ကိုဗစ်​တွေ့ရှိသဖြင့် မာသာရ်ထ​ရေဇား၏သီလရှင်များက သူမ၏​မွေး​နေ့ပွဲအစီအစဥ်များကို ပြန်လည်ပယ်ဖျက်

ကိုဗစ်​တွေ့ရှိသဖြင့် မာသာရ်ထ​ရေဇား၏သီလရှင်များက သူမ၏​မွေး​နေ့ပွဲအစီအစဥ်များကို ပြန်လည်ပယ်ဖျက်

ကိုဗစ်​တွေ့ရှိသဖြင့် မာသာရ်ထ​ရေဇား၏သီလရှင်များက သူမ၏​မွေး​နေ့ပွဲအစီအစဥ်များကို ပြန်လည်ပယ်ဖျက်

ကရုဏာ​ရေးသာသနာပြုများဟု​ခေါ်​သော မာသာရ်ထ​ရေဇား၏သီလရှင်များသည် အသင်းဂိုဏ်းတည်​​ထောင်သူ မာသာရ်ထ​ရေဇား၏​မွေး​နေ့ပွဲအစီအစဥ်များကို ပြန်လည်ဖျက်သိမ်းလိုက်ရ​ကြောင်း သိရသည်။အ​ကြောင်ူမှာ သူမ၏သီလရှင်၉ပါးသည် ကိုဗစ်​ရောဂါပိုး ရရှိသော​ကြောင့်ဖြစ်သည်။

၁၉၉၇တွင် ကွယ်လွန်ခဲ့​သော မာသာရ်ထ​ရေဇားသည် ဗုဒ္ဓဟူး​နေ့က သူမ၏​မွေးနေ့ ၁၁၀နှစ်ပြည့်ဖြစ်သည်။သူမ၏​အုတ်ဂူတည်ရှိရာ ဂိုဏ်းချုပ်သီလရှင်​ကျောင်းတွင် သူမ၏​မွေး​နေ့​ရောက်တိုင်း နိုဗီနာကိုးရက်ပြုလုပ်ကာ ပွဲ​တော်ကျင်ပ​လေ့ရှိသည်။ ကရုဏာ​ရေးသာသနာပြုသီလရှင်များထံတွင် ​စေတနာ့ဝန်ထမ်းလုပ်ကိုင်​နေ​သော Sunil Lucasက စစ္စတာများသည် ဆင်းရဲသားအိမ်ယာမဲ့များကို သွား​ရောက်ကူညီ​သော​ကြောင့် ကိုဗစ်​ရောဂါရလာခြင်းဖြစ်သည်ဟုဆိုသည်။သူမက သီလရှင်များကို သူရဲ​ကောင်းများအဖြစ် ချီးကျူးခဲ့ပြီး သူတို့သည် ​ရောဂါကာလတွင်ပင် ဆင်းရဲသားများထံသို့ မ​ကြောက်မရွံ့ သွား​ရောက်ကူညီခဲ့သည်ဟုဆိုသည်။​

လော​လောဆယ်တွင် သီလရှင် ၇ပါးသက်သာလာပြီဖြစ်သည်။ နှစ်စဥ်နှစ်တိုင်းတွင် ဘုရားဖူး​ထောင်​သောင်းများစွာတို့သည် မာသာရ်ထ​ရေဇား၏​မွေး​နေ့နှင့်နိုဗီနာကာလတွင် လာ​ရောက်ကြပြီး ဆု​ကျေးဇူး​များကိုတောင်းခံကြသည်။မနှစ်ကလည်း သူမ၏သီလရှင်၃၀၀​ကျော်တို့သည် သူမ၏အုတ်ဂူ၌စုရုံးကာ ​ပျော်ရွှင်စရာ​မွေး​နေ့ဖြစ်ပါ​စေ သီချင်းကို သီဆိုခဲ့ကြသည်။

ယခုနှစ်တွင် သီချင်းပြဇာတ်နှင့်ပွဲလုပ်ခြင်းကို ကန့်သတ်ထား​သော်လည်း သီလရှင်များအတွက် သီးသန့်မစ္ဆားတရားကို ပူ​ဇော်ခဲ့ကြပြီး ဘာသာဝင်တို့သည် ပန်းစီးများ ပန်းခက်များဖြင့် လာ​ရောက်ဂါရဝပြုကြ​ကြောင်း သိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/2QAMYtw

Add new comment

8 + 5 =