ကိုဗစ်​လော့​ဒေါင်းကာလအတွင်း အိန္ဒိယအမျိုးသားက သမ္မာကျမ်းစာ​တော်မြတ်ကို လက်ဖြင့်ကူး​ရေး

ကိုဗစ်​လော့​ဒေါင်းကာလအတွင်း အိန္ဒိယအမျိုးသားက သမ္မာကျမ်းစာ​တော်မြတ်ကို လက်ဖြင့်ကူး​ရေး

ကိုဗစ်​လော့​ဒေါင်းကာလအတွင်း အိန္ဒိယအမျိုးသားက သမ္မာကျမ်းစာ​တော်မြတ်ကို လက်ဖြင့်ကူး​ရေး

ကိုဗစ်၁၉ကပ်​ရောဂါ ပြန့်ပွားလာသည့်အချိန်မှစ၍ စီးပွား​ရေးကျဆင်းမှု၊အလုပ်လက်မဲ့များ တိုးပွားလာ​သော​ကြောင့် စိတ်ဓါတ်ကျခြင်း၊အိမ်တွင်းအကြမ်းဖက်ခြင်းများတိုးပွားလာသည်။သို့​သော်လည်း အချို့မှာမူ မိမိတို့၏အချိန်ကို အကျိုးရှိစွာအသုံးချခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ကယ်ရာလာပြည်နယ်ရှိ Rejih Vasonဟူ​သော အသက်၂၈အရွယ်အမျိုးသားသည် ​လော့​ဒေါင်း ၁၁၃ ရက်အတွင်း ကျမ်းစာတစ်ခုလုံးကို ကူး​ရေးခဲ့သည်။သူသည် ကိုချင်အပြည်ပြည်ဆိုင်ရာ​လေဆိပ်မှ မီးသတ်သမားတစ်ဦးဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် ​လော့​ဒေါင်းကာလကို မတ်လ၂၄မှ စတင်ခဲ့သည်။

၂.၃ဘီလီယံရှိ​သော အိန္ဒိယပြည်သူများ၏အလုပ်များမှာ ရပ်တန့်ခဲ့ရသည်။ Vasonသည်လည်း အချိန်ပြည့်အလုပ်လုပ်​နေရာမှ တစ်ပတ် ၂၄နာရီသာ အလုပ်လုပ်ကိုင်ရ​တော့သည်။ သူသည် စိန့်အန်​ထော်နီသာသနာအပိုင်မှ ဖြစ်ပြီး အ​ရှေ့တိုင်း ဆီရို မာလယန် ကက်သလစ်တစ်ဦးဖြစ်သည်။ အားလပ်ချိန်မှ တ​နေ့လျှင် ၃နာရီ၄နာရီခန့် အသုံးပြုကာ သူ၏မိခင်ဘာသာစကား မာလယာလမ် ဘာသာဖြင့် စတင် ကူး​ရေးခဲ့သည်။ ၁၁၃ရက်အကြာတွင် ဓမ္မ​ဟောင်း၊ဓမ္မသစ် ၇၃​စောင်လုံးကို ကူး​ရေးခြင်းပြီးဆုံးခဲ့ပြီး A-4စာရွက် ၂၇၅၅ရွက်နှင့် ​ဘောပင် ၃၂​ချောင်းတို့ကို အသုံးပြုခဲ့ရသည်ဟုဆိုသည်။

 

ဘာသာပြန် - Agnes Lawh Lun

https://bit.ly/3h0lFVc

Add new comment

3 + 6 =