြင်း၊ လေယာဉ်ခရီးစဉ်များရပ်နားထားခြင်း၊ ကမာတစ်၀မ်းလုံးအတွက် အရေးပေါ်အခြေအနေအဖြစ်ကြေငြာထားသည်။ သို့သော်ကမာသို့ဆက်လက်ပျံ့နှံ့လျှက်ရှိသည်။

ဤအရေးပေါ်အခြေအနေမျိုး၌အသွားအလာနည်းပါးခြင်းကြောင့်အထီးကျန်မည်ဖြစ်သော်လည်း ယေဇူးသခင် နှင့်ပေါင်းစပ်ပါကအဘယ်တော့မှအထီးကျန်ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားပြီး၊ သူသည်ဦးသျှောင်ဖြစ်သွားသည်။ ဤပေါင်းစည်းခြင်းကိုဖွံ့ဖြိုးစေသည့်နည်းလမ်းမှာဆုတောင်းခြင်းဖြစ်သည်။ ကိုယ် တော်မြတ်စကရာမင်းတွင်ကိန်းအောင်သောယေဇူးသခင်အားစိတ်အားဖြင့်ပေါင်းစည်းရမည်ဖြစ်သည်။ ဤစိတ်အားဖြင့် ကိုယ်တော်မြတ်ပင့်ယူခြင်းနည်းသည်ကိုယ်တော်မြတ်ကိုပင့်ယူနိုင်ခြေအရှိသည့်အခြေအနေ၌ပြုလုပ်ရန်အထူးတိုက်တွန်း ထားသည်။

ရဟန်းမင်းကြီးကယခုထောက်ရူချက်ပေးနေခြင်းသည်ဘာသာတူသားသမီးများအားလုံးကိုပြောနေခြင်းဖြစ် ကြောင်း၊ အထူးသဖြင့်တစ်ဦးတည်းနေထိုင်နေရသူများကိုရည်ရွယ်ကြောင်း၊ နေထိုင်မကောင်းသူများ၊ ရောဂါကူးစက်ခံ ထားရသူများကိုပြုစုကုသစောင့်ရှောက်ပေးနေသောစေတနာ့၀န်ထမ်းများအားလုံးကိုလည်းသတိတရဖြင့်ထုတ်ဖော်ခဲ့ သည်။

ထို့အတူသက်ကြီးရွယ်အိုများ၊ နွမ်းပါးသူများ၊ အိမ်ယာမဲ့များအားပြုစုစောင့်ရှောက်ပေးနေကြသောသူများအား စောင့်ရှောင်ပေးသောစေတနာ၀န်ထမ်းများကိုလည်းအသိအမှတ်ပြုပေးခဲ့သည်။ တစ်ဦးစီဆက်ကပ်သောရက်ရောမူအ တွက်ကျေးဇူးတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်အလွန်ခက်ခဲသောအချိန်ကာလတစ်ခု၌ကူညီနေကြခြင်းဖြစ် ကြောင်း၊ ကျွန်ုပ်တို့၏သခင်သည်သင်တို့ကိုကောင်းကြီးပေးပါစေ။ ကျွန်ုပ်တို့၏မိခင်မယ်တော်သည်သင်တို့ကိုစောင့် ရှောက်တော်မူပါစေ။
ရဟန်းမင်းကြီးသည်တနဂ်နွေနေ့မွန်းတည့်အန်ဂျေလူးမေတာမဆိုမီကိုဗစ် (၁၉) ကူးစက်ခံရသောလူနာများနှင့် သံသယရှိလူနာများကိုစောင့်ရှောက်ပေးနေသောကမာတစ်၀မ်းမှရဟန်းတော်များအားလူနာများစိတ်ထိခိုက်မူ၊ စိတ် အားငယ်မူမခံစားရစေရန်သတိကြီးစွာကိုင်တွယ်ချဉ်းကပ်ပုံများအတွက်ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ အီတလီ နိုင်ငံတစ်၀မ်းလုံး၌မိမိတို့၏ကိုယ်ပိုင်အားလပ်ချိန်များ၌၀င်ထွက်ဆုတောင်းနိုင်ရန်ဘုရားကျောင်းကိုနေ့ပိုင်း၌ပိတ်ချိန်မရှိ ဖွင့်လှစ်ပေးထားသည်။ မစားတရားကိုမူဘာသာတူများပါ၀င်ပူဇော်ခြင်းမရှိဘဲရဟန်းတစ်ပါးတည်းသာပူဇော်ရသည်။

ဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်
#Covid19
#Coronavirus
#Popepray

Photo Credit: AFP/Licensors

 

http://bit.ly/33tQqM3

Add new comment

12 + 3 =