ကိုဗစ် ကပ်ဘေး အတွင်း ကက်သလစ်သူတော်စင်ရသေ့များမှ ကွယ်လွန်သူတို့အတွက် ခေါင်းတလားများကူညီပေးခြင်း

ကိုဗစ် ကပ်ဘေး အတွင်း ကက်သလစ်သူတော်စင်ရသေ့များမှ ကွယ်လွန်သူတို့အတွက် ခေါင်းတလားများကူညီပေးခြင်း

ကိုဗစ် ကပ်ဘေး အတွင်း ကက်သလစ်သူတော်စင်ရသေ့များမှ ကွယ်လွန်သူတို့အတွက် ခေါင်းတလားများကူညီပေးခြင်း

လက်ရှိဖြစ်ပေါ်နေသော ကပ်ဘေးအတွင်းမိသားစုဝင်များ၏ စျာပန အခမ်းအနားများတွင် အသုံးပြုရန် အရေးတကြီးလိုအပ်လျှက်ရှိသော ခေါင်းတလား များကို အမေရိကန်နိုင်ငံ အိုင်းဝါမှ ကက်သလစ် ရသေ့ဘုန်းတော်ကြီးများက စီစဉ်ပေးကြပါတယ်။

အဆိုပါရသေ့ကျောင်းသည် ၁၉၉၉ မှစပြီး သေဆုံးသူများအတွက် ခေါင်းတလားများကို ကူညီပေးခြင်းနှင့် ဆုတောင်းပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ကြပါသည်။
ယခု အခါ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်၌ ပြီးခဲ့သည့်သတင်းပတ်မှစ၍ ကူညီမှုများကို မြှင့်တင်လာခဲ့ကြောင်း ဒီဗိုင်းရပ်စ် ကပ်ဘေး အတွင်းမှာ ငွေကြေးနည်းပါးသူများ နဲ့ ချစ်ခင်ရသူများသေဆုံးမှုကြောင့် ၀မ်းနည်းနေကြသူများကို ၄င်းတို့အနေနဲ့ လစ်လျှူ မရှုနိုင်​ဟု ဘုန်းတော်ကြီး Fr. Mark Scott ကဆိုခဲ့ကြောင်း

ရသေ့များဟာ အိုင်းဝါသစ်တောမှ သစ်များဖြင့် အဆင့်မြင့်သော ခေါင်းတလားများကို ပြုလုပ်ကြတယ်လို့ဆိုပါတယ်။ ၄င်းအပြင် လျှူဒါန်းငွေ ကို လက်မခံပဲ ကွယ်လွန်သူများအတွက် ဆုတောင်းပူဇော်ပေးခြင်းတို့ကို ရသေ့များက ပြုလုပ်ပေးကြကြောင်း ဒါဟာ ဂရုဏာရေး လုပ်ငန်းတခုဖြစ်ပြီး ဤကပ်ဘေးအတွင်း ဆင်းရဲဒုက္ခ ရောက်နေသူများနှင့် တလုံးတဝတည်းရှိခြင်းကို ပြသရာရောက်ကြောင်း ရသေ့ ကျောင်းအုပ် အကြီးအကဲ မှ ပြောကြားခဲ့ကြောင်း CNA သတင်းအရသိရှိရပါတယ်။

By William ZNO,RVA

#Covid19
#CoronaVirus
#IowaMonks

https://bit.ly/2VcamQa

Add new comment

9 + 11 =