ကိုဗစ်လှိုင်းကြောင့် အိန္ဒိယ ကက်သလစ်ဘုန်းတော်ကြီးများ ပျံလွန်ခြင်းတိုးလာနေ

ကိုဗစ်လှိုင်းကြောင့် အိန္ဒိယ ကက်သလစ်ဘုန်းတော်ကြီးများ ပျံလွန်ခြင်းတိုးလာနေ

ကိုဗစ်လှိုင်းကြောင့် အိန္ဒိယ ကက်သလစ်ဘုန်းတော်ကြီးများ ပျံလွန်ခြင်းတိုးလာနေ

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကက်သလစ်ဆရာတော်ကြီး ၃ ပါး အပါအဝင် ရဟန်းဘုန်းတော်ကြီး အပါး ၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကာ အများစုမှာ ခက်ခဲတဲ့ သာသနာနယ်များမှာ ဆေးကုသမှုကောင်းစွာ မရရှိ၊ ဆေးဝါးလုံလောက်မှုမရှိတဲ့ နေရာများမှာ သေဆုံးကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။

စနေနေ့အထိ ဆရာတော် ၃ ပါး အပါအဝင် ဘုန်းတော်ကြီး ၂၀၅ ပါး ၊ သစ္စာသုံးပါးခံ အမျိုးသမီး သီလသည် ဂိုဏ်းများမှ သီလရှင်စစ္စတာရ် အပါး ၂၁၀ ပျံလွန်ခဲ့ပြီးဖြစ်ကြောင်း

ကာပူချင်းဘုန်းတော်ကြီးနှင့် သာသနာ့ မဂ္ဂဇင်းတိုက်ရဲ့ ဒါရိုက်တာ ဖာသာရ်မက်တြူး က သေဆုံးသူ ဘုန်းတော်ကြီး သီလရှင်များစာရင်းကို ပြုစုနေကြောင်း

အဓိက ကတော့ ခက်ခဲတဲ့ဒေသများမှာ ကိုဗစ် ပြင်းထန်တဲ့ အကြားက ရဟန်း သီလရှင်များဟာ ဒုက္ခရောက်သည့် ပြည်သူများကြားသို့ အရောက်သွားကြခြင်းနှင့် ထိုဒေသများမှာ ဆေးဝါးပစ္စည်းလုံလောက်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း တချို့မှာလည်း ပုံမှန်လုပ်ရမယ့်သာသနာ လုပ်ငန်းများကို လုပ်ကိုင်ရင်း ကူးစက်ခံရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဂျွန်လ ၁ ရက်နေ့ အထိဆိုရင် အိန္ဒိယ မှာ ကိုဗစ် ကူးစက်ခံရသူပေါင်း ၂၈,၁၇၅,၀၄၄ ဉီးရှိပြီဖြစ်ပြီး သေဆုံးသူပေါင်း ၃၃၁,၈၉၅ ဉီးရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်ရှင်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3g0lSs6

Photo courtesy of : Catholic Philly

 

 

 

 

 

Add new comment

8 + 1 =