ကိုဗစ် လက္ခဏာရှိသည့် သက်ကြီး ဘုန်းတော်ကြီးအား အကျဉ်းထောင်မှ လွှတ်ပေးရန် Jesuit အသင်းသားများတောင်းဆို

ကိုဗစ် လက္ခဏာရှိသည့် သက်ကြီး ဘုန်းတော်ကြီးအား အကျဉ်းထောင်မှ လွှတ်ပေးရန် Jesuit အသင်းသားများတောင်းဆို

ကိုဗစ် လက္ခဏာရှိသည့် သက်ကြီး ဘုန်းတော်ကြီးအား အကျဉ်းထောင်မှ လွှတ်ပေးရန် Jesuit အသင်းသားများတောင်းဆို

အိန္ဒိယ နိုင်ငံ၊ မွန်ဘိုင်းအကျဉ်းထောင်မှာ ၆ လတာမျှ အကျဉ်းကျနေတဲ့ Fr.Stan Swamy,SJ သည် ကိုဗစ် ရောဂါ လက္ခဏာ ရှိနေပြီး မကျန်းမာတဲ့  အတွက် လွှတ်ပေးပါရန် ယေဇူး အသင်းဂိုဏ်းမှ အသင်းသားများက တောင်းဆိုလိုက်ပါတယ်။ 

အိန္ဒိယမှာ ကိုဗစ် ကူးစက်သူများလာနေသလို  အကျဉ်းထောင်ထဲ မှာလည်း ကူးစက်မှုများရှိနေတာဖြစ်ပါတယ်။ ဖာသာရ်ဆွာမိ ဟာ အောက်တိုဘာ ၂၀၂၀ မှာ အကျဉ်းကျခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ၁၅ ဉီးထဲမှာ တဉီးအပါအဝင် ဖြစ်ပြီး အကျဉ်းကျသူတို့အဖွဲ့မှာ ဉပဒေပညာရှင်များ၊ စာရေးဆရာများ၊ ကဗျာဆရာ၊ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေး လှုပ်ရှားသူများပါဝင်တယ်ကျွန်ုပ်တို့ဟာ အိန္ဒိယ ရဲ့အုပ်ချုပ်ရေးပါဝါကို မေးခွန်းထုတ် အသံပြုခဲ့ လို့  အကျဉ်းချ ခံရသူတွေဖြစ်တယ်လို့ အကျဉ်းမကျခင်မှာ ဘုန်းတော်ကြီးက ​အသံဖိုင် နဲ့ ပြောကြားခဲ့ပါတယ်။ 

သက်တော် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီးဟာ ပါကင်ဆန်ရောဂါ ခံစားနေရသူဖြစ်ကြောင်းနဲ့ သူအကျဉ်းကျနေတဲ့ အကျဉ်းထောင်ဟာ ဆေးဝန်ထမ်း ကောင်းကောင်းမရှိတဲ့ နေရာဖြစ်ကြောင်း

ကမ္ဘာတဝှမ်းမှ ယေဇူးအသင်းဂိုဏ်းဝင် အသင်းသားများဟာ လူ့အခွင့်အရေးလှုပ်ရှားသူ ဖာသာရ်ဆွာမိအား  လွှတ်ပေးရေး အတွက် တောင်းဆိုထားကြတာပါ။ 

အိန္ဒိယ ဟာ ယခုအချိန်မှာ ကမ္ဘာရဲ့ ကိုဗစ် ဗဟိုနေရာ သဖွယ်ဖြစ်လာပြီး ကူးစက်သူ နေ့စဉ် ၂၅၀၀၀၀ ရှိနေတာဖြစ်ပါတယ်။ 

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: The Catholic Weekly

https://bit.ly/3wk96LI

Add new comment

15 + 1 =