ကိုဗစ် ကပ်ရောဂါ ပြင်းထန်စွာခံစားနေရသော အိန္ဒိယ အ တွက် သားသမီး တို့ ဆု တောင်းကြပါသည်။

အိုအဖ မြတ်စွာဘုရားရှင်၊ ကိုဗစ် ကပ်ရောဂါ ပြင်းထန်စွာခံစားနေရသော အိန္ဒိယ အ တွက် သားသမီး တို့ ဆု တောင်းကြပါသည်။

သနားကြင်နာတော်မူသော အိုအဖ၊ သားသမီးတို့၏ တောင်းလျှောက်သံကို နားညောင်းတော်မူပါ။

ကိုဗစ်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေကြရသည့် အိန္ဒိယ မှ ညီအကိုမောင်နှမများအားလုံးတို့သည် ကောင်းမွန်စိတ်ချရသော ကုသခြင်းများကို ခံယူရရှိနိုင်ကြရန်ကိုသော်၎င်း၊ ကိုယ်တော်ရှင်၏ ကုသပေးခြင်းနှင့် နှစ်သိမ့်ခြင်းကို ခံစားရရှိနိုင်ကြစေရန်၎င်း၊ မိသားစုဝင်များ၊ စောင့်ရှောက်ကြည့်ရှပေးသူများ၊ အိမ်နီးခြင်းများတို့သည် ဤကြမ်းတမ်းသော ကိုဗစ်၏ ရိုက်ခတ်မှုတွင် ရှေ့မှကာကွယ်ပေးသူများဖြစ်စေတော်မူပါ။

ချစ်ခင်သူများဆုံးရှံးရ၍ ဝမ်းနည်းကြေကွဲနေသူများအား နှစ်သိမ့်ခြင်းကို ပေးတော်မူပါ။

ကာကွယ်ခြင်း၊ ကုသခြင်းတွင် ရုန်းကန် ကြိုးစားနေကြရသူများအား ကာကွယ်စောင့် ရှောက် လမ်းညွှန် တော်မူပြီး အမြန်ပြန်လည်ကျန်းမာနိုင်ရန်နှင့် ကြိုးပမ်းမှုများအောင် မြင်နိုင်ရန် ကူညီမစ တော်မူပါ။

ကြောက်ရွံ့စိုးရိမ်မှုများမှ ရုန်းထနိုင်ရန် ကျွန်ုပ်တို့ကို ကူညီတော်မူပါ။ ဤဆုကျေးဇူးများအားလုံးကို မေလ၏သခင်မ၊ လူ့စ်မယ်တော်သခင်မ မှတဆင့် ကိုယ်တော်ရှင်၏သားတော် ယေဇူးခရစ္ဆတူး၏ နာမတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့်တောင်းရှောက်ကြပါသည်။ အာမင်။

#prayerforindia #Covid19 #coronavirus

Add new comment

8 + 11 =