ကိုဗစ် ကပ်ဘေးအတွင်း ခိုလှုံရာရှာ ပြောင်းရွှေ့ဒုက္ခသည်များအား မေ့မထားကြရန် ကက်သလစ် ကယ်ဆယ်ရေး အသင်းမှသတိပေး

အိုးအိမ်မဲ့သူများ၊ ပြောင်းရွှေ့နေထိုင်သူများ နဲ့ ခိုလှုံသူများတို့ကို ကပ်ဘေး ကျရောက်တဲ့ကာလမှာလည်း မေ့မထားကြရန် ကက်သလစ် ကူညီကယ်ဆယ်ရေး အသင်းမှ နှိုးစော်လိုက်ပါတယ်။

အမျိုးသား အမျိုးသမီး ကလေးငယ်များစွာ ပြောင်းရွှေ့နေထိုင် မှုတွေကြောင့် တောမီးလောင်သလိုပဲ ဗိုင်းရပ်စ် ဟာ ပြန့်ပွားနိုင်တာမို့ ဒီခက်ခဲတဲ့အခြေအနေကို ဂရုပြုသင့်ကြောင်း လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ ဒုဉက္ကဌ Jennifer Poidatz က ပြောကြားလိုက်တာပါ။

ဆီးရီးယားနဲ့ ရီမင် အပါအဝင် ကမ္ဘာတဝှမ်းမှာ ပြောင်းရွှေ့နေထိုင်ကြရသူ သန်း ၇၀ ရှိတယ်လို့ အထက်ပါ အဖွဲ့အစည်းက ဧပြီ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

ကိုဗစ်၁၉ ကြောင့် ခိုလှုံရာနေရာ၊ စားစရာ၊ ပညာရေးနဲ့ အလုပ်အခွင့်အလမ်း စတာတွေ အကန့်အသတ်ရှိလာတာနဲ့ အမျှ ဒီပြောင်းရွှေ့သူများရဲ့ လူနေမှု ပုံစံ နဲ့ စရိုက်တွေ မှာ အခက်အခဲတွေ ရှိနိုင်တာကြောင့် သတိပြုရန်လိုအပ်ကြောင်းကို ကက်သလစ် ကူညီကယ်ဆယ်ရေး အဖွဲ့ မှ သတိပေးပြောကြားခဲ့သည် ကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Tolga Sezgin / Shutterstock

https://bit.ly/2KtMkv3
 
Add new comment

2 + 7 =