ကိုဗစ် ကူးစက်အပြီး ဘင်္ဂလားဒေ့ရှ် မှ ကက်သလစ် ဆေးရုံပိတ်လိုက်ခြင်း

ကိုဗစ် ကူးစက်အပြီး ဘင်္ဂလားဒေ့ရှ် မှ ကက်သလစ် ဆေးရုံပိတ်လိုက်ခြင်း

ကိုဗစ် ကူးစက်အပြီး ဘင်္ဂလားဒေ့ရှ် မှ ကက်သလစ် ဆေးရုံပိတ်လိုက်ခြင်း

ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ စီမံခန့်ခွဲမှုနှင့် ဒါကာ ကက်သလစ် ဂိုဏ်းချူပ်သာသနာ၏ ရံပုံငွေဖြင့် ဖွင့်လစ်ထားသော စိန့်ဂျွန်းဗီယားနေ ဆေးရုံကြီးမှ ၀န်ထမ်းများ ကိုဗစ် ကူးစက်ခံရအပြီးမှာ ဆေးရုံကို ယာယီပိတ်ထားလိုက်ပါတယ်။

ဧပြီ ၂၉ ရက်တွင် ဆရာ၀န်များအပါအဝင် ကျန်းမာရေး၀န်ထမ်း ၂၂ ဉီးတွင် ကူးစက်ရောဂါပိုးတွေ့ရှိရတာကြောင့် ၄င်းတို့ဟာ စောင့်ကြည့်လူနာအဖြစ်ရှိနေတာမို့ ပိတ်ထားလိုက်ခြင်းဖြစ်ပါတယ်။

Holy Rosary Church နဲ့ နီးတဲ့ ဒီဆေးရုံကြီးဟာ အသွားအလာသိပ်ရှုပ်တဲ့ နေရာတွင် ရှိနေပြီး လွန်ခဲ့တဲ့ နို၀င်ဘာလကမှ စတင်အသုံးပြုခဲ့တာဖြစ်ကြောင်း

ဘင်္ဂလားဒေ့ရှ်မှာ ကူးစက်အတည်ပြု လူနာ ၁၀၉၂၉ ဉီး သေဆုံးသူ ၁၈၃ ဉီး နှင့် ၄င်းတို့ အထဲတွင် နာမည်ကြီး သမားတော် ၂ဉီးလည်းသေဆုံးသွားပြီဖြစ်ကြောင်း မတ်လ ၂၅ ရက်မှ စတင်ပိတ်သိမ်းမှုများရှိခဲ့ပြီး ၄င်းကို မေလ ၁၆ ရက်အထိ ပြန်လည် ရက်တိုးသတ်ခဲ့​တယ်လို့ဆိုပါတယ်။

ဧပြီ ၂၆ မှစပြီး အထည်ချုပ် ကုမဏီများ ကိုတော့ အာဏာပိုင်များက ပြန်လည်ဖွင့်ခွင့်ပေးခဲ့သည့်အတွက် ပြည်တွင်းပြည်ပ ဝေဖန်သူများလည်းရှိနေသည် ဆိုခြင်းကို Vatican သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/3dhfYQk

Add new comment

3 + 3 =