ကိုဗစ် (၁၉) ကပ်ဘေးဆိုးကာလ၌ဂျော်ဂျီယာနိုင်ငံ၏ကရုဏာအဖွဲ့လည်းလိုအပ်သူများအားကူညီ

ကိုဗစ် (၁၉) ကပ်ဘေးဆိုးကာလ၌ဂျော်ဂျီယာနိုင်ငံ၏ကရုဏာအဖွဲ့လည်းလိုအပ်သူများအားကူညီ

ကိုဗစ် (၁၉) ကပ်ဘေးဆိုးကာလ၌ဂျော်ဂျီယာနိုင်ငံ၏ကရုဏာအဖွဲ့လည်းလိုအပ်သူများအားကူညီ

ကိုဗစ် (၁၉) ကပ်ဘေးဆိုးသည်တစ်ကမ္ဘာလုံးအားကူးစက်ခဲ့ကြသော်လည်း ချို့တဲ့သောသူများ ၏ဘ၀ကိုပိုမိုဆိုးရွားစေခဲ့သည်။
ထို့ ကြောင့်ကရုဏာဂျော်ဂျီယာအနေဖြင့်ချို့တဲ့နွမ်းပါးသူများအားကူညီ ပေးနိုင်ရန်အဓိကဦးတည်သည်။ ကရုဏာ၏ဒါရိုက်တာဖြစ်သော Anahit Mkhoyan က လက်ရှိအခြေ အနေသည်ကျွန်ုပ်တို့အတွက်အလွန်ထူးခြားပါသည်။ နေ့စဉ်ဘ၀၌မရှိမဖြစ်လိုအပ်သောအရာများကိုသာ အဓိကထား ရှင်သန်ရပြီး၊ အပိုများကိုလျော့ချပစ်နေကြရသည်။ ကရုဏာဂျော်ဂျီယာအနေဖြင့်လိုအပ်သူ များအားထိရောက်စွာစောင့်ရှောက်ပေးရန် ရည်ရွယ် ၍လှုပ်ရှားမူတစ်ခုပြုလုပ်ထားပါသည်။

အထီးကျန် သူများ၊ သက်ကြီးရွယ်အိုများနှင့်နာတာရှည်ရောဂါသည်များနှင့်ရောဂါသံသယရှိသူများအား စားရေရိက္ခာနှင့်ကျန်းမာရေးဆိုင်ရာပစွည်းများကိုထောက်ပံ့ပေးခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်ကုသရန်လိုအပ် သောသူများအားလည်း နည်း လမ်းတကျကုသပေးနိုင်ရန်လည်းလေ့ကျင့်ပေးထားသည်။

အကူအညီလို အပ်သောအိမ်ရာမဲ့လမ်းဘေးကလေးများအတွက် လည်းရည်ရွယ်၍ ကျန်းမာရေးဌာန၏ညွှန်ကြားချက်အ တိုင်းစစ်ဆေးမူခံယူစေသည်။ ရောဂါစောင့်ကြည့်ရန်လိုအပ်သောကလေးများကိုသက်ဆိုင်ရာနှင့်ချိပ် စက်၍ ကွာရန်တင်းယူစေသည်။

ကိုဗစ် (၁၉) သည်တစ်ကမ္ဘာလုံး၏ပညာရေးလည်ပတ်မူကိုလည်းရပ် တန့်သွားစေခဲ့သော ကြောင့် အဝေးသင်နည်း ဖြင့်စီစဉ်ပေးရသည်။ ဆင်ဂဲလ်မာသာတို့အတွက်လည်း စိန့်ဘားဘရာမိခင်နှင့်ကလေးစောင့်ရှောက်ရေးဂေဟာတွင်စီစဉ်ထားသည်။ မိခင်နှင့် ကလေးများသည် အစားအစာနှင့်ကျန်းမာရေး၀န်ဆောင်မူများ၊ ပညာပေးအစီအစဉ်များကိုထည့်သွင်းစီမံပေးထားသည်။ ထို့အတူအိုးအိမ်မဲ့များ နှင့်လူမူရေးအရအခြေအနေမဲ့သူများအတွက်လည်းရောဂါကူးစက်ပျံ့ပွားမူကိုကာကွယ်ရန်တဲများထိုးပေးထားပြီး၊ လိုအပ်ပါကအကူအညီ တောင်းခံနိုင်ရန်စင်တာများကို (၂၄) နာရီဖွင့်လစ်ထားပြီးစောင့်ရှောက်ပေးလျှက်ရှိသည်။

Vatican News

ဘာသာပြန်ဖာသာရ် ကလဲမင့်အားတယ်

Photo credit: ANSA

https://bit.ly/3b0brAn

Add new comment

3 + 10 =