ကိုဗစ် ၁၉ ကူးစက်ခံရသူများအားခွဲခြားဆက်ဆံခြင်းမပြုကြရန် အမေရိကန်ကက်သလစ်တော်ကြီးများမိန့်ကြား

ကိုဗစ် ၁၉ ကူးစက်ခံရသူများအားခွဲခြားဆက်ဆံခြင်းမပြုကြရန် အမေရိကန်ကက်သလစ်တော်ကြီးများမိန့်ကြား

ကိုဗစ် ၁၉ ကူးစက်ခံရသူများအားခွဲခြားဆက်ဆံခြင်းမပြုကြရန် အမေရိကန်ကက်သလစ်တော်ကြီးများမိန့်ကြား

တဖြည်းဖြည်း ပျံ့ပွားနေသည့် ကိုရာဗိုင်းရပ်စ် ကပ်ဘေးအတွင်း ကျန်းမာရေ းစောင့်ရှောက်မှုနှင့် အသက်ကယ်စက်ဖြင့်ဆက်လက် အသက်ရှည်စေခြင်းတို့သည် စိန်ခေါ်မှုတရပ်ဖြစ်လာခဲ့သည်။

နိုင်ငံအများအပြားတွင် အသက်ရှူစက်မလုံလောက်ခြင်း အထူးကြပ်မတ်ကုသဆောင်များမရှိခြင်းတို့သည် ဆရာ၀န်များနှင့်သူနာပြုများအား အခက် ကြုံစေကြောင်းမည်သူ့ကို အသက်ရှူစက်ပေး၊ မပေး ဟူသည့် ကိစ္စသည် အရေးကြီးလာ၍ အမေရိကန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အခြေအနေအရ ကြပ်တည်းမှုအတွင်း လူတိုင်းကို အ သက်ရှူစက်ပေးရန် ခက်ခဲသော်လည်း မိမိတို့၏ စိတ်အတွင်းမှ ခွဲခြားဆက်ဆံခြင်းမျိုးကိုတော့ ကျင့်ဝတ်အရ လက်မခံနိုင်ကြောင်း

တရားမျှတတဲ့ စီမံခန့်ခွဲမှုများလိုအပ်ကြောင်း ရဲဝံ့စွာ ဆက်ကပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခြားစေတနာ့ဝန်ထမ်းများကိုလဲ ကျေးဇူးတင်ပါကြောင်း ဒီလိုကာလတွေမှာ သမ္မာသမတ်ကျပြီး ဘက်လိုက်မှုကင်းဘို့ လိုအပ်ကြောင်း သာသနာတော် တခုလုံးအနေဖြင့်လည်း ပုပ်ရဟန်း မင်းကြီး ၏ ဉီးဆောင်မှုနှင့်အတူ ဆက်ကပ်ပါဝင်ဆုတောင်းခြင်းကိုပြုလုပ်စေလိုကြောင်းကို အမေရိကန် ကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ် USCCB မှ ဧပြီ ၃ ရက်နေ့ထုတ် စာတမ်းတွင်ဖော်ပြခဲ့ကြောင်း ကို ဗာတီကန်သတင်းအရ သိရှရပါတယ်။

 

By William ZNO,RVA

Photo Credit: 2020 Getty Images

 https://bit.ly/3aGacqy

Add new comment

5 + 10 =