ကိုဗစ်(၁၉) ​ကြောင့် ကက်သလစ်ဆရာ​တော် အနည်းဆုံး(၉)ပါးပျံလွန်​တော်မူ

ကိုဗစ်(၁၉) ​ကြောင့် ကက်သလစ်ဆရာ​တော် အနည်းဆုံး(၉)ပါးပျံလွန်​တော်မူ

ကိုဗစ်(၁၉) ​ကြောင့် ကက်သလစ်ဆရာ​တော် အနည်းဆုံး(၉)ပါးပျံလွန်​တော်မူ

ကမ္ဘာတစ်ဝှမ်း၌အထူးသဖြင့် အ​မေရိကတိုက်တစ်လွှား၌ အဆမတန်ပျံ့ပွား​နေ​သော ကိုဗစ်(၁၉)​ကြောင့် ပျံလွန်​တော်မူ​သော ဆရာ​တော်များမှာ အနည်းဆုံး (၉)ပါးမျှရှိမည် ဟုသိရသည်။

ဆရာ​တော် Henrique Soares da Costa သည် ကိုဗစ်​ကြောင့် ပျံလွန်ခဲ့​သော ​နောက်ဆုံးဆရာ​တော်ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်​နေ့တွင် ဘရာဇီးနိုင်ငံ၌ပျံလွန်​တော်မူခဲ့သည်။သူသည် သက်​တော် ၅၇ နှစ်သာရှိ​သေးသူဖြစ်ပြီး ကူးစက်ခံရပြီး​နောက် ကက်သလစ်​ဆေးရုံ၌နှစ်ပတ်ကြာ​ဆေးကုသမှုခံယူခဲ့သည်။သူသည်ကပ်​ရောဂါ​ကြောင့်ပျံလွန်​သော ဘရာဇီးနိုင်ငံသား တတိယ​မြောက်ဆရာ​တော်လည်းဖြစ်သည်။

ဘရာဇီး နိုင်ငံတစ်ခုတည်းတွင်ပင် ကိုရိုနာဗိုင်းရပ်စ်ပိုး​တွေ့ရှိလူနာ နှစ်သန်းခန့်ရှိ​နေသည်။ဆရာ​တော် ငါးပါးလည်း ကူးစက်ခံ​နေရပြီး ၄င်းတို့အနက် သုံးပါးမှာ ပျံလွန်​တော်မူပြီဖြစ်​ကြောင်း ကက်သလစ်သာသနာမှ  ​ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုဗစ်(၁၉)မှ ​ပျောက်ကင်းပြီဟု ​ကြေညာထား​သော တရုတ်နိုင်ငံရှိ နန်းယန်စီရင်စုမှ အငြိမ်းစားဆရာ​တော်ကြီး ဂျိုးဇက်​​ဇောင်သည်လည်း ​နောက်တစ်လအကြာ သက်တော် ၉၈ နှစ် တွင် ပျံလွန်​တော်မူခဲ့သည်။

စတီဗင်​ဟော့ကင်းတက္ကသိုလ်မှ သု​တေသနစာတမ်းများအရ ကမ္ဘာတစ်၀ှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်​ကြောင့် ​သေဆုံးသူ ​ခြောက်သိန်းအထိ ရှိသွားပြီဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/2BkDHlk

Add new comment

11 + 6 =