ကိုဗစ် အတွင်း ကယ်လီဖိုးနီးယား ဘုရားကျောင်း၌ မစ္ဆားကျင်းပနိုင်သည့်နည်းလမ်းရှိခြင်း

ကိုဗစ် အတွင်း ကယ်လီဖိုးနီးယား ဘုရားကျောင်း၌ မစ္ဆားကျင်းပနိုင်သည့်နည်းလမ်းရှိခြင်း

ကိုဗစ် အတွင်း ကယ်လီဖိုးနီးယား ဘုရားကျောင်း၌ မစ္ဆားကျင်းပနိုင်သည့်နည်းလမ်းရှိခြင်း

ကိုဗစ် ကန့်သတ်ချက်များရှိပေမဲ့လည်း ကယ်လီဖိုးနီးယား ၊ စက္ကရမင်းတို မှာရှိတဲ့ Cathedral of the Blessed Sacrament ကက်သီဒြယ်ဘုရားကျောင်းရဲ့ အပြင်ဘက် နံရံဘေးမှာ ဘာသာဝင် ၁၀၀ ခန့်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က စုရုံးပြီး မစ္ဆားနာယူနိုင်ခဲ့ကြပါတယ်။

စက္ကရမင်းတို ဒေသဟာ ကယ်လီဖိုးနီးယားမှာ ကိုဗစ် စောင့်ကြည့် စာရင်းထဲမှာပါတဲ့ ဒေသ တခု ဖြစ်​တာကြောင်း အိမ်တွင်း အိမ်ပြင် စုရုံးခြင်းများအားလုံး ပိတ်ပင်ထားတာပါ။ 

ဂျူလိုင်လ ရောက်မှ ကန့်သတ်ချက်များ အနည်းငယ်ဖြေလျော့ပြီး စက္ကရမင်းတို ဆရာတော်ကြီး Bishop Jaime Soto က လေဟာပြင်၌  မစ္ဆားကျင်းပခွင့်ကို ပေးခဲ့တာဖြစ်ကြောင်း 

စက္ကရမင်းတို သာသနာမှ တနင်္ဂနွေ မစ္ဆားတက်ရောက်ခြင်း ဝတ္တရားကို ဆက်လက်​ပိတ်ထားခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ တနင်္ဂနွေက ဘာသာဝင် ၁၀၀ ဉီးရေ ဟာ ကက်သီဒြယ် သို့ ရောက်ရှိလာကြောင်း Mask ၀တ်လာကြပြီး ၆ ပေ အကွာတွင်ထိုင်ကြ​ောင်း တာဝန်ခံဘုန်းတော်ကြီးကလည်း ၃ ထပ်တိုက်အမြင့် ကက်သီဒြယ် အနောက်ဘက် အရေးပေါ်လှေကားပေါ်မှနေကာ မစ္ဆားဟောကြားပေးခဲ့ကြောင်း 

အမှန်တော့ ကျွန်ုပ်ဟာ အမြင့်တက်ရမှာကို သိပ်ကြောက်သူပါ လို့ မစ္ဆားဟောသည့် ဘုန်းတော်ကြီးမှ ဝန်ခံခဲ့ကြောင်း 

ဘာသာဝင်တဉီးဖြစ်သည့် Maria Balakshin ကလည်း သူမအနေနဲ့ အရမ်းလှပတဲ့ ဘုရားကျောင်းကြီးအတွင်းပိုင်းအလှ ကို လွမ်းမိကြောင်း သို့သော် လေဟာပြင်မှာမစ္ဆားတက်ရတဲ့ အရသာဟာလည်း အရမ်းကောင်းတဲ့ ဝိညာဉ်ရေးအတွေ့အကြုံတခုဖြစ်ကြောင်း နဲ့ ဒီဘာသာဝင်များဟာ မိမိတို့ယုံကြည်ခြင်းကို အမှန်တကယ် ကျင့်ကြံလိုကြတဲ့ စစ်မှန်တဲ့ ခရစ်ယာန်တွေ ဖြစ်​သည်ဟု  ပြောကြားခဲ့သည်ကို Aleteia သတင်းအရသိရှိရပါတယ်။

 

ဘာသာပြန်- စစ္စတာရမလူစီယားသန္တာအောင်၊SJA

Photo courtesy of: Photo Courtesy of Pauline Bartolone/CapRadio

https://bit.ly/2RQdi3C

Add new comment

9 + 3 =