ကိုဗစ် (၁၉) ကာကွယ်ဆေးနှင့်ပတ်သက်၍ဖြစ်နိုင်ခြေရှိမူကိုဆေးကျင့်၀တ်နှင့်ညီစေရန်ရန်အဂ်လန် ကက်သလစ်ဆရာတော်ကြီးများတိုက်တွန်း

ကိုဗစ် (၁၉) ကာကွယ်ဆေးနှင့်ပတ်သက်၍ဖြစ်နိုင်ခြေရှိမူကိုဆေးကျင့်၀တ်နှင့်ညီစေရန်ရန်အဂ်လန် ကက်သလစ်ဆရာတော်ကြီးများတိုက်တွန်း

ကိုဗစ် (၁၉) ကာကွယ်ဆေးနှင့်ပတ်သက်၍ဖြစ်နိုင်ခြေရှိမူကိုဆေးကျင့်၀တ်နှင့်ညီစေရန်ရန်အဂ်လန် ကက်သလစ်ဆရာတော်ကြီးများတိုက်တွန်း

ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားသည်မှစ၍ နေထိုင်မကောင်းသူ၊ ရောဂါကြောင့်ကွယ်လွန်သူများရှိနေခဲ့သည်။ ဆေး ၀ါးဆိုင်ရာ၀န်ဆောင်မူလည်းအတတ်နိုင်ဆုံးပေးခဲ့ကြသည်။ ဤရောဂါကြောင့်စိုးရိမ်ထိတ်လန့်နေကြသောလူမူအသင်း အဖွဲ့ကိုလည်းကာကွယ်ပေးလို၍ကာကွယ်ဆေးဖော်စပ်နိုင်ရန်လည်းအားထုတ်နေခဲ့ကြသည်။

ကျင့်၀တ်ကျင့်ထုံး အဂ်လန်နိုင်ငံနှင့် Wales ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပြီးခဲ့သောကြာသပတေးနေ့ကကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးဖော်စပ်နိုင်မူနှင့်ဖြန်ချီမူနှင့်စပ်လျင်း၍ ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ ဤကုထုံးသည် ဆဲလ်အမျှင်များကိုအသုံးပြုထားပြီး၊ ထိုအမျှင်များကိုသနွေသားတစ်သျှူးမှရယူသည့်အကြောင်းနှင့်စမ်းသပ်ခြင်း၊ သဘော တူညီခြင်းနှင့်တရားမူရှိခြင်းများအကြောင်းဖော်ပြထားသည်။

ကက်သက်လစ်ခရစ်ယာန်များအနေဖြင့်အမိသာသနာတော် ကြီး၏လူမူရေးသွန်သင်ချက်နှင့်မညီသောစမ်းသပ်ချက်များ၊ ရံပုံငွေရှာဖွေခြင်းများ၊ တီထွင်ဖော်စပ်မူများပြုလာပါကထုတ် ဖော်ပြောဆိုကန့်ကွက်ရန်တာ၀န်ရှိကြောင်း၊ ဤသို့မပြုပါကကာကွယ်ဆေးထိုးနှံရာတွင်သနွေတားခြင်းလုပ်ရပ်များလည်း ဆက်နွယ်သွားသောကြောင့်ကိုယ်ကျင့်တရားပိုင်းချိုးဖောက်မူများနှင့်ကြုံရနိုင်သည်။

အစိုးရအနေဖြင့်ကာကွယ်ဆေးနှင့်စပ် လျင်းအဘယ်သို့တီထွင်ဖော်စပ်သည့်အရင်းအမြစ်များကိုလည်းဖော်ပြမည်ဟုမျှော်လင့်ကြောင်း၊ အလေးထားလိုသောမေး ခွန်းကားကုထုံးအတွက်လိုအပ်သောဆဲလ်များကိုအဘယ်ကရသနည်း။ ဖျက်ချလိုက်သောသနွေသားမှရသလောဆိုသည့်အ ချက်ဖြစ်သည်။ ယုံကြည်ခြင်းဆိုင်ရာသွန်သင်သောအဖွဲ့အစည်းနှင့်လူ့အသက်နှင့်ဆိုင် သောအချက်များကိုလေ့လာသင် ကြားသောကျောင်းတော်ကြီးကဤအချက်ကိုသေချာစွာစီစစ်ဖော်ထုတ်စေလိုသည်။ ကာကွယ်ဆေးသည်လူ့အသင်းအဖွဲ့၏ကောင်းကျိုးဖြစ်သည်။

ကုမဏီများသည် ကိုဗစ် (၁၉) အတွက်ကာကွယ်ဆေးများကိုဖော်စပ်နိုင်ရန်အပူတပြင်းလုပ်ဆောင်နေကြသည်နှင့် ပတ်သက်၍ကက်သလစ်သာသနာတော်ကြီးသည် လူတိုင်း၏အသက်နှင့်လူတိုင်း၏ကျန်းမာရေးအတွက်ကာကွယ်ပေး လျှက်ရှိသည်။ အခြားသူ၏အသက်ကိုလည်းဘေးမသင့်စေရဟုလည်းသွန်သင်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည်လည်း ကိုဗစ် (၁၉) ကာကွယ်ဆေးဖော်စပ်ရာတွင်အောင်မြင်စေရန်နှင့်ဘေးထွက်ဆိုးကျိုးမရှိစေရန်နှင့်ကမ္ဘာတစ်၀န်းလုံးအတွက် လောက်ဌအောင်ထုတ်‌ေ၀ရန်မေတ္တာရပ်ခံထားကြောင်း၊ ကာကွယ်ဆေးဖော်စပ်ထုတ်လုပ်ရာတွင်မိမိတို့နှင့်လူတစ်စု၊ တစ် ဖွဲ့အတွက်လောက်ဌမည့်ပမာဏမျှသာမဟုတ်ဘဲလူမူအသိုင်းအ၀◌ိုင်းတစ်ခုလုံးအတွက် အထူးသဖြင့်ငွေကြေးမတတ် နိုင် သောချို့တဲ့နွမ်းပါးသူများအတွက်လည်းဖြစ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2EDRIMA

Add new comment

5 + 10 =