ကိုဗစ် (၁၉) ကူးစက်ခံလူနာများကိုပြုစုနေသော ကက်သလစ်ပရဟိတ္တသမားများ အသက်အန္တာရာယ်နှင့်ကြုံနေ

ကိုဗစ် (၁၉) ကူးစက်ခံလူနာများကိုပြုစုနေသော ကက်သလစ်ပရဟိတ္တသမားများ အသက်အန္တာရာယ်နှင့်ကြုံနေ

အိန္ဒိယသည် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်ပွားရာ အဆိုးဆုံးနေရာဖြစ်လာနေသည်။ နိုင်ငံ၏ ဆေးရုံများအားလုံး ကိုးဗစ်ကူးစက်လူနာများဖြင့်ပြည့်နေပြီ။ ရောဂါကူးစက်ခံစားနေရသောလူနာများအား ကူညီစောင့်ရှောက်ရန် Bangalore ကက်သလစ်ဂိုဏ်းချုပ်သာသနာမှတက်ကြွစွာပါ၀င်လျှက်ရှိသည်။ ထိုလူမှုကူညီရေးအဖွဲ့အစည်း၌ ရဟန်းတော်များ၊ သီ လရှင်များ၊ လူငယ်မောင်မယ်များဖြင့်ဖွဲ့စည်း၍ ကက်သလစ်အဖွဲ့အစည်းမှဖွင့်လှစ်ထားသော ဆေးရုံများ၌ လုပ်အားများ ပေးလျှက်ရှိသည်။

အဆိုပါလှုပ်ရှားမူ၌ ဦးဆောင်နေသူ၊ ဂိုဏ်းချုပ်သာသနာ၏ လူငယ်တာ၀န်ခံလည်းဖြစ်သော ဖာသာရ် ANIL D'SA က ‘ရောဂါခံစားနေရသောလူနာများသည် အချိန်မှီပြုစုစောင့်ရှောက်မည့်သူမရှိ၍ လည်း သေနေကြရကြောင်း၊ ၄င်းတို့ သည်ကိုယ်တိုင်ထ၍ မစားနိုင်၊ မသောက်နိုင်။ ၄င်းတို့အားခူးခပ်ကျွေးမွေးမည့်သူလည်းမရှိကသောကြောင့်လည်း သေ ဆုံးမှုနှုန်းမြှင့်တက်ရခြင်းဖြစ်ကြောင်း၊ ဤလစ်လပ်နေသောဟာကွက်၌ ကက်သလစ်လုပ်အားပေးအဖွဲ့အနေဖြင့် ဖြည့် စွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်အားသွားရောက်ပေးမည့်သူများအနေဖြင့် အကာ အကွယ်ယူထားကြသော်လည်း အမှန် တကယ်ရောဂါခံစားနေရသော လူနာများကိုပြုစုစောင့် ရှောက်ခြင်းသည် ရောဂါကူးစက်နိုင်သည့်အန္တာရာယ်ရှိကြောင်း၊ သို့ သော် စွန့်စား၍လုပ်အားပေးနေကြကြောင်း၊ ယခုကဲ့သို့လုပ်အားပေးရန် အဘယ်သူ့ကိုမျှ အတင်းအကြပ်တောင်းဆို ခြင်းမပြုဘဲ၊ အသိမ်ငယ်ဆုံးသောသူများအား အစေခံလို၊ အလုပ်အကျွေးပြုလို၍ မိမိတို့၏ ဆက်ကပ်မူသာဖြစ်ကြောင်း၊ ဤသို့အသက်အန္တာရာယ်ရှိသော်လည်း ဆက်ကပ်ခြင်းဖြင့် ဘုရား သခင်၏ ချစ်ခြင်းကိုသက်သေခံရာ၊ ဘုရား သခင်၏လုပ် ဆောင်ချက်များကို အခြားသူများအားမြင်တွေ့စေနိုင်ကြောင်း၊ အ ထူးသဖြင့်လူတိုင်းစိုးရိမ်ထိတ် လန့်နေသောယခုအ ချိန်မျိုးသည် အမှန်တကယ်အကူအညီလိုအပ်သူများထံသို့ ကျွန်ုပ်တို့အ ရောက်သွား၍ကူညီနိုင်ကြောင်း၊ သို့မှသာ မကျန်း မမာဖြစ်နေသောကမ္ဘာကြီးအား ပြန်လည်ကုစားပေးနိုင်မည်ဖြစ် ကြောင်း လုပ်အားပေးရာတွင်ကြုံတွေ့ရသည့် စိန်ခေါ်မူ ကိုပြောကြားခဲ့သည်။

Bangalore သည် အိန္ဒိယတောင်ပိုင်း Karnataka ခရိုင်၏မြို့တော်ဖြစ်သည်။ ဤခရိုင်တစ်ခုတည်း၌ ပင် အတည်ပြုကူးစက်လူနာပေါင်း (၂) သန်းရှိသည်။ အိန္ဒိယနိုင်ငံသည် ကိုးဗစ် (၁၉) ကာကွယ်ဆေးထုတ် လုပ်သော အများဆုံးနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏လူဦးရေ (၂.၆) ရာခိုင်နှုန်းကိုသာ ဆေးညွှန်းအပြည့် ကာကွယ် ဆေးထိုးပေးနိုင်သေးကြောင်း၊ မိမိတို့နိုင်ငံ၏ စိန်ခေါ်မူအလွန်မြင့် မားသော လက်ရှိအခြေအနေ၌ပင် လူငယ်များသည် မိမိ တို့၏ဘ၀ကိုရင်း၍ နိုင်ငံအားမျှော်လင့်ချက်များပေးနိုင်ရန် အားထုတ်နေကြရှာသည်ဟုဆိုသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Rome Reports/Google images

https://bit.ly/3uT3kA5

Add new comment

7 + 6 =