ကိုဗစ် (၁၉) ကူးစက်ခံရသောဘုန်းတော်ကြီးအားစာနာမူပြသခဲ့သောပုပုပ်ရဟန်းမင်းကြီးဖရန်စစ်

ကိုဗစ် (၁၉) ကူးစက်ခံရသောဘုန်းတော်ကြီးအားစာနာမူပြသခဲ့သောပုပုပ်ရဟန်းမင်းကြီးဖရန်စစ်

ကိုဗစ် (၁၉) ကူးစက်ခံရသောဘုန်းတော်ကြီးအားစာနာမူပြသခဲ့သောပုပုပ်ရဟန်းမင်းကြီးဖရန်စစ်

ကိုဗစ် (၁၉) ကူးစက်ခံရသောဘုန်းတော်ကြီးများမှာ ရဟန်းမင်းကြီးဖရန်စစ်၏ဇာတိမြေဖြစ် သော အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့နှင့်မ ဝေးလှသည့်ဆင်ခြေဖုံးရပ်ကွက်မှဖြစ်သည်။ ရဟန်းမင်း ကြီးသည် ထိုဘုန်းတော်ကြီးအားဗွီဒီယိုဖိုင်လ်လေးဖြင့်ဆုတောင်းပေးကြောင်း၊ ကိုယ်ချင်းစာနာ ပါကြောင့်ဖြင့် အားပေးစကားမိန့်ကြားထားသည်။ ဤဘုန်းတော်ကြီးသုံးပါးတို့သည် မိမိတို့၏သိုးထိန်း အမှုတော်ကိုလူများကြားထမ်းဆောင်နေရင်း ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

ဗွီဒီယိုဖိုင်လ်ထဲ၌ရဟန်း မင်းကြီးက ‘ကျွန်ုပ်အားပေးလိုသည်မှာသင်တို့နှင့်အနီးဆုံးတွင်ရှိနေမည်ဖြစ် ကြောင်း၊ သင်တို့အတွက် လည်းဆုတောင်းပေးလျှက်ရှိကြောင်း၊ ယခုလည်းသင်တို့နှင့်အတူရှိနေကြောင်း၊ သင်တို့လည်းဆုတောင်း ခြင်းဖြင့်လည်းကောင်း၊ ဆရာ၀န်တို့၏ကုသမူကိုခံယူရင်းခက်ခဲသောအချိန်ကိုကျော်လွှားနေကြမည်ဟု ယုံကြည်ကြောင်းဇူလိုင်လ (၉) ရက်နေ့ကပေးပို့သောဗွီဒီယိုဖိုင်လ်တွင်မိန့်ကြားထားသည်။

ကိုဗစ် (၁၉) ကူးစက်ခံရသောဘုန်းတော်ကြီးများအနက် Bachi ဟုလူသိများသောဘုန်းတော်ကြီး Basilicio Britez ကိုအဓိကထားမိန့်ကြားထားသည်။ သူ့အားလည်း Villa Palito (မျက်မှောက်၌ Barrio Almafuerte ဟုလူသိများသော ထိုချို့တဲ့ခက်ခဲသည့်ဒေသအမည်) ၏စွန်းဦးလူဟုဂုဏ်ပြုသုံးနှုန်းထား သည်။ ဤခက်ခဲသောအချိန်မျိုးနှင့်ကြုံတွေ့ကျော်ဖြတ်နေရခြင်းအတွက် သူ့အားဘုရားသခင်ထံအပ်နှံပေးထားသည်။ ကပ်ရောဂါ ဆိုးကြီးကာလဖြစ်သော်လည်းဘုန်းတော်ကြီးများမိမိတို့၏သိုးထိန်းအမမှုတော် ကိုစွန့်စား၍အမူတော်ဆောင်သိုးများအားစောင့်ရှောက်ခဲ့သည့်အမှုအတွက်ကျေးဇူးတင်ကြောင်းလည်းမိန့်ကြားထားသည်။

