ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည်အကျင်ပျက်ခြစားမူကိုကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းလိုအပ်လျှက်ရှိကြောင်းမီးမောင်း ထိုးပြဟု ဗာတီကန်ဆို

ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည်အကျင်ပျက်ခြစားမူကိုကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းလိုအပ်လျှက်ရှိကြောင်းမီးမောင်း ထိုးပြဟု ဗာတီကန်ဆို

ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည်အကျင်ပျက်ခြစားမူကိုကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းလိုအပ်လျှက်ရှိကြောင်းမီးမောင်း ထိုးပြဟု ဗာတီကန်ဆို

လုံခြုံရေးနှင့်ဥရောပအတွင်းလက်တွဲလုပ်ဆောင်သောအဖွဲ့ (OSCE) အတွက်ဗာတီကန်၏အမြဲ တန်းကိုယ်စားလှယ်ဖြစ်သော Msgr. Janusz Urbanczyk ကတနင်္လာနေ့ကကျင်းပသော (၂၈) ကြိမ် မြောက် စီးပွားရေးနှင့်သဘာ၀ပတ်၀န်းထိန်းသိမ်းရေးဆိုင်ရာ ဒုတိယအကြိမ်ကြို တင်ပြင်ဆင် ဆွေးနွေး ပွဲ၌မိန့် ခွန်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲ၏ခေါင်းစဉ်မှာ ‘လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်စီးပွားရေးတိုး တက်ဖွံ့ဖြိုးစေရေးကို အကျင့်ပျက်ခြစားမူကိုတိုက်ဖျက်ပြီး၊ ပြန်လည်ပြင်ဆင်၍ရှင်းလင်းမြင်သာမူနှင့် နည်းပညာအသုံးပြုလုပ်ဆောင်ရန်’ ဟုဖြစ်သည်။

သူ၏မိန့်ခွန်း၌ မွန်ဆီညှော်က ‘ကောင်းသောအစိုးရကို ဖွဲ့စည်းရန်၊ အကျင့်ပျက်ခြစားမူသည်ဤအဖွဲ့ (OSCE) ၏ဦးစားပေးလုပ်ဆောင်နေသောစံတန်ဖိုးကိုအ ကြီးအကျယ်ခြိမ်းခြောက်နေကြောင်း၊ ထိုအကျင့်ပျက်ခြစားမူသည်မတည်ငြိမ်မူကိုမွေးဖွားပြီး၊ လုံခြုံမူ၊ စီးပွားရေးနှင့်လူသားအမြင်များကိုပါထိ ခိုက်ရိုက်ခတ်သွားစေသည်။ အကျင့်ပျက်ခြစားခြင်းသည်ကိုယ် ကျင့်တရားပိုင်းမှသော်လည်းကောင်း၊ စီးပွားရေးပိုင်းမှသေလည်းကောင်း လွယ် လွယ်နှင့်မြန်မြန်အကျိုး အမြတ်ရရှိစေသည်ဟုထင်ရသည်။ လက်တွေ့၌မူအားလုံးကိုထိခိုက် စေသည်။ ယုံကြည်မူကိုအားယုတ် စေသည်။ ပွင့် လင်းမြင်သာမူကိုလောင်းရိပ်မိသွားစေသည်။ ယုံကြည်စိတ်ချရသောတရား၀င်လုပ်ရပ် များ၊ လူမူရေးစနစ်အားလုံးကိုသံသယ၀င်စေသည်။

ရဟန်းမင်းကြီး၏ဩဝါဒကိုကိုးကား၍ ‘အကျင့်ပျက်ခြစားမူသည်တစ်ဦးစီ၏ဂုဏ်သိက္ခာကိုကျ ဆင်းစေသည်။ ကောင်းသောအရာများ၊ လှပသောစံတရားများအားလုံးကိုဖုံးအုပ်ပစ်လိုက်သည်။ လူမှုအ သင်းအဖွဲ့အနေဖြင့်ပုံစံအမျိုးမျိုး၊ အဆင့်အမျိုးမျိုးဖြင့်အမြစ်တွယ် ပွားလာ နေ သော အကျင့်ပျက်ခြ စားခြင်းကင်ဆာကိုဝိုင်းဝန်းတိုက်ထုတ်ရန်လိုသည်။ ပြည်သူ့တာ၀န်ကိုထမ်းဆောင်နေသောသူများ အနေဖြင့်လည်းပွင့် လင်းမြင်သာမှုနှင့်ရိုးသားမူရှိရမည်။ ပြည်သူနှင့်ဌာနဆိုင်ရာအဖွဲ့အစည်းကြားယုံ ကြည်လေးစားမူကိုတည်ဆောက်ရမည်။ ဤယုံကြည်မူကိုအဆုံး သတ်လိုက်ခြင်းသည်ဒီမိုကရေစီလမ်း ကြောင်းအတွက်အလွန်ဆိုးရွား သောပဋိပက္ခဖြစ်သည်။ အများကောင်းကျိုးသည်အရင်းအမြစ်ကိုဖြစ် ပွား စေ၍ထိုကောင်းကျိုးကိုအားလုံးခံစားရရန်ကာကွယ်ပေးရမည်။ အထူးသဖြင့်အလွန်ချို့တဲ့သောနိုင်ငံသားများအားဦးစားပေးစဉ်းစား ရမည်။

အကယ်၍အလွှဲသုံးစားမူများရှိပါကနိုင်ငံတော်အနေဖြင့်မဖြစ်မနေ၀င်ရောက်စစ်ဆေးခြင်း၊ တရား မ၀င်သောလုပ်ရပ်များကိုပိတ်ပင်တားဆီးခြင်းများကိုပြုလုပ်ရမည်။ လက်ရှိ၌မျှော်လင့်မထားသော ကျန်းမာရေးဆိုင်ရာအကြပ်အတည်းကိုရင်ဆိုင်နေရသည်။ မည်သို့ပင်ဖြစ်စေနိုင်ငံတော်အစိုးရ၏ ပထမ ဦးစားပေးလုပ်ဆောင်ရမည်မှာနိုင်ငံသား၏လုံခြုံရေးဖြစ်သည်။ ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီး၏စိန် ခေါ်မှုကိုခံနေရသော်လည်းအခြားတစ်ဖက်၌အကျင့်ပျက်ပျက် ခြစားမူကိုပြုပြင်တည့်မတ်ရန်နည်းလမ်းသစ် များလည်းရရှိလာနိုင်ပါသည်။ ထိုနည်းလမ်းကားခွဲခြားခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ မျက်နှာကြီး ငယ်လိုက်ခြင်းများမပြုလုပ်ဘဲ၊ အများကောင်း ကျိုးနှင့်ဘက်စုံလွှမ်းခြုံသောလူသာအရင်းအမြစ်ဖွံ့ဖြိုး စေရေးကိုဦးတည်လုပ်ဆောင်ရန်ဖြစ်သည်။

ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2YcT7Rb

Add new comment

10 + 6 =