ကိုဗစ်အတွင်း ကြပ်တည်းနေသော သီလရှင်များကို Aid to the Church in Need (ACN)  မှ ထောက်ပံ့

ကိုဗစ်အတွင်း ကြပ်တည်းနေသော သီလရှင်များကို Aid to the Church in Need (ACN)  မှ ထောက်ပံ့

ကိုဗစ်အတွင်း ကြပ်တည်းနေသော သီလရှင်များကို Aid to the Church in Need (ACN)  မှ ထောက်ပံ့

Aid to the Church in Need (ACN) အေစီအန်ဟုခေါ်သော ကက်သလစ်အသင်းတော်၏အရေးပေါ်ကူညီရေးအဖွဲ့သည် ကွန်ဂိုနိုင်ငံအတွင်း ကိုဗစ်ကြောင့် အတိဒုက္ခရောက်နေသော ကျောင်း ၇၀ ခန့်မှ စစ္စတာများကို ကူညီ ထောက်ပံခဲ့သည်။

အာဖရိကတိုက်၊ကွန်ဂိုအရှေ့ပိုင်းရှိ သီလရှင်ကျောင်း ၆၉ ကျောင်းမှ သီလရှင်များသည် ဝင်ငွေပြတ်လတ်မှုကြုံနေကြရသည်။ ထိုဒေသသည် တိုင်းရင်းသားများအကြား ပဋိပက္ခများ၊ အိမ်နီးချင်းနိုင်ငံများ၏ထိပါးမှု၊ပြန်ပေးဆွဲမှုနှင့် အဓမ္မပြုကျင့်မှုများ ပြည့်နှက်နေသော ဒေသဖြစ်သည်။

ထိုဒေသမှ အင်ဂျီအို အဖွဲ့အစည်းများမှာ ထွက်ပြေးခဲ့ကြပြီး အသင်းတော်နှင့် သီလရှင်များမှာ ယခုတိုင် ခက်ခဲစွာ ရပ်တည်ပေးနေဆဲဖြစ်သည်။ စစ္စတာရ်များသည် ကျန်းမာရေးနှင့်ပညာရေးလုပ်ငန်းများလုပ်ကိုင်ကြပြီး မတ်လ၂၄ရက် လော့ဒေါင်းအချိန်မှ စ၍ စီးပွားရေးကျဆင်းနေသဖြင့် လူနာများနည်းပါးလာကာ ဆေးရုံဝင်ငွေမရတော့ချေ။

တစ်ဖက်တွင်လည်း ကျောင်းသားမိဘများမှ ကျောင်းစရိတ်များ မပေးနိုင်တော့သဖြင့် စစ္စတာရ်တို့မှာ ငွေကြေးအခက်အခဲကို ရင်ဆိုင်နေရရှာသည်။ ထို့ကြောင့် ထိုဒေသရှိ ဆရာတော်ကြီးမှ အေစီအန်၏အကူအညီတောင်းခံခဲ့ရာ ယူရို ၁၂၀၀၀၀ ခန့် ရရှိခဲ့သည်။ ထိုအလှူငွေကို အသင်းဂိုဏ်း ၆ခုမှ သီလရှင် ၄၆၄ ပါးကို မျှဝေပေးမည်ဖြစ်သည်။

ကွန်ဂိုနိုင်ငံဆိုင်ရာ အေစီအန်ဒါရိုက်တာကလည်း ဤအလှူငွေသည် စစ္စတာရ် တို့အတွက် တစ်စိတ်တစ်ပိုင်း သက်သာရာရစေမည်ဟုမျှော်လင့်ပြီး နှစ်ပေါင်း၂၀ကျော်ကြာ ပဋိပက္ခများနှင့်ဆင်းရဲမှုများအကြား မားမားမတ်မတ်ရပ်တည်ပေးသော စစ္စတာရ်တို့ကို ကျေးဇူးတင်စကားဆိုခဲ့သည်။

ကွန်ဂိုတွင် ကိုဗစ်ကာလအတွင်း နိုင်ငံ၏ ၉၆ ရာခိုင်နှုန်း အလုပ်လက်မဲ့ဘဝ ရောက်သွားကြသည်ဟု သိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Pixabay

https://bit.ly/30FjekP

Add new comment

4 + 10 =