ကိုဗစ် (၁၉) ကာကွယ်ဆေးသည်လူတိုင်းအတွက်ဖြစ်စေရန် ဗာတီကန်မေတ္တာရပ်ခံ အဘယ်သူ့ကိုမျှချန်လှပ်မထားပါနှင့်

ကိုဗစ် (၁၉) ကာကွယ်ဆေးသည်လူတိုင်းအတွက်ဖြစ်စေရန် ဗာတီကန်မေတ္တာရပ်ခံ အဘယ်သူ့ကိုမျှချန်လှပ်မထားပါနှင့်

ကိုဗစ် (၁၉) ကာကွယ်ဆေးထုတ်လုပ်ခြင်း၊ ထိုးနှံခြင်းနှင့်ပတ်သက်၍ ဗာတီကန်၏ ရပ်တည်ချက်ကိုစဉ်ဆက်မ ပြတ်ထုတ်ဖော်တိုက်တွန်းလာခဲ့သကဲ့သို့ ယခုလည်းကာကွယ် ဆေးများစျေးကွက်သို့ရောက်ရှိလုနီးပါးအခြေအနေ၌ ဗာတီ ကန်သည်ထပ် လောင်း ၍ ‘ကာကွယ်ဆေးသည်လူတိုင်းအတွက်ဖြစ်စေရန်၊ ထုတ် လုပ်သူတို့၏အကျိုးအမြတ်၊ အခွင့်အရေး လည်းမဆုံးရှုံးစေသကဲ့သို့ဆေး၀ါနယ်ပယ်၏ ကျင့်၀တ်ကိုလည်းစောင့်ဆည်းကာကိုယ်ကျိုး၊ လူမူအကျိုးကိုထောက်ထား လုပ် ဆောင်ရန်တိုက်တွန်းထား သည်။

အဘယ်သူ့ကိုမျှလစ်လျူထား၍မရ။

‘ကိုဗစ် (၁၉) ကြောင့်ကြုံ တွေ့နေရသောအကြပ်အတည်းကိုရုန်းထွက်နိုင်ရန်မှာလိုအပ်သောဆေး၀ါး၊ အ ထောက် အကူပြုပစ္စည်းများ၊ ကာကွယ်ဆေးများ၊ စမ်းသပ်စစ်ဆေးမူများနှင့်ကုသမူအစုစုတို့သည်အဓိကလိုအပ်ချက်ဖြစ်သည်။ အ ဘယ်သူ့ကိုမျှချန်လှပ်ထား၍မရပါ’ ဟု

ကုလသမ္မဂ္ဂအတွက်ဗာတီကန် ၏အမြဲတမ်းလေ့လာသူအဖြစ်အမူတော်ထမ်းနေသော ဂိုဏ်း ချုပ်ဆရာတော် Ivan Jurkovič က (၃၂) ကြိမ်မြောက်အစည်းအ‌ေ၀းတွင်ပြောကြားခဲ့သည်။

ဆက်လက်၍သူက အရောင်းမြှင့်တင်ရန်မက်လုံးအမျိုးမျိုးပေးရုံဖြင့်မလုံလောက်ပါ။ လို အပ်သောကုန်ပစ္စည်းများကိုလုံလောက်စွာထုတ်လုပ် ဖြန်ချီခြင်း၊ ကျန်းမာရေးဆိုင်ရာနည်းပညာများလည်းထည့် သွင်း ရမည်ဖြစ်သည်။ ကုလသမ္မဂသည် အပြည်ပြည်ဆိုင် ရာအဖွဲ့ အစည်းများနှင့်အတူလက်တွဲလုပ်ဆောင်ရန်ကာကာကွယ်ရန်၊ ထိန်းချုပ်ဟန့် တားရန်တောင်းဆိုလာခဲ့သည်။ ဤသို့တောင်း ဆိုရာ ၌လည်းလူ့အခွင့်အရေးကိုလည်းပြည့်ပြည့်ဝဝ အခြေခံ ၍လုပ်ဆောင်ရန်ကိုလည်းတိုက်တွန်းထားသည်။

ဤလက်တွဲလုပ်ဆောင်မူ၌ တွေ့ရှိသောအချက်အလက်များ၊ သိပ္ပံနှင့်ဆိုင်သောဗဟု သုတများ၊ အကောင်းဆုံးအသုံး ချနည်း၊ လိုအပ်သောဆေး၀ါထုတ်ကုန်များကိုလုံ လောက်စွာထုတ်ပေးခြင်း၊ လိုအပ်သည့်နေရာများသို့၀ယ်ယူရရှိနိုင်ခြင်း၊ လူတိုင်း၀ယ်ယူသုံးစွဲနိုင်သောတန်ဖိုးဖြင့်ထုတ်လုပ်ခြင်း၊ အထူးလိုအပ်နေသောနေရာများသို့ လိုအပ်သလောက်ပေးပို့နိုင် ခြင်း စ သောအချက်အလက်များဖ လှယ်ခြင်းများပါ၀င်သည်။ ထို့အတူနိုင်ငံတော်သည်လည်း မိမိတို့ပြည်သူများအတွက် တတ်နိုင်သလောက်ငွေကြေးနှင့်နည်းပညာအကူအညီများကိုပေးပြီး၊ ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မူ၊ အထူးသ ဖြင့်ကမ္ဘာကြီးသို့ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိစေရန်လည်းကာကွယ်ရန်တာ၀န်ရှိသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီးကအဆိုပါအစည်း အဝေး ၌ဆက် လက်၍ပြောကြားသည်မှာ

ကုလသမ္မဂသည် ကိုဗစ် (၁၉) စတင်ဖြစ်ပွားသည့်အချိန်မှစ၍ဤစိန်ခေါ်ချက်များကို PATENTSCOPE၊ နည်းပညာဖြန့်ဖြူးပေးသောနေရာ (၉၀၀) ခန့်၊ ဆန်းသစ်ထားသည့်အကူအညီပေးရေးစင်တာများ၊ သိပ္ပံဆိုင်ရာနည်းပညာအချက်အလက်များ၊ အချက်အ လက်ထုတ်ပြန်ချက်များ၊ သုတေသနပြုလုပ်ရန်လိုအပ်သောအကူပစ္စည်းများထောက်ပံ့ပေးခြင်း၊ ဖွံ့ဖြိုးပြီးသော၊ ဖွံ့ဖြိုးဆဲ နှင့်ဖွံ့ဖြိုးရန်စပ်ကူးမကူး၌ရှိနေသောအ ခြေအနေအချက်အလက်များပေါ်အခြေခံ၍ရင်ဆိုင်ကိုင် တွယ်နိုင်ရန် စိတ်အား ထက် သန်နေခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or Licensors

https://bit.ly/38gEtfw 

Add new comment

2 + 3 =