Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုဗစ်၁၉ကာလအတွင်း မြစ်ကြီးနားကက်သလစ်သာသနာမှ အစားအစာနှင့်အထောက်အပံ့များပေးအပ်
ကိုဗစ်၁၉ကာလအတွင်း မြစ်ကြီးနားကက်သလစ်သာသနာမှ အစားအစာနှင့်အထောက်အပံ့များပေးအပ်
မြန်မာပြည်မြောက်ပိုင်းရှိ မြန်ကြီးနားကက်သလစ်သာသနာသည် ကိုဗစ်၁၉ကြောင့် ဒုက္ခရောက်နေသော သူများအား အစားအသောက်နှင့်အကူအညီများ ပေးအပ်ခြင်းကို စီရင်စုတိုက်နယ်၂၅ ခု၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်ကြောင့် အကြပ်အတည်းဖြစ်နေသောသူများတွင် တပ်မတော်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့များအကြား စစ်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးရသော ပြည်သူများ အဓိကပါ၀င်သည်။မြစ်ကြီးနားသာသနာ၏တာဝန်ခံ Fr.Paul Wanghte Lum Dauက ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူများ စားဝတ်နေရေးကြပ်တည်းလာကြပြီး အလုပ်လက်မဲ့ဖြသ်လာကြသဖြင့်ကျောင်းထိုင်ဘုန်းတော်ကြီးများမှ တစ်ဆင့် အကူအညီတောင်းခံလာကြကြောင်း ပြောကြားခဲ့သည်။
အစိုးရက ကိုဗစ်ထိန်းချုပ်ရေးအစီအစဥ်များ စတင်ကြေညာသည့်အချိန်မှ စ၍ မြစ်ကြီးနားကက်သလစ်သာသနာသည်လည်း ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်၏လမ်းညွှန်မှုဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအသင်းကိုဖွဲ့စည်းခဲ့ကြသည်။အဆိုပါအသင်းသည် နှာခေါင်းစည်း၊လက်အိတ်၊သာမိုမီတာနှင့်လက်ဆေးရည်ဘူးများကို ဝေမျှနိုင်ခဲ့ပြီး ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းကို အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ဖာသာရ်နိုအဲလ် နော်လတ်က ပြောကြားခဲ့သည်။
သာသနာပိုင် ဆရာတော် ဖရန်စစ်က ကိုဗစ်ဆိုးကျိုးကို ပြင်းထန်စွာ ခံစားရသူများသည် ဆင်းရဲသော အိပ်ထောင်စုများနှင့် စစ်ရှောင်စခန်းမှ မိသားစုများဖြစ်ပြီး အသက်ရှင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း မီးမောင်းထိုးပြခဲ့သည်။
မေလတွင် စီရင်စုအသီးသီးမှ လူငယ်များနှင့် ရဟန်းဖြစ်သင် ကျောင်းသားများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ယူနီဆက်နှင့် အင်ဂျီအိုများ၏အကူအညီဖြင့် ကိုဗစ်ကာကွယ်ရေးအတွက်လေ့ကျင့်ခဲ့ကြသည်။ယခုအချိန်တွင် သူတို့သည် အထောက်အပံ့ပစ္စည်းများဝေငှခြင်းကို စီရင်စုတိုက်နယ် ၂၅ခု၌ ဆောင်ရွက်နေကြသည်။ထို့ပြင် ကိုဗစ်၁၉ဆိုင်ရာ သိမှတ်ဖွယ်အချက်အလက်များကိုလည်း အာရှသမ္မာတရားအသံလွင့်ဌာန(အာရ်ဗီအေ)မှ အဆက်မပြတ် ထုတ်လွှင့်ပေးနေကြောင်း သိရသည်။
Add new comment