ကိုဗစ် ကာလ ဆေးရုံများမှာ ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးများ လိုအပ်ခြင်း

ကိုဗစ် ကာလ ဆေးရုံများမှာ ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးများ လိုအပ်ခြင်း

ကိုဗစ် ကာလ ဆေးရုံများမှာ ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးများ လိုအပ်ခြင်း

စစ်ပွဲကာလများအတွင်းလိုပဲ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်စွက် ခွန်အားပေးနိုင်မယ့် ရဟန်းများ ယခုလို ကိုဗစ်ကာလမှာလဲ လိုအပ်ပါတယ်။

ရှေ့တန်းကျန်းမာရေးတိုက်စစ်မှူးများအဖြစ် မနားမနေ ဆက်ကပ် နေကြတဲ့ ကျန်းမာရေး၀န်ထမ်းများရှိသလို ဆေးရုံရှိ ၀န်ထမ်းများနဲ့ လူနာများအတွက် အမြဲအသင့်ရှိနေတဲ့ ၀ိညာဉ်ရေးဖခင် ဘုန်းတော်ကြီးများလည်းရှိပါတယ်။

၄င်းတို့ဟာ လူနာများရဲ့ ခံစားချက် ဖွင့်ဟသံများကို နားထောင်ပေးခြင်းသော်၄င်း၊ ၀ိညာဉ် အဟာရ စက္ကရမင်တူးများ ဖြင့် ခွန်အားဖြည့်ပေးရန်သော်၄င်း ဆေးရုံမှာတာ၀န်ယူ ဆက်ကပ်ကြတာဖြစ်ပါတယ်။

ယခုလို ကိုဗစ် ကပ်ဘေး ကာလမှာ တည်ဆောက်လိုက်တဲ့ အထူးဆေးရုံများအတွက် မိမိအလိုဆန္ဒအလျောက် ဆက်ကပ်သည့် Volunteer ရဟန်းဘုန်းတော်ကြီးများစွာရှိလာပါတယ်။

UK Birmingham ဂိုဏ်းချုပ်သာသနာက ဆက်ကပ်ထားတဲ့ ဘုန်းတော်ကြီး Fr.John Waters ဟာ ဗာတီကန်ရေဒီယို အင်္ဂလိပ်ဘာသာ အစီအစဉ်မှာ တွဲဖက်ကူညီသူတဉီးဖြစ်ပြီး အခုအခါ Birmingham မှ ကုတင် ၅၀၀၀
ခန့် နိုက်တင်ဂေး ဆေးရုံကြီးမှာ ဆက်ကပ်မှာဖြစ်ကြောင်း  အထက်ပါဆေးရုံ ကြီးကို ၈ ရက်အတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး မကြာမှီ လူနာများကိုစတင်လက်ခံတော့မှာဖြစ်ကြောင်းနဲ့ ၄င်းဆေးရုံမှာ ဆက်ကပ်ကြမယ့် ဝိညာဉ်လမ်းညွှန်ရဟန်းများသည်လည်း အခြေခံညွှန်ကြားချက်များကို သိရှိပြီးဖြစ်ကြောင်းကို Vatican သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2KpmEzm

 

Add new comment

5 + 9 =