ထိုဒေသသည် (၁၉၆၀) ခုနှစ်မှစ၍လှုပ်ရှားမှုများပြုလုပ်လာခဲ့ပြီး၊ (၁၉၉၀) အရောက် ၌ Buenos Aires ၏ဂိုဏ်းချုပ်ဆရာတော် Jorge Mario Bergoglio (လက်ရှိရဟန်းမင်းကြီးဖရန်စစ်) ထံ မှလည်းအားပေးအားမြောက်မူများကိုလည်းလက်ခံရရှိခဲ့သည် လက်ရှိ၌ ထိုဒေသမှဘုန်းတော်ကြီးဖြစ် လာခဲ့သည်မှာ (၂၂) ပါးရှိပြီဖြစ်ပြီး၊ မြို့တော်နှင့်အနီးအနားတဝိုက်၌အမှုတော်ထမ်းဆောင်နေကြ သည်။

ရောဂါခံစားနေရသည့်ဘုန်းတော်ကြီးများကို အနီးနားက လူသိများပြီး၊ မျက်နှာရင်းနှီးနေသောသူမှာ ဘုန်းတော်ကြီး Jose Maria Di Paola (သို့) Pepe ဟုလည်းခေါ်သူဖြစ်သည်။ ရောမသာသနာအတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်ရောမရှိ စိန့်ဂျွန်လေတာရင်ဘာစီးလီကာ၌တွေ့ဆုံသော (၂၀၁၇၊ မတ် လ၊ ၂) ရက်နေ့၌ Jose Maria Di Paola အားရဟန်းမင်းကြီးကစံထားအဖြစ်ထုတ်ပြသွားခဲ့သည်။ ထို တွေ့ဆုံပွဲ၌အဆိုပါဘုန်းတော်ကြီး၏ပြန်လည်ထူထောင်ရေးဂေဟာသို့ရောက်ရှိလာသောဆေးစွဲလူငယ်တစ်ဉီးအကြောင်းကို ဉပမာပြခဲ့သည်။ ထိုလူငယ်သည်ယင်းထသောကြောင့်ဂေဟာမှထွက်ပြေးရန်ကြံစည် နေစဉ်ထိုဘုန်းတော်ကြီးသည်စိတ်ရှည်လက်ရှည်ဖြင့်သူ၏ စိတ်ကိုချုပ်တည်းဖြေဖျောက်နိုင်ရန်ကူညီပေးခဲ့ သည်။ တစ်နေ့ထိုဆေးစွဲလူငယ်သည် ဘုန်းတော်ကြီးထံလာပြီး၊ မခံထမ်းနိုင်တော့ကြောင်း၊ သူ၏မိသားစုအားအလွန်သတိရနေကြောင်း၊ သူ၏မိန်းမနှင့်ကလေးနှစ်ဦးကိုလည်းလွမ်းကြောင်း၊ ထို့ကြောင့်ပြန်ခွင့် ပြုပေးရန်တောင်းခံလာသည်။ ထိုအခါဘုန်းတော်ကြီး Pepe ကသူ့အားဆေးသုံးရခြင်းနှင့်ဆေးရောင်းရ ခြင်း မည်သည့်အလုပ်သည်ပို၍လွယ်ကူသနည်းဟုမေးမြန်းခဲ့ရာ ထိုလူကခေါင်းကိုညိမ်ပြီး တိတ် ဆိတ် စွာနေနေ၏။ ဘုန်းတော်ကြီးကသူ့အား ကြင်နာစွာဖြင့်သူ၏ပုခုံးကိုပွတ်သပ်ပေးပြီး‌ ပြောလိုက်သည်မှာ ‘သွားတော့။ မင်းအတွက်ပြည့်စုံပြီ’ ဟုဖြစ်သည်။ ဆိုလိုသည်မှာ ‘ယခုသင် သင့်မိသားစုကိုလွမ်းတတ်နေ၊ သတိရတတ်နေပြီ။ ဘုရားသခင်ကိုကျေးဇူးတင်ပါ။ အဘယ်ကြောင့်ဆိုသော်အချိန်မနှောင်းမီသင်သတိ ပြန်ရ၍ဖြစ်သည်။ အမှန်မှာ သင်သတိရသင့်သည်မှာကြာလှပြီဖြစ်သည်ဟုဖြစ်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/3iRvaHx

Add new comment

10 + 6 =